အကယ်၍ “The World of the Married” ဇာတ်လမ်းကို Thai Version ဖြင့် ရိုက်ကူးခဲ့မယ်ဆိုလျှင်…

မကြာသေးခင်က ဝါရင့်သရုပ်ဆောင်ပရိုဂျူဆာမင်းသမီးကြီး Anne Thongprasom က ‘Song About’ ဆိုတဲ့ Radio Show တစ်ခုကို တက်ရောက်ခဲ့ပါတယ်။ မင်းသမီးကြီး Anne ကတော့ ပြောင်မြောက်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ထိုင်းအနုပညာလောကထဲမှာ ဆုပေါင်းများစွာရယူထားတဲ့ ဝါရင့်သရုပ်ဆောင်အဖြစ် နာမည်ရယူထားသူပါ။

သူမကတော့ နောက်ဆုံးတက်ရောက်ခဲ့တဲ့ Radio Show မှာ သူမစိတ်ဝင်စားနေတဲ့အကြောင်းအရာတစ်ခုကို ပြောပြခဲ့ပါတယ်။ Anne ကတော့ ကိုရီးယားဇာတ်လမ်းတွေကြည့်ရတာကြိုက်ပြီး သူမအကြိုက်ဆုံးဇာတ်လမ်းကတော့ ၂၀၂၀ တုန်းကထွက်ခဲ့တဲ့ “The World of the Married” ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ဇာတ်လမ်းဖြစ်ပြီး ကြည့်ရှုသူတွေခမျာ တော်တော် အကုသိုလ်များပြီး ဒေါသထွက်ခဲ့ရပါသေးတယ်။ ဝါရင့်မင်းသမီးကြီး Anne ကတော့ “The World of the Married” ကိုသာ ထိုင်းဗားရှင်းအနေနဲ့ပြန်ရိုက်ကူးရင် ဂျီဆန်ဝူး (မယားကြီး)အဖြစ် သရုပ်ဆောင်ချင်တယ်လို့ဆိုပါတယ်။

ဆက်လက်ပြီး မင်းသား Ken Theeradeth ကတော့ လီထယ်အို ဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်မယ်လို့ ပြောခဲ့တာပါ။ ကိုရီးယားဇာတ်လမ်းတုန်းက ဇာတ်ရှိန်မြင့်စေခဲ့တဲ့ ယိုဒါယောင်း(မယားငယ်) နေရာမှာတော့ Mai Davika သာ ပါဝင်သရုပ်ဆောင်လိုက်ရင် အကောင်းစားဖြစ်သွားမယ်လို့ အသေးစိတ်ပြောပြခဲ့ပါတော့တယ်။

Mai က သရုပ်ဆောင်ပီပြင်တာကြောင့် ဒီစိန်ခေါ်မှုများတဲ့ဇာတ်ရုပ်ကို သရုပ်ဆောင်လိုက်ရင် အလွန်ကို မိမိုက်နေမဲ့အကြောင်းပါ Anne က ဖြည့်စွက်ပြောခဲ့တာပါ။ သရုပ်ဆောင်ပရိုဂျုဆာမင်းသမီးကြီး Anne ကတော့ ပညာပေးကိုရီးယားဇာတ်လမ်းကို တော်တော်ကြိုက်နှစ်သက်ပုံရပြီး ပရိုဂျူဆာတစ်ယောက်အနေနဲ့ ဇာတ်လမ်းအသေးစိတ်အရ လိုက်ဖက်မဲ့ ထိုင်းမင်းသား၊မင်းသမီးကိုပါ တစ်ခါတည်း စိတ်ကူးအာရုံထဲပေါ်လာခဲ့တာဖြစ်ပါတယ်။

အကယ်၍သာ “The World of the Married” ကိုရီးယားဇာတ်လမ်းကို Thai Version နဲ့ ပြန်လည်ရိုက်ကူးမယ်ဆိုရင် Anne ဖော်ပြခဲ့တဲ့ သရုပ်ဆောင်တွေက ဇာတ်ရုပ်နဲ့လိုက်ဖက်မလားဆိုတာကို ပရိသတ်ကြီးကော ဘယ်လိုထင်ကြပါသလဲ?

Source: ThaiUpdate
Photos: Credits
Written: Nay Chi

Share