Netflix မှ ကမ္ဘာအရပ်ရပ်မှာပြသသွားမယ့် Song Joongki ရဲ့ ဇာတ်လမ်းတွဲအသစ်

Director Jo Sung Hee ရိုက်ကူးပုံဖော်ထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ခုဖြစ်တဲ့ ‘Space Sweepers’ ကိုတော့ မကြာခင်မှာပဲ Netflix ကနေကြည့်ရှုခွင့်ရတော့မှာဖြစ်ပါတယ်။ November 20 ရက်နေ့မှာ Netflix Korea ကနေပြီးတော့ နိုင်ငံပေါင်း 190 ကျော်မှာ ဘာသာစကား 31 မျိုးနဲ့ ‘Space Sweepers’ ကို တရားဝင် ပြသသွားမှာဖြစ်ကြောင်း ကြေညာခဲ့တာပါ။

ရုပ်ရှင်စတင်ထုတ်လွှင့်မယ်ရက်အတိအကျကိုလည်း ထမ်မံကြေညာသွားမယ်လို့ဆိုပါတယ်။ ‘Space Sweepers’ မှာတော့ Song Joong Ki, Kim Tae Ri, Jin Sun Kyu, Yoo Hae Jin တို့ပါဝင်သရုပ်ဆောင်ထားပြီးတော့ 2092 ခုနှစ်မှာ အာကာသထဲမှာ ရည်ရွယ်ချက်တစ်ခုအတွက်အတူကြိုးစားဆောင်ရွက်ကြမယ့်အဖွဲ့အနေနဲ့တွေ့ရမှာပါ။

အသုံးဝင်မယ့် “space trash” တစ်ခုကိုရှာဖွေဖို့လုပ်ရင်းနဲ့ မထင်မှတ်ပဲ သူတို့အဖွဲ့ဟာ Dorothy လို့ခေါ်တဲ့ သေစေနိုင်လောက်အောင် အန္တရာယ်ကြီးမားတဲ့ လက်နက်တစ်ခုနဲ့ကြုံခဲ့ရတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် အာကာသအကြောင်းကို အခြေတည်ရိုက်ကူးထားတဲ့ ပထမဆုံးသော ကိုရီးယားသိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တစ်ခုပါ။

မမြင်ရတာအတော်လေးကြာပြီဖြစ်တဲ့ Joongki ကိုလည်း ဖန်သားပြင်ပေါ်မှာ တစ်ဖန်ပြန်လည်တွေ့ရတော့မှာဖြစ်လို့ ပရိတ်သတ်တွေလည်း အလွမ်းပြေပြီး ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းအမျိုးအစားထိပါ ထိုးဖောက်ဖို့ကြိုးစားလာတဲ့ တောင်ကိုရီးယားရဲ့ ပထမဆုံးသော ဒီရုပ်ရှင်လေးကိုလည်း အားလုံးစိတ်ဝင်စားနေကြမှာပါ။

Source: Allkpop
Written: Gyi Gyi

Share