King Choice စစ်တမ်းအရ 2020 ခုနှစ်အတွက် ရုပ်ရည်အချောမောဆုံး အနုပညာရှင်များ

ပရိသတ်အကြား လူသိများတဲ့ King Choice မှ စီစစ်ကာ ပရိတ်သတ်ရဲ့ မဲပေးမှုအပေါ်မှာ မူတည်တဲ့ poll တစ်ခုပြုလုပ်ပြီး ၂၀၂၀ အတွက် ကမ္ဘာ့အချောဆုံး အနုပညာရှင် အယောက်စာရင်းကို စစ်တမ်းကောက်ယူပေးခဲ့ပါတယ်။ Poll ကို 2020 December 21 မှစတင်ခဲ့ပြီး 2021 January 10 ရက်နေ့မှာ ရလဒ်တွေကိုထုတ်ပေးခဲ့တာဖြစ်ပါတယ်။

မဲပေးသူတွေအနေနဲ့ နေ့စဉ် တစ်နာရီခြားတစ်ခါ upvote 2 ခု downvote 1 ခုပေးခွင့်ရှိတာပါ။ နောက်ဆုံးရလဒ်ကိုတော့ ပရိတ်သတ်က အားကြိုးမာန်တက်ပါဝင်ပေးခဲ့ကြတဲ့ upvote အများဆုံး အစဉ်လိုက်အတိုင်း 100 Most Handsome Men in the World 2020 အဖြစ်ရွေးချယ်ခဲ့တာပါ။ ဒီစာရင်းမှာပါဝင်ခဲ့တဲ့ အနုပညာရှင် အယောက် 100 ထဲက ထိပ်ဆုံး အယောက် 20 ကိုဖော်ပြပေးလိုက်ပါတယ်။

  • 20. Deng Lun

  • 19. Park Chanyeol

  • 18. Li Xian

  • 17. Chris Evans

  • 16. Hyun Bin

  • 15. Ji Chanwook

  • 14. Tom Ellis

  • 13. Lee Junki

  • 12. Justin Bieber

  • 11. Cha Eunwoo

  • 10. Dimash Kudaibergen

  • 9. Varchirawit Chivaaree

  • 8. Win Metawin

  • 7. Kim Taehyun

  • 6. Kim Seokjin

  • 5. Lee Minho

  • 4. Chris Hemsworth

  • 3. Wang Yibo

  • 2. Jeon Jungkook

  • 1. Xiao Zhan

ဒါကတော့ ကမ္ဘာ့အချောဆုံး အမျိုးသားအယောက်တစ်ရာထဲက ထိပ်ဆုံးအယောက် 20 ကိုကောက်နုတ်ဖော်ပြပေးထားတာဖြစ်ပါတယ်။ ပရိတ်သတ်ရဲ့ မဲပေးမှုတစ်ခုတည်းပေါ်မှာမူတည်ပြီး ရွေးချယ်ထားပေမယ့် စာရင်းမှာပါဝင်ခဲ့သူတွေဟာ အားလုံးကလက်ခံထားကြတဲ့ အခန့်ညားအချောမောဆုံး အမျိုးသားတွေဆိုတာတော့ငြင်းစရာမရှိပါဘူး။ နှင်းဆီခိုင်လေး Xiao Zhan ကတော့ 2020 ရဲ့ အချောမောအခန့်ညားဆုံး အမျိုးသားစာရင်းတိုင်းမှာ ပါဝင်နေခဲ့တာဖြစ်ပြီး အခုလည်း King Choice ရဲ့ ထိပ်ဆုံးနေရာကို သိမ်းပိုက်လိုက်ပြန်ပါပြီ။

Source: King Choice
Photo: King Choice
Written: Gyi Gyi

Share