Blink တွေသိထားသင့်သော BLACKPINK အဖွဲ့ဝင်တို့၏ အကြိုက်ဆုံးနဲ့ အမုန်းဆုံး အစားအသောက်များ

BLACKPINK အဖွဲ့ဝင်တွေအားလုံးဟာ အစားအသောက်နဲ့ပတ်သတ်ရင် ဇီဇာကြောင်ကြသူတွေတော့ မဟုတ်ပေမယ့် သူတို့မှာလဲ အကြိုက်ဆုံးအစားအသောက်တွေနဲ့ ခံတွင်းမတွေ့တဲလ အစားအစာတွေကတော့ ရှိပါတယ်။ နတ်သမီးလေးတွေရှုံးအောင်လှတဲ့ မိန်းမလှလေးတွေရဲ့ စားသောက်မှုပုံစံကိုသိချင်ရင်တော့ ဒီစာလေးကို အဆုံးထိဖတ်ပေးပါနော်။

၁။ Jisoo


Jisoo ရဲ့အကြိုက်ဆုံးအစားအသောက်ကတော့ ပေါက်ပေါက်ရှာရှာလို့ တွေးမိနိုင်ပေမယ့် တကယ်လဲအာရှသားတွေအတွက် နေ့စဉ်မှီဝဲရတဲ့ အစားအစာပါ။ ဘယ်တော့စားစားမရိုးဘဲ ဘာနဲ့စားစားလိုက်ဖက်တဲ့ ထမင်းက Jisoo ရဲ့ အကြိုက်ဆုံးအစားအသောက်ပါပဲတဲ့။

အသီးအနှံတွေထဲမှာတော့ စတော်ဘယ်ရီကို အကြိုက်ဆုံးဖြစ်ပြီး သရက်သီးကို သိပ်မကြိုက်ပါဘူးတဲ့။ သူ့ရဲ့မကြိုက်ဆုံး အစားအသောက်ကတော့ ခရုနဲ့ ဂုံးလို ပင်လယ်စာတွေပါပဲတဲ့။

၂။ Jennie


နယူးဇီလန်မှာ ကြီးပြင်းခဲ့သူမို့ သူ့ရဲ့အစားအသောက်နဲ့ ပတ်သတ်တဲ့ ရွေးချယ်မှုကလဲ အာရှသားတွေနဲ့ ကွဲပြားပါတယ်။ အကြိုက်ဆုံးအစားအစာက sandwich ပါတဲ့။ အထူးသဖြင့် ထောပတ်သီးပါတဲ့ sandwich ဆိုရင် အရူးအမူးပါပဲတဲ့။

ဒါပေမယ့် သူ့ရဲ့အမုန်းဆုံးအစားအသောက်ကတော့ ထူးဆန်းပါတယ်။ လူတိုင်းလိုလို ကြိုက်နှစ်သက်လေ့ရှိတဲ့ Pizza ကို Jennie ကမစားတာကြောင့် သူတို့အဆောင်မှာ မုန့်မှာစားရင်တောင် Pizza ကို ရှောင်ကြတယ်လို့ Jisoo က ပြောဖူးပါတယ်။

၃။ Rosè


အစားနဲ့ပတ်သတ်ရင် ကလေးလေးလို ဟန်မဆောင်နိုင်ပဲ အမြဲတမ်းအစားနဲ့ပါးစပ်မပြတ်တဲ့ Rosè လေးကတော့ ဘာမဆိုကောင်းကောင်းစားပေမယ့် သူ့မှာလဲ အကြိုက်ဆုံးနဲ့ အမုန်းဆုံးအစားအစာရှိပါတယ်။

အသီးအရွက်တွေရဲ့ လတ်ဆတ်ပြီး ကြွပ်ဆတ်တဲ့အရသာကို သဘောကျတာမို့ salad ကို အကြိုက်ဆုံးအစားအစာအဖြစ်သတ်မှတ်ပြီး မကြိုက်ဆုံးကတော့ အစိမ်းရောင်ရှိပေမယ့် အသီးအရွက်ရဲ့ လတ်ဆတ်တဲ့အရသာမျိုးမရှိတဲ့ ထောပတ်သီးပါတဲ့။

၄။ Lisa


အဖွဲ့ရဲ့အငယ်ဆုံးလေးဖြစ်တဲ့ Lisa ကတော့ ထိုင်းလူမျိုးဖြစ်ပေမယ့် သူ့ရဲ့အကြိုက်ဆုံးအစားအစာကတော့ နာမည်ကြီးကိုရီးယားဟင်းလျာဖြစ်တဲ့ Gamjatang (နံရိုးအစပ်ဟင်း) ပါတဲ့။

အသီးအနှံတွေထဲမှာတော့ စတော်ဘယ်ရီကိုအကြိုက်ဆုံးဖြစ်ပြီး သူဟာ ချိုတဲ့အစားအစာတွေကို ကြိုက်တတ်ကြောင်းလဲ မကြာခဏပြောတတ်ပါတယ်။ လုံးဝမကြိုက်တဲ့ အစားအသောက်ကတော့ ငါးရှဉ့်ပါတဲ့။

Source : Koreaboo
Written : Dar Dar

Share