Thai TV3 က ထိပ်တန်းမင်းသမီး ၁၀ ယောက်ရဲ့ အသစ်ထွက်လာတော့မဲ့ ဇာတ်လမ်းတွဲ ၁၀ တွဲ

Thai TV3 က မင်းသမီးတွေဟာ သရုပ်ဆောင်တဲ့နေရာမှာတော့ နာမည်ကြီးတွေပါပဲ။ ဇာတ်လမ်းကို တကယ်အသက်ဝင်လာအောင် ဖန်တီးပုံဖော်နိုင်တဲ့ တစ်ဖက်ကမ်းခတ်သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေဟာ သူတို့ရဲ့ဇာတ်လမ်းတွေကို ကြည့်လိုက်ရရင် အားရကျေနပ်ကြရပါတယ်။ ယခုဖော်ပြပေးမှာကတော့ Thai TV3 ထိပ်တန်းမင်းသမီး ၁၀ ယောက်ရဲ့ မကြာခင်ထွက်လာတော့မဲ့ ဇာတ်လမ်းတွဲသစ်တွေပဲဖြစ်ပါတယ်။

Yaya Urassaya

ရိုက်ကူးလိုက်သမျှဇာတ်လမ်းတိုင်းကို ဝက်ဝက်ကွဲအောင်မြင်အောင် ဖန်တီးပေးနိုင်တဲ့ မင်းသမီးချောလေး Yaya Urassaya ကတော့ နာမည်ကြီးမင်းသား Mario Maurer နဲ့အတူ “Bad Romeo” ဆိုတဲ့ဇာတ်လမ်းကို ရိုက်ကူးထားတာမို့လို့ ထွက်လာတဲ့အခါ မလွှတ်တမ်းကြည့်ရတော့မှာပါ။

Bella Ranee

Bella လေးရဲ့ ဇာတ်လမ်းသစ် “Roy Leh Marnya” ကတော့ Rating ကောင်းတွေရခဲ့ပြီး ပရိသတ်တွေအကြိုက်တွေ့ခဲ့ကြပါတယ်။ လက်ရှိမှာတော့ Bella ဟာ သူမထက်ငယ်တဲ့ ဂျူနီယာမင်းသားချောလေး Kongthap Peak နဲ့အတူ “Dare to Love: Hai Ruk Pipaksa” ဆိုတဲ့ ဇာတ်လမ်းကို ပါဝင်ရိုက်ကူးထားတာမို့လို့ မမနဲ့မောင်လေးကြားက Ro ဆန်မှုတွေကို စောင့်ကြည့်ရပါဦးမယ်။

Kimmy Kimberley

Kimmy Kimberly ကလည်း ထိုင်းရုပ်ရှင်လောကရဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းကောင်းတွေ ရိုက်ကူးလေ့ရှိတဲ့ Kimmy ကတော့ “Song Sanaeha” Remake Version မှာ မင်းသားချော James Ma နဲ့အတူ တွဲဖက်ရိုက်ကူးထားပါတယ်။ ဒီဇာတ်လမ်းကောင်းလေးကိုတော့ ၂၀၂၁ အစောပိုင်းမှာပဲ Thai TV3 ကနေ ပြသတော့မှာပါ။ ဒါ့အပြင် မင်းသား Mario Maurer နဲ့ အတူ “Thong Aek Mor Yah Tah Chalong Season 2” ကို မကြာခင်မှာပဲ ရိုက်ကူးတော့မှာပါ။

Mew Nittha

Mew Nittha ကိုတော့ လူတော်တော်များများက ကြိုက်ကြပါတယ်။ ချစ်စရာလည်းကောင်းသလို သရုပ်ဆောင်လည်းကျွမ်းကျင်တာကြောင့် ထိပ်တန်းမင်းသမီးတစ်ယောက် ဖြစ်လာခဲ့တာပါ။ Mew ကတော့ “Duang Tah Tee Sarm” ဆိုတဲ့ ဇာတ်လမ်းတွဲသစ်ကို မင်သား James Ma နဲ့အတူ ရိုက်ကူးနေပြီဖြစ်ပါတယ်။ ဇာတ်လမ်းထွက်လာရင်တော့ အားပေးရပါဦးမယ်။

