သူငယ်ချင်း BLACKPINK’s Lisa နဲ့ ခင်မင်မှုအတိုင်းအတာကို ဖွင့်ဟလာတဲ့ Stray Kids ရဲ့ Bang Chan

လုပ်ငန်းခွင်တစ်ခုတည်းမှာ ကျင်လည်နေရတဲ့ idol တွေအချင်းချင်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုတာ ကောင်းမွန်တဲ့ကိစ္စပါ။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ အစွန်းရောက်ပရိတ်သတ်အချို့ကြောင့် ယောက်ျားလေး idol တွေနဲ့ မိန်းကလေး idol တွေဟာ သူတို့ရဲ့ရိုးရိုးသားသားခင်မင်မှုကိုတောင် ဖော်ပြဖို့စိုးရွံ့နေကြရပါတယ်။

ဒီထဲမှာ Stray Kids ရဲ့ Bang Chan ကတော့ မပါဝင်ခဲ့ပါဘူး။ Stray Kids အဖွဲ့ဝင်တွေအများစုဟာ အခြားသော idol အဖွဲ့တွေဖြစ်တဲ့ Ateez, TXT နဲ့ IZ*ONE အဖွဲ့ဝင်တွေနဲ့ ခင်မင်တဲ့သူငယ်ချင်းတွေဖြစ်ကြပြီး live broadcast တစ်ခုမှာ Bang Chan ဟာ သူနဲ့ရင်းနှီးတဲ့ idol သူငယ်ချင်းဖြစ်တဲ့ BLACKPINK ရဲ့ Lisa နဲ့ ရင်းနှီးမှုအတိုင်းအတာကို ပြောပြခဲ့ပါတယ်။

“တကယ်တော့ ကျွန်တော် Lisa နဲ့ တော်တော်ခင်ပါတယ်” လို့ဖွင့်ဟခဲ့ပြီး သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့နှစ်တွေတည်းက ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်ကြကြောင်းကိုလဲ “ကျွန်တော် trainee ဘဝတည်းက Lisa နဲ့သိခဲ့တာ” လို့ပြောကြားခဲ့ပါသေးတယ်။ Bang Chan ရဲ့ trainee ဘဝက ရှစ်နှစ်တောင်ကြာခဲ့တာမို့ သူတို့သူငယ်ချင်းဖြစ်နေတာလဲ အတော်ကြာပြီဆိုတဲ့ သဘောပါပဲ။

သူတို့ဒီလိုခင်မင်လာတာကတော့ GOT7 ရဲ့ Bam Bam ကြောင့်ဖြစ်ပြီး Bang Chan ဟာ Bam Bam နဲ့ အေဂျင်စီတူ စီနီယာဂျူနီယာတွေဖြစ်သလို Lisa နဲ့ Bam Bam ကလဲ ကလေးဘဝကတည်းက ရင်းနှီးလာတဲ့ လူမျိုးတူငယ်သူငယ်ချင်းတွေဖြစ်ပါတယ်။ သုံးယောက်လုံးက သက်တူရွယ်တူတွေဖြစ်တာမို့ သူတို့ရဲ့သူငယ်ချင်းအုပ်စုကတော့ ပျော်စရာကြီးနေမှာပါပဲ။

Source : Koreaboo
Written : Dar Dar

Share