“Law of the Jungle” အစီအစဉ်မှာ Jungle Ace လို့ နာမည်ပြောင်ရခဲ့တဲ့ EXO’s Chanyeol

Chanyeollie လေး က social media ကနေ ပျောက်နေတာကြာပြီဆိုပေမဲ့ “Law of the Jungle” အစီအစဉ်မှာတော့ ပါဝင်ထားတာကို တွေ့ရှိရပါတယ်။ Chanyeol ဟာ မလုပ်တတ်တာဘာမှမရှိဖူးဆိုရလောက်အောင် ခုအစီအစဉ်မှာလည်း ရေကောင်းကောင်းငုပ်ပြနိုင်ခဲ့ပါတယ်။ဒါ့အပြင် Jungle ace လို့တောင် အစီအစဉ်ကနေ နာမည်ရခဲ့ပါသေးတယ်။

အစီအစဉ်မှာ ညဘက် hunting လုပ်ရမဲ့ challenge ကို Chanyeol ရယ် Kim Byung man ရယ် Julien kang တို့က စိန်ခေါ်ခဲ့ကြတာဖြစ်ပါတယ်။ Kim Byung Man က chanyeol ကို wave ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံဉာဏ်ပေးခဲ့ပြီး Chanyeol နဲ့ပက်သက်တာတွေလည်း interview မှာ ခုလိုဖြေကြားခဲ့ပါတယ်။

“မင်း..ထင်ထားမှာမဟုတ်ဖူး။ သူကယောကျာ်းအရမ်းဆန်တယ်။ ပြင်းပြင်းထန်ထန် အားကစားလုပ်ရတာတွေလည်း ကြိုက်သေးတယ်။wave လုပ်ဖို့ လေ့ကျင့်မှုတွေလည်း အများကြီးလုပ်ခဲ့တယ်။ ခု သူ wave ကောင်းကောင်းမွန်မွန် လုပ်နိုင်ပြီထင်လို့ ငါသူ့ကို ကူညီပေးခဲ့တယ်”

Chanyeol ဟာ Kim byung man အကြံဉာဏ်ပေးတဲ့ အတိုင်း wave လုပ်ပြီး အမဲလည်းလိုက်ရင်း ကျောက်ဆောင်တစ်ခုကနေတခုကူးဖို့ ငါးမျှားချိတ်တွေပါ အသုံးပြုခဲ့ကာ စီနီယာ သင်ပြဦးဆောင်မှုအတိုင်း လိုက်လုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အကုန်လုံး hunting challenge ကို အောင်မြင်ခဲ့ကြပါတယ်။

Chanyeol လေး ရေငုပ်ပြီးလို့ လှေပေါ်ပြန်ရောက်တော့ သူခံစားရတဲ့ အတွေ့အကြုံတွေကို ပြောပြတဲ့အပြင် သူဘယ်နေရာကူးကူး နေရာတိုင်းမှာရေနဂါး( Seahorse) လေးတွေ တွေ့ခဲ့ရကြောင်း ပြန်ပြောပြတော့ Kim Byung Man က ခုလိုမှတ်ချက်ပေးခဲ့ပါတယ်။ “ Seahorse တွေ့ဖို့ဆိုတာ ကံကောင်းတာအပေါ်မူတည်တယ်။ မင်းက စိတ်ထားကောင်းတာကို။ စိတ်ထားကောင်းတဲ့ကလေးတွေဘဲ အများကြီးတွေ့နိုင်တာ”

Chanyeollie လေးကတော့ ဘယ်နေရာသွားသွား မျက်နှာပွင့်လန်းပြီး အချစ်ခံရတဲ့ ကလေးလေးပါဘဲ။ Social media မှာ နှစ်လလောက်ပျောက်နေပေမဲ့ ခုလို varity show အစီအစဉ်မှာ ပျော်ပျော်ရွှင်ရွှင်ပါဝင်နေတာတွေ့ရလို့ စိတ်ပူနေတဲ့ ပရိသတ်ကြီးလည်း ပူပန်တာလျော့သွားမယ်လို့ မျှော်လင့်ပါတယ်။

Source: Kidolstar
Written: Violet
Photocredit: Sbs

Share