ပရိသတ်အကြား လူသိများတဲ့ King Choice မှ စီစစ်ကာ ပရိတ်သတ်ရဲ့ မဲပေးမှုအပေါ်မှာ မူတည်တဲ့ poll တစ်ခုပြုလုပ်ပြီး ၂၀၂၀ အတွက် ကမ္ဘာ့အချောဆုံး အနုပညာရှင် အယောက်စာရင်းကို စစ်တမ်းကောက်ယူပေးခဲ့ပါတယ်။ Poll ကို 2020 December 21 မှစတင်ခဲ့ပြီး 2021 January 10 ရက်နေ့မှာ ရလဒ်တွေကိုထုတ်ပေးခဲ့တာဖြစ်ပါတယ်။
မဲပေးသူတွေအနေနဲ့ နေ့စဉ် တစ်နာရီခြားတစ်ခါ upvote 2 ခု downvote 1 ခုပေးခွင့်ရှိတာပါ။နောက်ဆုံးရလဒ်ကိုတော့ ပရိတ်သတ်က အားကြိုးမာန်တက်ပါဝင်ပေးခဲ့ကြတဲ့ upvote အများဆုံး အစဉ်လိုက်အတိုင်း 100 Most Beautiful Women in the World 2020 အဖြစ်ရွေးချယ်ခဲ့တာပါ။ ဒီစာရင်းမှာပါဝင်ခဲ့တဲ့ အနုပညာရှင် အယောက် 100 ထဲက ထိပ်ဆုံး အယောက် 20 ကိုဖော်ပြပေးလိုက်ပါတယ်။
ဒီစာရင်းကတော့ ပရိတ်သတ်ရဲ့ မဲပေးမှုတစ်ခုတည်းကိုပဲ ထည့်သွင်းတွက်ချက်ထားတာဖြစ်ပြီး အယောက်တစ်ရာမှာ ပါဝင်ခဲ့ကြတဲ့ အချောအလှလေးတွေဟာလည်း တကယ်ကို ပရိတ်သတ်ကလက်ခံထားကြတဲ့ အလှထိပ်ခေါင်တွေပါပဲ။ အလှပဆုံးအမျိုးသမီးစာရင်းတွေရဲ့ ထိပ်ဆုံးနေရာတွေမှာ တွေ့ရလေ့ရှိတဲ့ Lisa လေးဟာ ဒီစာရင်းမှာ ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားပြန်ပါတယ်။
Source: King Choice
Photo: King Choice
Written: Gyi Gyi