“သူ့ကိုမုန်းရတာပျော်တယ်ဆိုရင် ဆက်မုန်းနေလိုက်ပါ” ဆိုတဲ့ Lay Zhang

အနုပညာရှင်တစ်ယောက်ဖြစ်လာရင် သဘောကျတဲ့သူတွေရှိသလိုပဲ သဘောမတွေ့တဲ့ ​anti-fan တွေလည်း ရှိနေစမြဲပါ။ EXO အဖွဲ့ဝင်ဖြစ်တဲ့ Lay Zhang ကတော့ ပရိသတ်တွေကို ဘယ်အချိန်မှာမဆို ဂရုစိုကိနွေးထွေးကြင်နာတတ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ဒါကိုလည်း နှစ်ခြိုက်ခြင်းမရှိတဲ့သူတွေလည်းရှိနေတာကြောင့် Lay ဟာ အခွင့်အရေးရမယ်ဆိုရင် Anti-Fan တွေကို ပြောချင်တဲ့စကားရှိကြောင်း Only 3 Days ဆိုတဲ့ ပရိုဂရမ်မှာ ပြောပြခဲ့ဖူးပါတယ်။ အနုပညာရှင်တွေရှိရင် ဝေဖန်တိုက်ခိုက်တဲ့သူတွေကလည်း ရှိနေတာ ဟိုးယခင်ကတည်းကဖြစ်ပါတယ်။

Internt အသုံးပြုသူတွေများပြားလာတာနဲ့အမျှ အလွယ်တကူပဲဝေဖန်လို့ရနေတဲ့ခေတ်ကာလကြီးဖြစ်တာမို့လို့ အနုပညာရှင်တွေအနေနဲ့လည်း lawsuits တွေထားကာ အကာအကွယ်ပြုလုပ်ထားတာမျိုးတွေရှိကြပါတယ်။ Lay အနေနဲ့ Anti-Fan တွေနဲ့ပတ်သက်ပြီး “ကျွန်တော့်မှာ Lawsuits တွေ အများကြီးရှိပါတယ်။

ဒါပေမဲ့ ကျွန်တော်က Anti တွေကို လူဆိုးတွေလို့ မသတ်မှတ်ထားပါဘူး။ တကယ်က သူတို့ရဲ့ဖြစ်တည်မှုကို သတိထားမိလာအောင် တမင်လုပ်နေတယ်လို့ပဲ ထင်ပါတယ်။ အနုပညာရှင်တွေအနေနဲ့ သူတို့ရဲ့မကောင်းတဲ့မှတ်ချက်တွေကို မမြင်ရအောင်လုပ်လို့ရတယ်လေ။ Application ကို ဖျက်လိုက်ပေါ့။ ဒါဆို ဘာမှမမြင်ရတော့ဘူး။

အကုန်လုံးသာသာယာယာပဲ။ ကျွန်တော့်အနေနဲ့ သေချာတွေးဆပြီး Anti-Fan တွေအတွက် ပြောချင်တဲ့စကားရှိပါတယ်။ ကျွန်တော့်ကိုအမြင်မကြည်ဘဲ မုန်းနေရတာ သူတို့ကို တကယ်ပျော်ရွှင်စေမယ်ဆိုရင် ဆက်မုန်းနေလိုက်ပါ။ ပျော်နေဖို့ကအဓိကပဲလေ” ဆိုပြီး ပြောပြခဲ့ပါတယ်။ Lay ရဲ့ ပြောဆိုချက်တွေကို ကြားသိပြီးကြတဲ့နောက် ပရိသတ်တွေဟာ ရင်ထဲထိကုန်ကြပါတော့တယ်။

စကားကိုတည့်တိုးပြောတတ်ပြီး ပွင့်လင်းတဲ့စိတ်ဓာတ်ပိုင်ရှင် Lay ရဲ့ စကားတွေကတော့ Anti တွေကိုတောင် အရည်ပျော်ကျသွား​စေနိုင်ပါတယ်။ Lay ရဲ့ဖြူစင်တဲ့နှလုံးသားကို အတိုင်းသားမြင်နေရတာကြောင့် အားပေးသူတွေကတော့ ယခင်ကထက် ကာကွယ်ပံ့ပိုးပေးချင်စိတ်တွေ ဖြစ်ပေါ်လာစေပါတော့တယ်။

Source: Koreaboo
Photos: Weibo
Written: Nay Chi

Share