Categories: Celebrity News

Record of Youth မှာ BTS ကို Support ကြောင်းဖော်ပြလိုက်တဲ့ Park Bo Gum

Park Bo Gum ကတော့ BTS ကို support လိုက်ပြန်ပါပီနော်။ Park Bo Gum ဟာသူ့ရဲ့ ဇာတ်လမ်းတွဲအသစ် Record of Youth ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်ရဲ့ အခန်းတစ်ခန်းမှာ BTS ကို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

September 8 ရက်နေ့ ထုတ်လွှင့်ခဲ့တဲ့ TVN ရဲ့ ongoing drama တစ်ခုဖြစ်တဲ့ Record of Youth ဇာတ်လမ်းတွဲရဲ့ ဒုတိယမြောက်အပိုင်းမှာ Park Bo Gum ကသူရဲ့ drama line တစ်ခုမှာ BTS ကိုချီးမွမ်းပြောဆိုခဲ့တာပါ။

Sa Hyejoon (Park Bo Gum) တစ်ယောက် Audition မအောင်လို့စိတ်ညစ်ပြီး သူငယ်ချင်းတွေနဲ့ ကာရာအိုကေသွားဆိုကြရာက ခဏထိုင်နားပြီးစကားပြောကြတဲ့အခန်းပါ။ Sa Hyejoon ပြောခဲ့တာကတော့ “ငါ BTS သီချင်းတွေရဲ့ story တွေကိုကြိုက်တယ်။ ငါသူတို့သီချင်းကိုနားထောင်လိုက်တိုင်း ဘဝကြီးကို ကောင်းကောင်းမွန်မွန်နဲ့နေ‌ထိုင်သွားချင်လာတယ် ” ဆိုပြီးပြောခဲ့တာပါ။

အဲ့ဒီအပိုင်းထုတ်လွှင့်ပြီးတဲ့နောက်မှာတော့ပရိတ်သတ်တွေက Park Bo Gum နဲ့ BTS ကိုဘယ်လောက်ချစ်ကြောင်း၊ သူတို့အချင်းချင်းအပြန်အလှန် support ပေးတာကိုသဘောကျကြောင်း လူမှုကွန်ယက်ပေါ်မှာပလူပျံအောင်ရေးသားခဲ့ကြပါတယ်။ Park Bo Gum နဲ့ BTS member တွေဟာအပြင်မှာ ရင်းနှီးကြပြီးတော့ 2018 တုန်းကကြော်ညာတစ်ခုအတူတူရိုက်ကူးခဲ့ဖူးပါတယ်။

Source : SBS star
Written : Gyi Gyi

Share