Tencent Video Top(1) TV Series အဖြစ်ထိပ်ဆုံးမှာဆက်လက်ရပ်တည်နေဆဲဖြစ်တဲ့ “Legend of Fei”

အခုဆိုရင်တော့ December (16) ရက်နေ့ကစတင်ထုတ်လွှင့်ခဲ့တဲ့ “Legend of Fei” ဇာတ်လမ်းတွဲကတော့ပြီးဆုံးသွားခဲ့ပါပြီ။ စတင်ပြသချိန်မှာတည်းက ကြည့်ရှုမှု 121 Million ကျော်နဲ့တာထွက်ကောင်းခဲ့ပြီး Tencent ရဲ့လူကြည့်အများဆုံးစံချိန်ကိုချိုးနိုင်ခဲ့ပါတယ်။

ဇာတ်လမ်းတွဲပြီးဆုံးသွားခဲ့တဲ့လက်ရှိအချိန်ထိဆိုရင်လည်းကြည့်ရှုမှုစုစုပေါင်း 3 Billion ရရှိထားပြီး Rating 8.7 နဲ့ Tencent Video ရဲ့ Top(1) TV Series နေရာမှာဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။ Xie Yun (Wang Yibo) နဲ့ A Fei (Zhao Liying) တို့ရဲ့ဇာတ်ကောင်လိုက်ဖက်ညီမှုနဲ့ပြီးပြည့်စုံတဲ့သရုပ်ဆောင်စွမ်းရည်တို့ပေါင်းစည်းထားတဲ့အတွက် ကြည့်ရှုသူအားလုံးရဲ့အားရကျေနပ်မှုကိုအပြည့်အဝရရှိခဲ့တာဖြစ်ပါတယ်။

ဇာတ်လမ်းဇာတ်အိမ်အစီအစဉ်ကျမှုနဲ့အတူအဓိကဇာတ်ကောင်နှစ်ဦးရဲ့အရှိန်အဝါတို့ကြောင့်ဇာတ်လမ်းဟာလုံးဝမှေးမှိန်ခြင်းမရှိခဲ့ပဲ (51)ပိုင်းစလုံးမှာကြည့်ရှုသူတွေကိုအဆက်မပြတ်ဆွဲဆောင်သွားနိုင်ခဲ့ပါတယ်။ မမေ့နိုင်စရာကောင်းလောက်အောင်ဂန္တဝင်မြောက်လှပတဲ့ဇာတ်လမ်းဇာတ်ကွက်တွေနဲ့လည်းပြည့်နက်နေခဲ့ပါတယ်။

ဇာတ်လမ်းတွဲထဲမှာပါဝင်တဲ့ဇာတ်ကောင်တော်တော်များများဟာလည်း ကျိုးကြောင်းဆီလျော်မှုရှိပြီးကွက်တိကျလွန်းလှပါတယ်။ အင်အားကြီးသူသာလျှင်ရွေးချယ်မှုရှိတယ်ဆိုတဲ့အချက်ကိုပေါ်လွင်အောင်ချပြနိုင်ခဲ့ပါတယ်။ အဲ့တာအပြင် လူသားမျိုးဆက်ကသာလျှင်ဒီကောင်းကင်၊ ဒီမြေကြီးတို့နဲ့ထိုက်တန်သူဖြစ်တယ်ဆိုတဲ့အချက်ဟာလည်းဇာတ်လမ်းကိုဝင့်ကြွားအောင်တန်ဆာဆင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးပြည့်စုံတယ်ဆိုတာထက်ကိုပိုခဲ့ပါတယ်။ ဇာတ်လမ်းတွဲပြီးဆုံးသွားလို့ Xie Yun (Wang Yibo) နဲ့ A Fei (Zhao Liying) တို့ကိုလွမ်းနေကြတယ်ဆိုရင်တော့ “Legend of Fei” ရဲ့ Offical Weibo က Update သတင်းတွေနဲ့ရိုက်ကွင်းနောက်ကွယ်ကဇာတ်ကောင်တွေရဲ့အမှတ်တရပုံရိပ်တွေကိုစောင့်ကြည့်နိုင်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းအကြံပေးလိုပါတယ်။

Jie Jie နဲ့ Di Di တို့တစ်ဦးချင်းစီရဲ့နောက်ထပ်ထွက်ရှိလာမယ့်ဇာတ်လမ်းတွဲအသစ်တွေကိုစောင့်မျှော်ရင်း “Legend of Fei” ဇာတ်လမ်းတွဲနဲ့အတူဆုတွေအများကြီးကိုဆွတ်ခူးနိုင်ပါစေလို့လည်းဆန္ဒပြုပေးလိုက်ပါတယ်။

Written: Nair Nair
Source: WeTV
Photos: Weibo

Share