Taew Natapohn

ထိုင်းဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေကတော့ Taew Natapohn ကို ကောင်းကောင်းကြီးသိကြမှာပါ။ နာမည်ကြီးသလိုပဲ သရုပ်ဆောင်ချက်တွေကလည်း အံ့မခန်းပါပဲ။ Taew ကတော့ လက်ရှိအချိန်မှာ မင်းသားချော Mark Prin နဲ့အတူ “Game Lah Torachon” ဆိုတဲ့ ဇာတ်လမ်းတွဲသစ်ကို ရိုက်ကူးနေပါပြီ။

Mint Chalida

Mint Chalida ကလည်း Thai TV3 ရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပါတယ်။ ကျရာအခန်းကဏ္ဍကို အပြောင်မြောက်ဆုံးသရုပ်ဆောင်နိုင်တဲ့အတွက် လူကြိုက်များကြပါတယ်။ Mint ဟာ အသစ်ထွက်လာမဲ့ “Saan Sanaeha” ဇာတ်လမ်းထဲမှာ​တော့ စိန်ခေါ်မှုများတဲ့ ဇာတ်​ကောင်ကို လက်ခံရိုက်ကူးထားပြီး တွဲဖက်မင်းင်းကလည်း နာမည်ကြီးမင်းသား Toey Pongsakorn ပဲ ဖြစ်ပါတယ်။

Ice Preechaya

ပရိသတ်တွေကတော့ Ice Preechaya ကို အချစ်ဟာသဇာတ်ကားတွေနဲ့အတူ တွဲမြင်မိကြမှာပါ။ Ice ကလည်း ဘယ်ဇာတ်လမ်းကိုဖြစ်ပါစေ အကောင်းဆုံး ရိုက်ကူးနိုင်ပြီး လူကြိုက်များစေတာကြောင့် ဒါရိုက်တာတွေ မျက်စိကျရတဲ့ နာမည်ကြီးတစ်ယောက်ပါပဲ။ လက်ရှိအချိန်မှာတော့ “Maya Sanaeha” နဲ့ “Ruk Nirun Juntra” ဆိုတဲ့ ဇာတ်လမ်းတွဲ ၂ခုတိတိကို ရိုက်ကူးပြီးသွားပြီဖြစ်ပြီး “Pom Sanaeha” Remake version ကိုတော့ မကြာခင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ နောက်နှစ်မှာတော့ Ice ရဲ့ ဇာတ်လမ်းတွဲတွေကို တစ်ဝကြီး ကြည့်ရပါတော့မယ်။

Nychaa Nuttanicha

Nychaa Nuttanicha ရဲ့ ထွက်ထားသမျှ ဇာတ်လမ်းတွဲလေးတွေက ကြည့်လို့ကောင်းပါတယ်။ သရုပ်ဆောင်ကောင်းသူလေးကတော့ “Duang Jai Nai Montra” ဆိုတဲ့ စိတ်ကူးယဥ်ဇာတ်လမ်းတွဲကို ရိုက်ကူးပြီးသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် “Game Pratana” ဆိုတဲ့ နောက်ထပ် ဇာတ်လမ်းတွဲသစ်ကို Alek Teeradetch နဲ့အတူ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။

Namtarn Pichukkana

Thai TV3 ရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ Namtarn Pichukkana ကလည်း ဇာတ်လမ်းတွဲ ၂ခုတောင် ရိုက်ကူးထားတာပါ။ည“Sai Lub Lip Gloss” နဲ့ “Kaen Ruk Salub Chata” လို့ အမည်ရတဲ့ ဒီဇာတ်လမ်းသစ်တွေကိုတော့ ၂၀၂၁ အတွင်းမှာ ကြည့်ရမယ်လို့ ထင်ပါတယ်။

Bua Nalinthip

Bua Nalinthip ဟာ သရုပ်ဆောင်​ကောင်းတဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။ “Praomook” ဆိုတဲ့ ဇာတ်လမ်းသစ်ကို ပါဝင်ရိုက်ကူးထားပြီး ၂၀၂၁ အစောပိုင်းကာလလောက်မှာ ထုတ်လွှင့်ပြသနိုင်ဖို့တော့ စီစဥ်ထားပါတယ်။ လက်တလောတော့ Bua ဟာ “Kaen Ruk Salub Chata” ဆိုတဲ့ ဇာတ်လမ်းတွဲသစ်ကို Kratingg Khunnarong, Alek Teeradetch နဲ့ Namtarn Pichukkana တို့နဲ့အတူ ရိုက်ကူးနေပါတယ်။

Source: ThaiUpdate
Photos: Credits
Written: Nay Chi

Tags: Thai Story