မြင်သူတကာ မှင်သက်​သွားစေမဲ့အပြုံးလှလှလေးကို ပိုင်ဆိုင်ထားကြတဲ့ Thai TV3 မှ အနုပညာရှင်များ

အပြုံးက လူတစ်ယောက်ကိုဖမ်းအစားနိုင်ဆုံး သဘာဝလက်နက်ဆိုတာ သိကြပါရဲ့.. ယခုဖော်ပြပေးမဲ့ Thai TV3 က မင်းသားမင်းသမီး ၁၀ ယောက်ဟာ စွဲမက်စရာအပြုံးလေးတွေကြောင့် နာမည်ကြီးကြပါတယ်။

Great Warintorn
မင်းသားချော Great Warintorn ကတော့ ပြုံးလိုက်တာနဲ့ ပြုံးရိပ်သမ်းပြီးအသက်ဝင်လာတဲ့ ချစ်စရာမျက်လုံးလေးတွေကြောင့် နာမည်ကြီးပါတယ်။ ချစ်ဖို့ကောင်းတဲ့မျက်လုံးလေးလေးတွေက Great အတွက် မွေးရာပါ လက်ဆောင်မွန်လေးပါပဲ။

Pope Thanawat
Thai TV3 က နာမည်ကြီးမင်းသား Pope Thanawat ဟာ သူ့ရဲ့အပြုံးလှလှလေးကိုအသုံးချပြီး ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်သူပါ။ ပရိသတ်အများအပြားကတော့ စိတ်ပါလက်ပါပြုံးလိုက်တဲ့ Pope ကို မကြွေဘဲမနေနိုင်လောက်အောင် ချစ်ခင်နှစ်သက်တယ်လို့ ဆိုကြပါတယ်။

James Jirayu
အပြုံးနဲ့ဖမ်းစားထားနိုင်တဲ့မင်းသားတွေထဲမှ James Jirayu က နာမည်ကြီးပါပဲ။ ဖြူစင်တဲ့အပြုံးလေးတွေကြောင့် မြင်မိသူတိုင်း ရင်ခုန်နှုန်းမြန်ဆန်ရတဲ့အပြင် ‘Krong Karm’ ဇာတ်လမ်းထဲမှာ ချစ်စရာကောင်းပြီး အမြဲပြုံးနေတဲ့သူ့ရဲ့ပုံစံကြောင့် စွဲလမ်းခဲ့ကြရပါသေးတယ်။

Puen Khanin
Thai TV3 က နာမည်ရမင်းသားတစ်လက် Puen Khanin ကတော့ ပြုံးလိုက်တိုင်းပေါ်လာတဲ့ လခြမ်းကွေးပုံမျက်လုံးလေးကို ပိုင်ဆိုင်ထားပါတယ်။ မြတ်နိုးစရာကောင်းတဲ့အပြုံးဖြစ်တာမို့လို့ Puen ကို မြင်ရရင် စိတ်ပျော်ရွှင်စေလာမှာပါ။

Toey Jarinporn
မင်းသမီးလေး Toey က ကလေးလေးလို ဖြူစင်တဲ့မျက်နှာလေးနဲ့ အပြစ်ကင်းစင်တဲ့အပြုံးလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ လူတော်တော်များများကတော့ Toey ရဲ့ချစ်စရာ​ကောင်းတဲ့အပြုံးကိုမြင်လိုက်ရရင် သူတို့ရဲ့စိတ်ထဲမှာပါ ပျော်လာတယ်လို့ ထောက်ခံထားပါတယ်။

Mew Nittha
နာမည်ကြီးမင်းသမီးလေး Mew Nittha ကတော့ ထိုင်းအနပညာလောကထဲမှာပါ သူမရဲ့ ထင်ရှားတဲ့အပြုံးလေးကြောင့် လူသိများကျော်ကြားပါတယ်။ အပြုံးလှလှလေးနဲ့ နူးညံ့ညင်သာတဲ့အပြုအမူလေးတွေကြောင့်ပါ Mew ကို လူအများက အားပေးကြပါတယ်။

Nadech Kugimiya
ခန့်ခန့်ချောချောနဲ့ ပါးချိုင့်နှစ်ဖက်ကိုပိုင်ဆိုင်ထားတဲ့ Nadech Kugimiya ကတော့ မိန်းကလေးတွေရဲ့ အသည်းကျော်ပါပဲ။ အမြဲတမ်းပြုံးရွှင်နေတတ်တဲ့ Nadech ကတော့ သူ့ရဲ့ထင်ရှားတဲ့ပါးချိုင့်​တွေကြောင့် နာမည်ကျော်ပါတယ်။

Namwhan Phulita
ဒီအပြုံးလှသူစာရင်းထဲမှာတော့ Namwhan Phulita က မပါမဖြစ်ပါဘူးနော်။ Namwhan ဟာ တကယ်ကိုချစ်စရာကောင်းတဲ့ အပြုံးအလှပိုင်ရှင်လေးပါ။ သူမရဲ့တောက်ပတဲ့အပြုံးကြောင့်ပဲ မြင်သူတကာကို မှင်သက်စေနိုင်ပါတယ်။

Alek Teeradetch
ပါးချိုင့်ရှိတဲ့ နောက်ထပ်မင်းသားတစ်​ယောက်ကတော့ Alek Teeradetch ပါပဲ။ သူပြုံးလိုက်တိုင်း ပါးချိုင့်လေးက လှလှပပလေးပေါ်လာတာမို့လို့ မိန်းကလေးတွေက သူ့ရဲ့အပြုံးကို အလွန်နှစ်သက်တယ်လို့ ဆိုကြပါတယ်။

Yaya Urassaya
Yaya Urassaya ကတော့ အပြုံးလှကြောင်း အားလုံးအသိပါပဲနော်။ ကလေးဆန်တဲ့ Yaya လေးကတော့ ဘယ်နေရာရောက်ရောက် အတောက်ပဆုံးပြုံးနေတတ်ပြီး ပရိသတ်တွေကို အပျော်တွေကူးစက်စေသူပါ။ အားပေးသူတွေကတော့ Yaya လေးရဲ့အပြုံးကိုမြင်ရရင် ရင်ထဲနွေးသွားပါတယ်တဲ့။

Source: ThaiUpdate
Photos: Credits
Written: Nay Chi

Share