“ငယ်ငယ်လေးတုန်းက ပိုလှပါတယ်” ဆိုပြီး ဖခင်ရဲ့ကျီစယ်ခြင်းကို ခံလိုက်ရတဲ့ မင်းသမီးချော Yang Mi

Yang Mi လေးဆိုတာကတော့ တရုတ်နိုင်ငံရဲ့ အလှပဂေးစာရင်းဝင် မင်းသမီးလေးဖြစ်ပါတယ်။ အေးချမ်းတဲ့အသွင်အပြင်နဲ့ ငယ်ငယ်လေးကတည်းက သရုပ်ဆောင်ကောင်းသူလေးဖြစ်တာကြောင့် ပရိသတ်တွေကတော့ အချစ်ပိုနေရပါတယ်။ သိပ်မကြာသေးခင်ကပဲ Yang Mi ရဲ့ ဖခင်ကတော့ သမီးလေးဖြစ်သူနဲ့ပတ်သက်ပြီး Weibo မှာ ငယ်စဥ်ကပုံလေးတွေကို တင်ပေးခဲ့တာပါ။

Yang Mi ရဲ့ ဖခင်က Weibo မှာပဲ သူ့သမီးလေးရဲ့ ငယ်ငယ်က ဓာတ်ပုံလေးတွေကို အများအပြားတင်ပေးခဲ့ပါသေးတယ်။ ပုံလေးတွေထဲမှာဆိုရင် Yang Mi ဟာ ငယ်ငယ်လေးကတည်းက ချောမောလှပသူလေးဖြစ်တာကို ပရိသတ်တွေတွေ့မြင်ခဲ့ကြရပြီး မင်းသမီးချောလေးရဲ့ မွေးရာပါအလှကို ချီးကျူးခဲ့ကြပါတယ်။

ဒီဓာတ်ပုံလေးတွေကိုမြင်ပြီးတဲ့နောက် “Yang Mi ဟာ Plastic Surgery လုပ်ထားတယ်” ဆိုပြီး တိုက်ခိုက်တဲ့ဝေဖန်သံတွေဟာ ချက်ချင်းကိုလွင့်စင်ခဲ့ရတာကြောင့် အားပေးသူတွေဟာ ဖခင်ဖြစ်သူရဲ့ဉာဏ်ပညာရှိမှုကိုပါ ချီးကျူးခဲ့ကြတာပါ။ ချစ်ရတဲ့သမီးလေးကို “ငါ့ရဲ့ဆိုးပေလေးကတော့ ငယ်ငယ်လေးတုန်းက ပိုပြီးလှပါတယ်။

ငါလည်း ခေတ်မီလာပြီး Fashion အမြင်တွေရှိလာတော့ သမီးလေးက ပိုပိုပြီးတောင် လှလာပါတယ်။ အဖေဖြစ်သူကို မီတော့မှာပဲကွာ (သူ့ရဲ့အလှကို မီတော့မယ်လို့ ဆိုလိုပါသည်)” လို့ ရေးတင်ရင်း သမီးလေးကို ကျီစယ်ခဲ့ပါတယ်။

Yang Mi ရဲ့ပရိသတ်တွေကတော့ ငယ်စဥ်ကပုံလေးတွေကို ကြည့်ပြီး ချီးကျူးခဲ့ကြသလို Yang Mi ကိုယ်တိုင်ကလည်း “အဖေကချောတော့ သမီးလည်း ချောပြီပေါ့” ဆိုပြီး Reply ပြန်ရင်း နွေးထွေးတဲ့သံယောဇဥ်ကိုပြသခဲ့ပါတယ်။ သမီးလေးတွေဆိုတာ ဖခင်ဖြစ်သူတွေအတွက် ရင်နှစ်သည်းချာလေးတွေပါပဲ။

Yang Mi ရဲ့ ဖခင်ဖြစ်သူကလည်း ၃၄နှစ်အရွယ် သူ့သမီးကို ယခုအချိန်ထိ ကလေးလေးတစ်ယောက်လို နွေးထွေးကာကွယ်မှုတွေပေးပြီး ခိုင်မာရင်းနှီးတဲ့သံယောဇဥ်မေတ္တာတရားတွေကို တည်ဆောက်ထားပါတော့တယ်။ ပရိသတ်တွေကတော့ Yang Mi နဲ့ သူမရဲ့ဖခင်ဖြစ်သူတို့ကြားက နွေးထွေးမှုကို အားကျရင်း ကြည်နူးနေခဲ့ကြပါတယ်။

Source: Weibo
Photos: Weibo
Written: Nay Chi

Share