တရုတ်နိုင်ငံရဲ့ထိပ်တန်းဗီဒီယိုပလက်ဖောင်းတွေမှာ Fan အများဆုံးအနုပညာရှင်များစာရင်း

Tencent, Youku, IQIYI, Mango TV တို့ကတော့ တရုတ်နိုင်ငံရဲ့ ထိပ်တန်းဗီဒီယိုပလက်ဖောင်းကြီးလေးခုပဲဖြစ်ပါတယ်။ Youku မှာတော့ အနုပညာရှင်တွေအတွက်ဆိုပြီး သီးသန့်လိုင်းမရှိပါဘူး။ Tencent, IQIYI နဲ့ Mango TV တို့အားလုံးမှာတော့ ဒီပလက်ဖောင်းသုံးခုမှာရှိတဲ့ Fan အများဆုံးအနုပညာရှင်များစာရင်းကို ထုတ်ပြန်လေ့ရှိပါတယ်။

1.Tencent Video Top Stars

Tencent Video မှာ Fan အများဆုံးအမျိုးသားအနုပညာရှင်သုံးဦးကတော့ Xiao Zhan, Wang Junkai, Lu Han တို့ဖြစ်ပြီး Fan အများဆုံးအမျိုးသမီးအနုပညာရှင်သုံးဦးကတော့ Zhao Liying, Dilireba, Yang Mi တို့ပဲဖြစ်ပါတယ်။ အနုပညာရှင်အားလုံးကိုအခြေခံတဲ့ Fan အများဆုံးအနုပညာရှင်တွေဆိုရင်တော့ ပထမနေရာမှာ Zhao Liying ၊ ဒုတိယနေရာမှာ Dilireba ၊ တတိယနေရာမှာ Xiao Zhan တို့ပဲဖြစ်ပါတယ်။

2.Mango TV Top Stars

နောက်တစ်ခုဖြစ်တဲ့ Mango TV မှာ Fan အများဆုံးအမျိုးသားအနုပညာရှင်သုံးဦးကတော့ Xiao Zhan, Wang Yibo, Yi Yang Qiangxi တို့ဖြစ်ပြီး Fan အများဆုံးအမျိုးသမီးအနုပညာရှင်သုံးဦးကတော့ Zhao Liying, Dilireba, Zheng Shuang တို့ပဲဖြစ်ပါတယ်။ အနုပညာရှင်အားလုံးကိုအခြေခံတဲ့ Fan အများဆုံးအနုပညာရှင်တွေဆိုရင်တော့ ပထမနေရာမှာ Xiao Zhan ၊ ဒုတိယနေရာမှာ Wang Yibo ၊ တတိယနေရာမှာ Zhao Liying တို့ပဲဖြစ်ပါတယ်။

3.IQIYI Video Top Stars

နောက်ထပ်တစ်ခုဖြစ်တဲ့ IQIYI Video မှာ Fan အများဆုံးအမျိုးသားအနုပညာရှင်သုံးဦးကတော့ Lu Han, Yang Yang, Cai Xukun တို့ဖြစ်ပြီး Fan အများဆုံးအမျိုးသမီးအနုပညာရှင်သုံးဦးကတော့ Zhao Liying, Angelababy, Dilireba တို့ပဲဖြစ်ပါတယ်။ အနုပညာရှင်အားလုံးကိုအခြေခံတဲ့ Fan အများဆုံးအနုပညာရှင်တွေဆိုရင်တော့ ပထမနေရာမှာLu Han ၊ဒုတိယနေရာမှာ Zhao Liying ၊ တတိယနေရာမှာAngelababy တို့ပဲဖြစ်ပါတယ်။

Zhao Liying ကတော့အံ့ဩစရာကောင်းလောက်အောင်ပဲ ပလက်ဖောင်းသုံးခုစလုံးက အမျိုးသမီးအနုပညာရှင်များရဲ့ နံပါတ်(1)နေရာကို ရယူထားပါတယ်။ Fan အင်အားကျယ်ပြန့်တဲ့မင်းသမီးတစ်ယောက်ဆိုတာ ရှင်းပြဖို့တောင်မလိုတော့ဘူးလို့ ထင်ပါတယ်။

Xiao Zhan ကတော့ ပလက်ဖောင်းနှစ်ခုမှာ နံပါတ်(1)နေရာကိုရယူထားပြီး Lu Han ကတော့ ပလက်ဖောင်းတစ်ခုမှာ နံပါတ်(1)နေရာကိုရယူထားပါတယ်။ အားလုံးကိုချုံပြီးသုံးသပ်ကြည့်မယ်ဆိုရင် Zhao Liying, Xiao Zhan, Dilireba, Lu Han, Wang Yibo, Yang Yang တို့အားလုံးဟာအတိုင်းအတာတစ်ခုအထိ Fan အင်အားများတဲ့ထိပ်တန်းအနုပညာရှင်တွေဆိုတာကိုဖော်ပြနေပါတယ်။

Written: Nair Nair
Source: Weibo
Photos: Tencent, MangoTV, IQIYI

Share