ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်လာရင် ယုံကြည်ချက်မရှိကြောင်း ပြောခဲ့ဖူးတဲ့ အလှပဂေးလေး Dilireba

တရုတ်နိုင်ငံရဲ့ထိပ်တန်းမင်းသမီးချောလေး Dilraba ကတော့ သရုပ်ဆောင်ကောင်းပြီး ပြစ်မျိုးမှဲ့မထင်တဲ့ရုပ်ရည်ပိုင်ရှင်လေးဖြစ်တာကြောင့် ချစ်ခင်ကြတဲ့သူတွေများပါတယ်။ အနုပညာရှင်ဖြစ်တဲ့အလျောက် ဝေဖန်သူတွေလည်းရှိစမြဲပါ။

Dilireba လေးနဲ့ပတ်သက်ပြီး တစ်ချို့က “သူ့ရဲ့ရုပ်က ခေတ်ဆန်လွန်းလို့ ရှေးဟောင်းဇာတ်လမ်းတွဲတွေနဲ့ မလိုက်ဖက်ဘူး၊ မသင့်တော်ဘူး” ဆိုပြီး ပြောဆိုတာမျိုးတွေရှိခဲ့ပါတယ်။ ပြောရရင် Dilraba Dilmurat ဆိုတာကတော့ တကယ့်ကို နတ်သက်ကြွေလာတဲ့ နတ်သမီးလေးတစ်ပါးလို လှပတင့်တယ်ကျက်သရေရှိသူဖြစ်ပြီး တရုတ်နိုင်ငံရဲ့အလှပဆုံးသရုပ်ဆောင်မင်းသမီးလေးအဖြစ် မကြာခဏဆိုသလို ရွေးချယ်သတ်မှတ်ခြင်းခံရသူပါ။

ဒါပေမဲ့လည်း Dilireba လေးကတော့ သူမဟာ သူမရဲ့ရုပ်ရည်နဲ့ပတ်သက်လာရင် ယုံကြည်ချက်မရှိဘူးလို့ပြောခဲ့ဖူးပါတယ်။ တစ်ချို့က သူမရဲ့လှပပြည့်စုံလွန်းတဲ့ရုပ်ရည်ကိုဝေဖန်တာတွေရှိတာကြောင့် မဝံ့မရဲဖြစ်ခဲ့ပုံပဲ။ Dilireba က “ကျွန်မရဲ့ရုပ်ရည်နဲ့ပတ်သက်လာရင် ယုံကြည်ချက်တွေမရှိတော့ပါဘူး။

မိန်းမပျိုလေးဖြစ်တော့လည်း တခြားမိန်းကလေးတွေရဲ့အလှတွေကို အားကျရတာမျိုးတွေရှိတာပေါ့။ တခါတလေကျတော့လည်း ငါ့ရဲ့နှုတ်ခမ်းလေးသာ ပိုထူခဲ့မယ်ဆိုရင်..ငါပြုံးလိုက်တိုင်း ပါးချိုင့်လေးတွေ ပေါ်လာမယ်ဆိုရင်..မျက်ရစ်လည်း တစ်ထပ်တည်းရှိမယ်ဆိုရင်.. ဥရောပသူလေးတွေလို နှာတံမြင့်မြင့်လေးတွေရှိမယ်ဆိုရင်.. အဲ့လိုမျိုးတွေ တွေးတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိတာပေါ့လေ” ဆိုပြီး အမှန်တိုင်းပြောပြလာခဲ့ပါတယ်။


လူတိုင်းရဲ့အလှအပစံနှုန်းတွေဟာ တစ်​ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒါကိုကောင်းကောင်းကြီးနာလည်တဲ့ Dilireba လေးကတော့ သူ့ရဲ့သရုပ်ဆောင်အလုပ်မှာပဲ စိတ်နှစ်ပြီး ဇာတ်လမ်းပေါင်းများစွာရိုက်ကူးနေတာမို့လို့ ချစ်စရာကောင်မလေးရဲ့ အသစ်ထွက်လာမဲ့ ဇာတ်လမ်းကောင်းများစွာကို မလွတ်မခံပဲ စောင့်ကြည့်ရပါဦးမယ်။

Source: todayonline
Photos: Weibo
Written: Nay Chi

Share