အနောက်တိုင်းရဲ့ တကယ့် နာမည်ကြီး Fashion brand တွေကိုပြောရရင် Gucci, Louis Vuitton နဲ့ Cartier တို့ကတော့ အနုပညာရှင်တွေနဲ့လက်တွဲပြီး စျေးကွက်တွေချဲ့ထွင်နေကြတာပါ။ ဒါ့အပြင် global brand တွေဖြစ်တဲ့ Armani, Prada နဲ့ Burberry တို့ကလည်း တရုတ်နိုင်ငံအထိအပြိုင်အဆိုင်ခြေဆန့်ရင်း သုံးစွဲသူတွေကြားမှာနာမည်ရအောင်လုပ်ဆောင်နေကြပါတော့တယ်။ အနောက်တိုင်း Fashion Brand တွေရဲ့ Ambassador အဖြစ် ခန့်အပ်ခြင်းခံထားရတဲ့ တရုတ်နာမည်ကြီး ၅ ယောက်ကတော့..
Kris Wu
Burberry brand ရဲ့ ပထမဆုံးသော အရှေ့တိုင်းသားကတော့ Kris Wu ပါပဲ။ ကမ္ဘာအနှံ့မှာ Kris ရဲ့မြောက်မြားစွာသောပရိသတ်တွေရဲ့အင်အားကြောင့်ပဲ စီးပွားရေးသမားတွေကတော့ Kris ကို မျက်စိကျနေကြပါတယ်။ 2018 နှောင်းပိုင်းမှာလည်း Louis Vuitton ကလည်း Kris ကို ambassador အဖြစ် ခန့်အပ်ခဲ့ပြန်ပါတယ်။ Kris ရဲ့ကျော်ကြားမှုကြောင့်ပဲ ဝယ်လိုအားတွေမြင့်တက်ခဲ့ရပါတော့တယ်။
Luhan
တရုတ်နိုင်ငံရဲ့ကြေးအကြီးဆုံးအနုပညာရှင်စာရင်းဝင် Luhan ဟာ Oppo mobile phones, Baidu interactive maps, Star Wars, KFC, Lancôme, Gap နဲ့ L’Occitane အစရှိတဲ့ Brand ပေါင်းများစွာနဲ့ လက်တွဲပြီး အလုပ်လုပ်နေသူဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကိုဆွဲဆောင်ထားနိုင်တဲ့ Luhan ဟာ September လမှာပဲ Gucci ရဲ့ ambassador အဖြစ် ခန့်အပ်ခံခဲ့ရပြီး Branded ဝတ်စုံတွေနဲ့ အလွန်ကိုလိုက်ဖက်နေတာပါ။
Yang Mi
Yang Mi ကတော့ fashion brand ပေါင်းများစွာနဲ့ ထုတ်ဝေဖြန့်ချီရေးဖက်မှာ အလွန်နာမည်ရသူဖြစ်ပါတယ်။ မြောက်မြားစွာသော အားပေးသူတွေနဲ့ လှပတင့်တယ်ကျက်သရေရှိတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် Stuart Weitzman, Michael Kors နဲ့ Versace အစရှိတဲ့ Global brand တွေနဲ့တွဲဖက်အလုပ်လုပ်ကိုင်ခွင့်ရခဲ့ပြီး တရုတ်က ဝယ်လိုအားကို အများဆုံးဖန်တီးပေးနိုင်ခဲ့တဲ့ Ambassador တစ်ယောက်လည်းဖြစ်ပါတော့တယ်။
Zhou Dongyu
တရုတ်နိုင်ငံတဲ့ တက်သစ်စနာမည်ကြီးအနုပညာရှင် Zhou Dongyu ကလည်း brands အမျိုးမျိုးနဲ့ တွဲဖက်လုပ်ဆောင်နေပါတယ်။ ထင်ရှားကြော့ရှင်းနေတဲ့သူမရဲ့အသွင်အပြင်ဟာ ဝတ်စုံတွေနဲ့ လိုက်ဖက်တင့်တယ်နေတာဖြစ်ပြီး Burberry Fashion Brand တွေနဲ့ ပနံသင့်နေပါတော့တယ်။ တရုတ်နိုင်ငံအတွင်း ကိုဗစ်ကာလအတွင်းမှာကိုပဲ ရောင်းအားတွေ မြင့်တက်လာတယ်လို့ဆိုပါတယ်။
Cai Xukun
Cai Xukun ကတော့ ၂၀၁၉ နောက်ပိုင်းမှာ နာမည်ကျော်ကြားလာခဲ့တဲ့အနုပညာရှင်ဖြစ်ပါတယ်။ Prada ရဲ့ ပထမဆုံးသော ပြောရေးဆိုခွင့်ရှိတဲ့ တရုတ်နိုင်ငံသားဖြစ်ပြီး Xukun ရဲ့ နာမည်ကြီးမှုကြောင့်ပဲ ဒီ Brand ဟာ တရုတ်နိုင်ငံအတွင်း တော်တော်ကို ရောင်းအားတွေများခဲ့ပါတယ်။ အသက်ငယ်ရွယ်ပေမဲ့လည်း Xun ရဲ့ ကျော်ကြားမှုကတော့ မသေးလှပါဘူး။
Source: SCMP
Photos: Twitter
Written: Nay Chi