လက်ထပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ဖွင့်ပြောလာတဲ့ ထိုင်းမင်းသမီးချော ၃ ယောက်

Advertisements

တခြားနိုင်ငံတွေနဲ့မတူပဲ ထိုင်းနိုင်ငံရဲ့ အနုပညာလောကမှာတော့ နာမည်ကြီးသရုပ်ဆောင်စုံတွဲတွေဟာ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို အခိုင်အမာရရှိထားပါတယ်။ ဇာတ်လမ်းတွဲတွေမှာ အတူတူသရုပ်ဆောင်ပြီးနောက် မေတ္တာသက်ဝင်ခဲ့ကြတဲ့ ထိုင်းအနုပညာရှင်စုံတွေရှိသလိုပဲ အနုပညာနယ်ပယ်ထဲကမဟုတ်တဲ့သူနဲ့ ချစ်ကျွမ်းဝင်ခဲ့ကြတဲ့ ထိုင်းနာမည်ကြီး သရုပ်ဆောင်တွေလည်း ရှိကြပြန်ပါတယ်။

သူတို့တွေကတော့ နှစ်အတော်ကြာထိ တွဲလက်တွေမြဲနေကြဆဲပါ။ အခုဆိုရင် နာမည်ကြီး မင်းသမီး ၃ယောက်က သူတို့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး လက်ထပ်ဖို့ကိစ္စကို ပွင့်ပွင့်လင်းလင်းပဲ ဖွင့်ပြောခဲ့ကြပါတယ်။ ပထမဦးဆုံးကတော့ Yaya Urassaya ပါ။

Yaya ကတော့ ထိုင်းနိုင်ငံရဲ့ထိပ်တန်းစာရင်းဝင် နာမည်ကြီးမင်းသားချော Nadech Kugimiya ရဲ့ ချစ်ခြင်းအားလုံးကို သိမ်းပိုက်ထားတဲ့ တစ်ဦးတည်းသော အမျိုးသမီးလေးပါပဲ။ နှစ်ယောက်သား တွဲလာခဲ့တာ အချိန်တော်ကြာခဲ့ပြီမို့ လက်ထပ်ဖို့အချိန်ကို ပရိတ်သတ်တွေက စောင့်မျှော်နေခဲ့ကြတာပါ။

Yaya ကတော့ လက်ထပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး “ကျွန်မကတော့ Nadech လက်ထပ်ခွင့်တောင်းတာကို စောင့်နေတာပါ။ လက်ထပ်ခွင့်တောင်းခံရတဲ့ကိစ္စဟာ မိန်းကလေးတိုင်းအတွက် စိတ်ကူးယဉ်အိပ်မက်ဖြစ်သလို ကျွန်မအတွက်လည်း တော်တော်အရေးကြီးပါတယ်။ Nadech က ဘယ်လိုလက်ထပ်ခွင့်တောင်းမလဲတော့ မသိသေးပါဘူး။ ကျွန်မကတော့ အဲ့အခိုက်အတန့်ကို စောင့်နေတာပါ” ဆိုပြီး သတင်းသမားတွေကို ပြန်ဖြေခဲ့ပါတယ်။

နောက်ထပ် နာမည်ကြီးအနုပညာရှင်စုံတွဲဖြစ်တဲ့ Weir Sukollawat နဲ့ Bella Ranee တို့ကတော့ ချစ်သူဘဝကို အေးဆေးတည်ငြိမ်စွာပဲဖြတ်သန်းနေကြပါတယ်။ လက်ထပ်ဖို့ကိစ္စနဲ့ Bella ကို သတင်းသမားတွေကမေးတဲ့အခါမှာ “အခုအချိန်မှာ ကျွန်မတို့နှစ်ယောက်စလုံး ဘဝကို အေးအေးဆေးဆေးပဲ ဖြစ်သန်းနေပါတယ်။ ချစ်သူတွေအဖြစ် ပျော်ပျော်ရွှင်ရွှင်နေနေရတဲ့အပြင် အနုပညာအလုပ်တွေလည်း ဆက်တိုက်လုပ်နေရတာမို့လို့ လက်ထပ်ဖို့အတွက် မတိုင်ပင်မိသေးပါဘူး” လို့ ဆိုပါတယ်။

မင်းသမီးချောလေး Min Pechaya ကတော့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် Pitak Spatam (Oat) နဲ့ ချစ်သူဘဝကိုဖြတ်သန်းနေပါတယ်။ ဒီအတွဲလေးက အနုပညာရှင်စုံတွဲမဟုတ်ပေမဲ့ ပရိသတ်တွေက လက်ထပ်ဖို့အားပေးနေကြတဲ့ အတွဲလေးပါ။

နာမည်ရ အနုပညာရှင် မင်းသမီးချောလေး Min ကို လက်ထပ်မဲ့ကိစ္စမေးကြည့်တော့ “ကျွန်မတို့နှစ်ယောက်ကလေ လက်ထပ်မဲ့အကြောင်းနဲ့ ပတ်သက်ပြီး မပြောမိကြသေးဘူး။ လက်ထပ်ပွဲဆိုတာကလည်း ချက်ချင်းကြီး လုပ်စရာမလိုဘူးလေ။

အချိန်ယူပြီး အေးအေးဆေးဆေးလုပ်ရမှာမို့လို့ ကျွန်မတို့နှစ်ယောက်စလုံး လက်ထပ်ဖို့ အလျင်မလိုသေးပါဘူး။ ဒီတိုင်းလေးလည်း နေ့ရက်တိုင်း ပျော်နေရတာပါပဲ” လို့ ဆိုပြန်ပါတယ်။ သတင်းသမားတွေက လက်ထပ်ဖို့ကိစ္စ မေးခံခဲ့ရတဲ့ မင်းသမီးချောလေးတွေသာ မကြာခင်အတွင်း မင်္ဂလာဆောင်တော့မယ်ဆိုရင် ပရိသတ်တွေကတော့ ဝမ်းသာပီတိဖြစ်နေတော့မှာပါပဲ။

Source: ThaiUpdate
Written: Nay Chi

Advertisements
Share