အကအညံ့ဆုံးအဖွဲ့ဝင်ကဘယ်သူလဲ ဆိုတဲ့မေးခွန်းအပေါ် BTS ရဲ့တုန့်ပြန်ချက်

BTS member တွေဟာတစ်ယောက်နဲ့တစ်ယောက် မိသားစုလိုရင်းနှီးချစ်ခင်ကြပြီး တစ်ယောက်နဲ့တစ်ယောက်လည်းတကယ်ကိုသံယောဇဉ်ကြီးကြတဲ့သူတွေပါ။ 2016 Guerilla Periscope Q&A မှာ အဖွဲ့‌ဝင်အားလုံးထဲ ဘယ်သူကအကအညံ့ဆုံးလဲ ဆိုတဲ့မေးခွန်းအမေးခံခဲ့ရပါတယ်။

မေးခွန်းကိုဖတ်ပြီး‌တဲ့နောက်မှာ V က အဖွဲ့ရဲ့ Lead dancer ဖြစ်တဲ့ J-Hope ကိုအဖြေပေးခိုင်းခဲ့တာပါ။ J-Hope ဟာဖြေရခက်နေတဲ့အခါမှာတော့ Jungkook က သူတို့ထဲမှာအကညံ့တဲ့သူမရှိဘူးဆိုပြီး ဝင်ဖြေပေးခဲ့ပါတယ်။ J-Hope ကလည်း Jungkook ရဲ့အဖြေကိုထောက်ခံပြီး အကုန်လုံးဟာ သူတို့တတ်နိုင်သမျှအကောင်းဆုံးကြိုးစားကြတဲ့အကြောင်းထပ်ပြီးဖြည့်ပြောခဲ့ပါတယ်။

Jimin ကလည်း သူတို့ထဲကတစ်ယောက်ယောက်မရှိဘူးဆိုရင် ကကွက်တွေကလည်း တက်ကြွပြီး အင်အားရှိတဲ့ပုံပေါ်မှာမဟုတ်ဘူးဆိုပြီး ရင်ထဲထိစေမယ့်စကားလေးပြောခဲ့ပါသေးတယ်။ Jin နဲ့ RM တို့ကတော့ စနောက်နေကြပြီးတော့ ကင်မရာကို သူတို့ဘက်လှည့်မလာဖို့ပြောနေကြပါတယ်။

Jimin ကတော့ နောက်ထပ်ဒီလိုမေးခွန်းမျိုးတွေမမေးပါနဲ့လို့ အဆုံးမှာပြောခဲ့ပါသေးတယ်။ BTS အဖွဲ့ဝင်တွေဟာ တစ်ယောက်မှာရှိတဲ့ အားနည်းချက်အားသာချက်တွေကို အပြည့်အဝနားလည်ပေးကြပြီး ယုံကြည်မှုအပြည့်အဝနဲ့ လက်တွဲလုပ်ဆောင်ကြတဲ့အတွက် တကယ့်ကို အားကောင်းတဲ့ ကကွက်တွေကို ပြသနိုင်တဲ့ teamwork ကောင်းတဲ့အဖွဲ့တစ်ခုအဖြစ်ရပ်တည်နေနိုင်တာပါ။

Source: Koreaboo
Photo: Naver
Written: Gyi Gyi

Share