၂၀၂၁ ခုနှစ်အတွက် တက္ကသိုလ်ဝင်ခွင့် စာ​​မေးပွဲကို ဝင်​ရောက်​ဖြေဆိုကြမယ့် K-Pop Idol များ

​၂၀၂၁ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ CSAT လို့ ​​ခေါ်ဆိုတဲ့ တက္ကသိုလ် ဝင်ခွင့်စာ​မေးပွဲကို ဒီဇင်ဘာလ ၃ ရက်​နေ့မှာ ကျင်းပ​ပြုလုပ်သွားမှာဖြစ်ပါတယ်။ စာ​မေးပွဲကို Covid 19 ​ရောဂါ​ကြောင့် ဒီဇင်ဘာလကို ​ရွှေ့ဆိုင်းထားခဲ့ရတာပါ။ ၂၀၀၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ K-Pop Idol ​ပေါင်းများစွာဟာ သူတို့ရဲ့ အတန်း​ဖော်သူငယ်ချင်းများနှင့်အတူ ထိုတက္ကသိုလ်ဝင်ခွင့်စာ​​မေးပွဲကို ဝင်​ရောက်​ဖြေဆိုကြမှာဖြစ်ပါတယ်။

ပထမဦးဆုံးအ​နေနဲ့ DRIPPIN အဖွဲ့ မှ Cha Jun Ho နဲ့ Kim Min Seo ၊ Yu Seon Ho ၊ Weki Meki အဖွဲ့ဝင် Lucy ၊ CRAVITY အဖွဲ့မှ Hyeongjun နဲ့ Minhee ၊ LOONA အဖွဲ့မှ YeoJin နဲ့ TOO အဖွဲ့ဝင် Woonggi တို့ဟာ တက္ကသိုလ်ဝင်ခွင့်စာ​မေးပွဲကို ဝင်​​ရောက်​ဖြေဆိုမယ့် ၂၀၀၂ ခုနှစ်ဖွား idol များဖြစ်ပါတယ်။

ထို့အပြင် Dream Note အဖွဲ့ဝင် Eunjo ၊ Nature အဖွဲ့ဝင် Uchae နဲ့ Sunshine ၊ Cherry Bullet အဖွဲ့မှ Chaerin ၊ E’Last အဖွဲ့ မှ Wonjun ၊ Wonhyuk နဲ့ Yejun ၊ ​နောက်ပြီး​ ​Cignature အဖွဲ့ဝင် Semi တို့ကလည်း စာ​မေးပွဲကို ဝင်​​ရောက်​ဖြေဆိုကြမှာ ဖြစ်ပါတယ်။

အခြား​သော ၂၀၀၂ ခုနှစ်ဖွား idol များ ဖြစ်ကြတဲ့ Stray Kids အဖွဲ့ မှ I.N ၊ NCT အဖွဲ့ဝင် Jisung ၊ TOMORROW xTOGETHER အဖွဲ့ဝင်များ ဖြစ်တဲ့ Beomgyu ၊ Hueningkai နဲ့ Taehyun တို့က​တော့ CSAT စာ​​မေးပွဲကို ဝင်​ရောက်​ဖြေဆိုမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒီ idol များဟာ သူတို့ရဲ့ ​ဖျော်​ဖြေ​ရေးလှုပ်ရှားမှုများ​ပေါ်မှာ ပိုပြီး အာရုံစိုက်သွားမှာဖြစ်ကာ တက္ကသိုလ်ဝင်ခွင့်စာ​မေးပွဲ ​ဖြေဆိုဖို့ကို ​ရွှေ့ဆိုင်းထားမှာ ဖြစ်ပါတယ်။

Source : Allkpop
Written : ZL

Share