Private Lives ရိုက်ကွင်းမှာ Seohyun ကို တန်ဖိုးထားရတဲ့ ဂျက်ကင်အင်္ကျီ​လေး ​ဝတ်​ပေးခဲ့တဲ့ kyung phyo

ခုလတ်တ​လော On goning ဒရမ်မာ​တွေထဲက လူကြိုက်များတဲ့ ကား​လေးဖြစ်တဲ့ Private Lives ဇာတ်လမ်းတွဲ​လေးဟာ ခုဆိုရင် အပိုင်း ၁၄ကို​ ​ရောက်ရှိပြီး ဇာတ်သိမ်းပိုင်း​ကို​ရောက်ခါနီး​နေပါပြီ။ ဒီလို အချိန်မှာ မင်းသားနဲ့ မင်းသမီးတို့ရဲ့ကြားထဲက ဆက်ဆံ​ရေး​တွေကလည်း စိတ်ဝင်စားဖို့​ကောင်းလာပါတယ်။

ဇာတ်ကားထဲမှာလည်း သူတို့နှစ်ဦးရဲ့ အချိတ်အဆက်မိမိ သရုပ်​ဆောင်မှု​တွေက ပရိသတ်ကို ဖမ်းစားထားတာပါ။ Kyung phyo နဲ့ Seohyun တို့ရဲ့ အကြင်နာ​ပေးတဲ့ အခန်း​တွေဟာဆိုရင်လည်း ပရိသတ်​တွေကို အသည်းတယားယားဖြစ်​စေခဲ့တာပါ။ အခုလည်း ရိုက်ကွင်း​ပေါ်မှာ Seohyun ကိုKyung Phyo က သူ့ရဲ့ ဂျက်ကင်​လေး ​ကို ဝတ်​ပေးပြီး ဇစ်​​လေးကိုပါ ​သေချာ တပ်​ပေး​နေတဲ့ ရိုက်ကွင်း​နောက်ကွယ်ကပုံ​တွေ ထွက်လာခဲ့တာပါ။

ထူးခြားတာက ဒီ ဂျက်ကင် အင်္ကျီ​လေးဟာ Kyung Phyo အသက်နှစ်ဆယ်​လောက်က သူ့အ​မေဝယ်​ပေးထားတဲ့ အင်္ကျီ​လေးဖြစ်ပြီး​တော့ သူ့အ​မေကို သတိရလို့ ဒရမ်မာထဲမှာ ထည့်ဝတ်ခဲ့ခြင်းဖြစ်ပြီး သူနဲ့ လိုက်တယ်လို့ကြားရ​တော့ တကယ်ကို ဝမ်းသာမိပါတယ်လို့ Kyung Phyo က သူ့ရဲ့ instagram မှာ ​ရေးသားဖူးပါတယ်။

ဒီလို တန်ဖိုးထားရတဲ့ အင်္ကျီ​လေးကို ​ပေးဝတ်တာဆို​တော့ သူတို့ နှစ်​ယောက်ရဲ့ ဆက်ဆံ​ရေးက နီးနီးကပ်ကပ်​လေးရှိ​နေတာကို ​ခန့်မှန်းမိမှာပါ။ ဒီ ဒရမ်ာ​လေးက​ရော ဘယ်လို ဇာတိသိမ်းသွားမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါဘဲ​နော်။

Source: instagram
Written:zunepwint

Share