ကလေးသူငယ်တွေအတွက် မွန်မြတ်သော စိတ်ထားကို ပြသခဲ့တဲ့ မင်းသား Kim Seon Ho

အသက် ၃၄ နှစ်အရွယ် ကိုရီးယားမင်းသား Kim Seon Ho ဟာ တောင်ကိုရီးယားနိုင်ငံက သွေးကင်ဆာရောဂါကို ခံစားနေရတဲ့ ကလေးသူငယ်တွေအတွက် ဝမ် သန်း ၁၀၀ (ဒေါ်လာ ၉၀,၅၂၂) ကို လှူဒါန်းခဲ့ပါတယ်။ Ilgan Sports သတင်းဌာနရဲ့ ထုတ်ပြန်ကြေငြာချက်အရ Kim Seon Ho ဟာ သွေးကင်ဆာရောဂါကို ခံစားနေရပြီး အခက်အခဲဖြစ်နေတဲ့ ကလေးတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ကိုရီးယားသွေးကင်ဆာဖောင်ဒေးရှင်းကို ဝမ် သန်း ၁၀၀ (ဒေါ်လာ ၉၀,၅၂၂) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Kim Seon Ho ဟာ ဒီရောဂါဝေဒနာကို ခံစားနေရတဲ့ ကလေးသူငယ်တွေ အပေါ်မှာ အထူးတလည် စိတ်ဝင်စားမှုရှိကြောင်းကို ပြသခဲ့ပါတယ်။ မင်းသား Kim Seon Ho ရဲ့ အေဂျင်စီဖြစ်တဲ့ Salt Entertainment ကလည်း ထိုသတင်းမှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

အေဂျင်စီက “Kim Seon Ho ဟာ မကြာသေးခင်ကပဲ ကိုရီးယားသွေးကင်ဆာဖောင်ဒေးရှင်းကို ဝမ် သန်း ၁၀၀ (ဒေါ်လာ ၉၀,၅၂၂) လှူဒါန်းခဲ့ပါတယ်။ သူဟာ သွေးကင်ဆာရောဂါကို ခံစားနေရပြီး အခက်အခဲဖြစ်နေတဲ့ ကလေးတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကူညီဖို့ ဒီငွေတွေကို လှူဒါန်းခဲ့တာ ဖြစ်ပြီး သေးငယ်တဲ့ ပမာဏဆိုပေမဲ့လည်း အကူအညီဖြစ်ဖို့ မျှော်လင့်ရင်း သူတို့ထံက ရရှိခဲ့တဲ့ အချစ်နဲ့ အားပေးမှုတွေကို ပြန်လည်ပေးဆပ်ချင်တဲ့အတွက် ဒီလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ Kim Seon Ho ကို စိတ်ရင်းနဲ့ ချစ်ခင်ပေးကြတဲ့ ပရိသတ်တွေအတွက် အလှူတစ်ခုလည်း ဖြစ်ပါတယ်။ သူ့ကို ခုလိုအားပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မင်းသား Kim Seon Ho ဟာ လတ်တလောမှာ Frozen ဆိုတဲ့ တေးဂီတပြဇာတ်နဲ့ KBS2 ရုပ်သံလိုင်းရဲ့ ရသစုံရှိုးဖြစ်တဲ့ 2 Days & 1 Night တို့ကနေ တစ်ဆင့် ပရိသတ်တွေိကို တွေ့ဆုံပြီး အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်လျက်ရှိပါတယ်။

ထို့အပြင် Kim Seon Ho ဟာ tvN ရဲ့ “Start Up” နဲ့ “100 Days My Prince” တို့အပြင် JTBC က ထုတ်လွှင့်တဲ့ “Welcome to Waikiki 2” နဲ့ MBC ရုပ်သံလိုင်းရဲ့ “Two Cops” စတဲ့ drama တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

Source : Koreaboo
Photo : Pinterest
Written : ZL

Share