International brand တွေနဲ့ လက်တွဲပြီး အလုပ်လုပ်နေတဲ့ ထိုင်းသရုပ်ဆောင်မင်းသမီးချောများ

နိုင်ငံတကာ Brand တွေနဲ့လက်တွဲအလုပ်လုပ်တဲ့အနုပညာရှင်တွေဟာ ပုံမှန်အားဖြင့် နာမည်ကျော်ကြားပြီး ပရိသတ်တွေအပေါ် လွှမ်းမိုးမှုအားကောင်းတဲ့သူတွေပဲဖြစ်ပါတယ်။ International Brand တွေနဲ့လက်တွဲထားတဲ့အထဲမှာတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတွေလည်း ပါဝင်နေပါတယ်။

Yaya Urassaya

Yaya Urassaya ကတော့ ‘Friend of Louis Vuitton’ Brand ရဲ့ ပထမဆုံးသော ထိုင်းနိုင်ငံသူမင်းသမီးတစ်​ယောက်ဖြစ်ပါတယ်။ Yaya ရဲ့ နာမည်ကျော်ကြားမှုဟာ ကမ္ဘာအနှံ့ကပရိသတ်တွေအပေါ်မှာလည်း သက်ရောက်မှုရှိနေတာကြောင့် စီးပွားရေးလောကမှာလည်း Yaya လေးနဲ့ လက်တွဲအလုပ်လုပ်ချင်နေကြတာပါ။ ယခု တွဲဖက်အလုပ်လုပ်နေတဲ့ International Brand ကြောင့် နိုင်ငံခြားမှာကျင်းပတဲ့ အခမ်းအနားတွေမှာပါ ပွဲတက်လေ့ရှိပြီး နိုင်ငံတော်တော်များများမှာလည်း Yaya ဟာ လူသိများတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Chompoo Araya

Chompoo Araya ကတော့ သရုပ်ဆောင်လောကမှာတင်မကပဲ Fashion လောကမှာပါ နာမည်ကြီးသူဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီကျောက်မျက်ရတနာ brand ဖြစ်တဲ့ Chopard ဟာ Chompoo Araya ကို brand ambassador အဖြသ် ခန့်အပ်ထားတာလည်းဖြစ်ပါတယ်။ Chompoo ဝတ်ဆင်လိုက်သမျှကတော့ ပရိသတ်တွေရဲ့အာရုံစူးစိုက်မှုကိုရရှိလေ့ရှိပြီး အလှအပလိုက်စားသူတွေကြားမှာ နာမည်ကျော်ပါတယ်။

Mai Davika

Mai Davika ကတော့ ‘Friend of Gucci’ Brand အတွက် ပထဆုံး ထိုင်းမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ Mia ရဲ့ ဆွဲဆောင်မှုအားပြင်းတဲ့ အလှအပအပြင်အဆင်တွေနဲ့ အောင်မြင်ကျော်ကြားမှုကြောင့် နိုင်ငံတကာ Brand နဲ့ လက်တွဲခွင့်ရခဲ့တာဖြစ်ပြီး Fashion Show တွေအတွက် နိုင်ငံခြားမှာသွားရောက်ပြီး ပွဲတက်လေ့ရှိပါတယ်။

Kimmy Kimberley

အနောက်တိုင်းဆန်ဆန်အလှပိုင်ရှင်… Kimmy Kimberley ကလည်း ‘Friend of Cartier’ Brand ရဲ့ ပထမဆုံးသော ထိုင်းနိုင်ငံသူမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ Kimmy လေးရဲ့ လွှမ်းမိုးမှုအားကောင်းပုံကတော့ နိုင်ငံတကာမှာ ပရိသတ်ပေါင်းများစွာရှိပြီး Kimmy လေးကို အားပေးနေကြတာကြောင့်ပဲ International Brand နဲ့ လက်တွဲအလုပ်လုပ်တဲ့မင်းသမီးတစ်ယောက်ဖြစ်လာတာဖြစ်ပါတယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share