JYPE ဟာ World Star GOT7 အပေါ် ဘယ်လို Mistreatment တွေလုပ်ပြီး တာဝန်မကျေခဲ့တာလဲ…

GOT7 ဟာ JYP Entertainment ရဲ့လက်အောက်ကနေ debut ခဲ့တဲ့အဖွဲ့တစ်ခုဖြစ်ပြီး စတင်ပွဲဦးထွက်စဉ်ကတည်းက သူတို့ရဲ့ သူမတူတဲ့ အရည်အချင်းတွေကြောင့် ကမ္ဘာတစ်ဝှမ်းကပရိတ်သတ်တွေရဲ့ အာရုံစိုက်မှုအများအပြားရရှိခဲ့ကြတာပါ။ အချိန်တစ်ခုရလာပြီးတဲ့အခါမှာတော့ ကျော်ကြားမှုအသိအမှတ်ပြုမှုတွေ ပိုမိုရလာခဲ့ပါတယ်။

ဒါပေမယ့် သူတို့ရရှိတဲ့အောင်မြင်မှုဟာ သူတို့ရဲ့ ထက်မြက်လှတဲ့ အရည်အချင်းတွေနဲ့ ယှဉ်ရင် ထိုက်တန်တဲ့အခြေအနေအထိတော့ ရောက်ရှိမလာခဲ့ဘူးလို့တောင် ပြောလို့ရပါတယ်။ဒါဟာ JYPE လောက်တဲ့ပံပိုးမှုမပေးနိုင်မှုတွေနဲ့များစွာသက်ဆိုင်နေပါတယ်။ ဒါဆို JYPE GOT7 အပေါ် ဘယ်လိုတာဝန်မကျေပွန်မှုတွေနဲ့ ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့သလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။

ခေါင်းဆောင်ဖြစ်တဲ့ JB ဟာ တကယ်ကိုအရည်အချင်းရှိတဲ့ producer, songwriter တစ်ယောက်ဖြစ်ပါတယ်။ JB ရဲ့ပြောပြချက်အရတော့ J.Y.Park ဟာ သူ့ရဲ့သီချင်းကို 5 စက္ကန့်ပြည့်အောင်တောင် နားမထောင်ပဲချက်ချင်းပယ်ချခဲ့ဖူးပါတယ်တဲ့။

Live broadcast တစ်ခုမှာလည်း Mark က ဝန်ထမ်းတစ်ယောက်ကို မုန့်စားဖို့ တူတောင်းတဲ့အခါ သုံးပြီးသားတူကို ပေးခဲ့တဲ့အတွက် Mark တစ်ယောက် လက်နဲ့ပဲစားလိုက်ရဖူးပါတယ်။ နောက်ထပ် live stream တစ်ခုမှာလည်း ဝန်ထမ်းတွေဟာ GOT7 ကို နောက်ခံမှာအဝတ်အစားတွေပါနေတဲ့အတွက် ဆက်မလုပ်ဖို့တားမြစ်ပိတ်ပင်ခဲ့ပါသေးတယ်။ ဒါ့ကြောင့် သူတို့ဟာ ကိုယ့်ရဲ့ပရိတ်သတ်နဲ့လွတ်လပ်စွာ ဆက်သွယ်လို့မရခဲ့ကြပါဘူး။

JYP ဟာ GOT7 အား လုံလောက်တဲ့ ကာကွယ်စောင့်ရှောက်မှုလည်း မပေးနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့်လည်း Sasaeng fan နောက်ယောင်ခံလိုက်တာ ခံခဲ့ရတဲ့ အဖွဲ့ဝင် Jackson ဟာ ကားမတော်တဆမှု နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခြားအဖွဲ့ဝင်ဖြစ်တဲ့ Youngjae ဟာလည်း Sasaeng fan တွေရဲ့ နှောင့်ယှက်မှုကို အလူးအလိမ့်ခံနေရကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့ပေမယ့် JYP ဟာ လုံလောက်တဲ့ ကာကွယ်မှုများ မပေးစွမ်းနိုင်ခဲ့ပါဘူး။

အဆိုးဆုံးကတော့ GOT7 ကို ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု မပေးခဲ့ခြင်းပါ။ ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ K-Pop လောကမှာ အေဂျင်စီရဲ့ အဖွဲ့အပေါ် ကောင်းမွန်တဲ့ Promotion လုပ်ပေးနိုင်မှုဟာ အလွန်အမင်း အရေးကြီးပါတယ်။ အေဂျင်စီကြီး ဖြစ်တဲ့ JYP ဟာ GOT7 အပေါ် ဒီတာဝန်ဝတ္တရား ပျက်ကွက်ခဲ့ပါတယ်။ “DYE” အတွက် promotion ဟာ April 20 မှ May 3 ရက်နေ့ထိ နှစ်ပတ်မျှသာ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါထက်ဆိုးဝါးတာကတော့ နောက်ဆုံးထွက်ရှိထားတဲ့ “Breath of love: Last Piece” promotionကာလ ပိုတောင် တိုတောင်းခဲ့တာပါပဲ။ Album နှစ်ခုကြားကြာချိန်ကလည်း အရမ်းကိုကြာမြင့်ခဲ့တဲ့အတွက် Mark နဲ့ Jinyoung တို့ကတောင် ခုနှစ်လလောက်အလုပ်လက်မဲ့ဖြစ်နေခဲ့တယ်လို့ ထုတ်ပြောခဲ့ကြပါသေးတယ်။

