ဇာတ်လမ်းစုံတွဲအဖြစ်မှ လက်တွေ့ချစ်သူဘဝသို့ တက်လှမ်းသွားကြတဲ့ ထိုင်းအနုပညာရှင်စုံတွဲ (၇) တွဲ

မိမိရဲ့အချစ်ရေးကို ပရိသတ်တွေကိုချပြလို့ရနိုင်တဲ့ ထိုင်းနိုင်ငံရဲ့အနုပညာလောကထဲမှာတော့ ဇာတ်လမ်းတွဲအတူတူရိုက်ကူးရင်း အပြင်မှာပါ ကေယ့်ချစ်သူတွေဖြစ်သွားကြတဲ့ အနုပညာစုံတွဲတွေရှိကြပါတယ်။ ပရိသတ်တွေကြားမှာ လူသိများတဲ့ထိုင်းအနုပညာရှင်စုံတွဲလေးတွေကတော့…

God Itthipat & Richy Oranate

God Itthipat နဲ့ Richy Oranate ကတော့ သူတို့ရဲ့အချစ်ရေးကို တရားဝင်ကြေညာထားတာသိပ်မကြာသေးပါဘူး။ 2020 drama တုန်းက ထွက်ရှိခဲ့တဲ့ “Sorn Ngao Ruk” ဇာတ်လမ်းတွဲမှာ တွဲဖက်သရုပ်ဆောင်တွေအဖြစ် အတူတူပါဝင်သရုပ်ဆောင်ပြီးနောက် တကယ့်လက်တွေ့မှာပါ ချစ်သူတွေအဖြစ် လက်တွဲလိုက်ကြပါပြီ။

Kao Jirayu & Vee Violette

2016 တုန်းကထွက်ခဲ့တဲ့ လူငယ်အချစ်ဇာတ်လမ်းတွဲ “O-Negative” မှာတော့ Kao Jirayu နဲ့ Vee Violette တို့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ချစ်သူဘဝကိုတက်လှမ်းခဲ့ကြပါတယ်။ ချစ်သူသက်တမ်း တစ်နှစ်ကျော်နေပြီဖြစ်ပြီး တကယ်ချစ်စရာကောင်းတဲ့ စုံတွဲလေးတစ်တွဲလည်းဖြစ်ပါတယ်။

Jes Jespipat & Vill Wannarot

Jes Jespipat နဲ့ Vill Wannarot တို့အတွဲလေးကတော့ 2019 ခုနှစ်တုန်းက “Talay Rissaya” ဆိုတဲ့ဇာတ်လမ်းကို အတူတူရိုက်ကူးခဲ့ကြပါတယ်။ ဇာတ်လမ်းထဲမှာ ချစ်သူဘဝကိုအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ Jes နဲ့ Vill ကတော့ လက်ရှိအချိန်မှာ ချစ်သူသက်တမ်း နှစ်နှစ်ကျော်ရှိနေပြီဖြစ်တဲ့ အနုပညာရှင်စုံတွဲဖြစ်ပါတယ်။

Ter Chantavit & Mai Davika

Ter Chantavit နဲ့ Mai Davika တို့ အတွဲလေးကတော့ November 2020 တုန်းကမှ ချစ်သူသက်တမ်း ၃ နှစ်ပြည့်ကို ကျင်းပခဲ့ကြပါတယ်။ 2017 တုန်းကရိုက်ကူးခဲ့တဲ့ “Chai Mai Jing Ying Tae” ဇာတ်လမ်းမှာ တွဲဖက်သရုပ်ဆောင်ခဲ့ပြီး ချစ်သူဘဝကိုတက်လှမ်းခဲ့ကြတာပါ။

Mark Prin & Kimmy Kimberley

ချစ်သူ​တွေဖြစ်တာ ၇ နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ Mark Prin နဲ့ Kimmy Kimberley ကတော့ ပရိတ်သတ်တွေအားကျရတဲ့နောက်ထပ်အနုပညာရှင်စုံတွဲလေးပါပဲ။ ဒါ့ကြောင့်လည်း သူတို့နှစ်ယောက်ရဲ့လက်ထပ်ပွဲကို မျှော်လင့်စောင့်စားနေကြတာဖြစ်ပါတယ်။ 2011 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ “3 Noom Nuer Tong” ဇာတ်လမ်းမှာ ပထမဆုံးအကြိမ် အတူတူစတင်သရုပ်ဆောင်ခဲ့ပြီး ယခုအချိန်မှာတော့ အားကျစရာအနုပညာစုံတွဲလေးဖြစ်နေပါပြီ။

New Wongsakorn & Now Tisanart

New Wongsakorn နဲ့ Now Tisanart တို့ကတော့ ချစ်ကျွမ်းဝင်နေခဲ့ကြတာ ၈နှစ်နီးပါးရှိနေပါပြီ။ 2013 တုန်းက “Payak Payong” ဇာတ်လမ်းတွဲမှာ အတွဲညီညီနဲ့သရုပ်ဆောင်ခဲ့ကြပြီး ယခုအချိန်မှာလည်း ချစ်သူဘဝကို အပေးအယူရှိစွာနဲ့ တည်ဆောက်နေပါတယ်။

Nadech Kugimiya & Yaya Urassaya

Nadech Kugimiya နဲ့ Yaya Urassaya လေးတို့ စုံတွဲလေးကလည်း ပရိသတ်တွေကြားမှာ လူသိများအားကျခံရတဲ့အတွဲလေးပါပဲ။ Nadech ကတော့ 2011 ခုနှစ်တုန်းက “Game Rai Game Ruk” ဇာတ်လမ်းတွဲကို Yaya လေးနဲ့အတူတူရိုက်ကူးနေကတည်းက ချစ်ရသူလေးကို ပိုးပန်းနေခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့စုံတွဲလေးဖြစ်ပြီး နှစ်ကိုယ်တူချစ်သူဘဝကိုဖြစ်သန်းလာခဲ့တာ ၉ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။

Source: ThaiUpdate
Photos: Weibo
Written: Nay Chi

Share