GOT7 ရဲ့ Tour များ event များကိုလည်း ကောင်းမွန်စွာ စီစဉ်ပေးခဲ့ခြင်း မရှိခဲ့တဲ့အပြင် ပရိတ်သတ်တွေအတွက်လုံလောက်တဲ့ Album ချပ်ရေတောင် ဖြန့်ဝေပေးခဲ့ခြင်းမရှိခဲ့ပါဘူး။ Preorder ကာလမှာတောင် Out of Stock ဆိုတဲ့ ထူးဆန်းတဲ့ အဖြစ်ပါ ဖြစ်ပွါးခဲ့ဖူးပါတယ်။ ဒါ့ကြောင့် Album ချပ်ရေတွေ ပိုမိုရောင်းရနိုင်ပြီး ပိုမိုများပြားတဲ့ Ahgase တွေရဲ့ လက်ဝယ်ရောက်ရှိနိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။

GOT7 ရဲ့အနောက်နိုင်ငံများမှာ လွန်စွာအောင်မြင်တဲ့ အဖွဲ့တစ်ဖွဲ့ပါ။ GOT7 ဟာ FOX5 ရဲ့ “Good Day New York” အစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့တဲ့ ပထမဆုံး ကိုရီးယားအနုပညာရှင် အဖွဲ့ပါ။ ဒီလို ပါဝင်ခွင့်ရခဲ့တာလည်း JYP ရဲ့ ကြိုးစားမှုကြောင့် မဟုတ်ခဲ့ပါဘူး။ GOT7 ကို “Good Day New York” မှာမြင်တွေ့ခွင့်ရဖို့ Twitter မှတဆင့် အစီအစဉ်တင်ဆက်သူများထံ တိုက်ရိုက်တောင်းဆိုခဲ့တဲ့ Ahgase လေးတွေရဲ့ ကြိုးစားမှုကြောင့်ပဲ ဖြစ်ပါတယ်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း Ahgase များဟာ JYP ထံသို့ email 7 သိန်းခွဲကျော်ပို့ပီး GOT7 အတွက် တောင်းဆိုခဲ့သောလည်း JYP ဘက်ကတော့ တုန့်ပြန်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါ့ကြောင့်လည်း ၂၀၂၀ ခုနှစ်မှာ Ahgase တွေဟာ ဆန္ဒပြတဲ့ Truck ကားပို့ပြီး JYPE ကို ဆန္ဒပြခဲ့ကြပါသေးတယ်။

ဒါကတော့ JYP ရဲ့ GOT7 အပေါ် တာဝန်မကျေခဲ့မှုများထဲမှ အချို့ပါ။ GOT7 အနေနဲ့လည်း JYP အပေါ်မကျေနပ်ချက်တွေကို သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ အကြိမ်ပေါင်းများစွာဖော်ပြနေခဲ့ကြပါတယ်။ GOT7 ဟာ ဒီထက်အများကြီး အောင်မြင်မှု ပံ့ပိုးမှု ကာကွယ်စောင့်ရှောက်မှုတွေရရှိဖို့ထိုက်တန်တဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။

JYPE ဟာ ဒီလိုအရည်အချင်းရှိတဲ့ အဖွဲ့တစ်ခုကိုမွေးထုတ်ပေးခဲ့တာပေမယ့်လည်း ဖန်တီးသူဟာ ဖျက်ဆီးလုဆဲဆဲ ဖြစ်ခဲ့တဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။ ယခုဆိုရင်တော့ GOT7 အဖွဲ့ဝင်အားလုံးဟာ JYPE မှ နှုတ်ထွက်လိုက်ကြပါပီ။ GOT7FORVER ဆိုတဲ့ Hashtag တွေသုံးပြီးလည်း အဖွဲ့ဝင်အားလုံးဟာ GOT7 အဖွဲ့ဟာ ဖျက်သိမ်းတာ မဟုတ်တဲ့အကြောင်း အတည်ပြုပေးခဲ့ကြပါတယ်။ တစ်ယောက်ချင်းစီဟာ သူမတူတဲ့ အရည်အချင်းတွေ ရှိတဲ့အတွက် အနာဂတ်မှာ ပိုမိုအောင်မြင်မယ်ဆိုတာ အသေအချာပါပဲ။

#GOT7FOREVER

Source : Allkpop & Koreaboo
Photo: Naver
Written: Gyi Gyi

Share