TWICE အဖွဲ့ဝင် Tzuyu ရဲ့ ထိုင်ဝမ်မှာ ရှိတဲ့ နေအိမ် ဖောက်ထွင်းခံရ

မကြာသေးခင် ရက်ပိုင်းက TWICE အဖွဲ့ဝင် Tzuyu ရဲ့ မိသားစုဝင်တွေ နေထိုင်တဲ့ ထိုင်ဝမ်က အိမ်ဟာ ဖောက်ထွင်းခံခဲ့ရပါတယ်။ သို့သော်လည်း ဖောက်ထွင်းသူဟာ ပိုက်ဆံအတွက် လုပ်ခဲ့တာမဟုတ်ပဲ Tzuyu လက်မှတ်ထိုးထားတဲ့ ပစ္စည်းတွေကို ခိုးယူဖို့အတွက် လုပ်ခဲ့တာပါ။ ကံမကောင်းစွာနဲ့ပဲ ကျူးလွန်သူဟာ Tzuyu တို့ မိသားစုဝင်ထဲက တစ်ယောက်ရဲ့ သူငယ်ချင်းက မိတ်ဆက်ပေးတဲ့ သန့်ရှင်းရေးလုပ်ဖို့ ခေါ်ထားတဲ့သူ ဖြစ်နေပါတယ်။

ထိုသန့်ရှင်းရေးသမားဟာ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး Tzuyu ရဲ့ လက်မှတ်ပါရှိတဲ့ ပိုစတာ၊ အယ်လ်ဘမ်တွေနဲ့ တခြားပစ္စည်းတွေကို ခိုးယူခဲ့ပါတယ်။ မိသားစုဝင်တွေဟာ ဒီအဖြစ်အပျက်ကို သိရှိပြီး သူမကို ရဲတိုင်ခဲ့တဲ့အခါမှာတော့ ထိုသန့်ရှင်းသမားကို ဖမ်းမိခဲ့ပါတယ်။

Kaohsiung မြို့တော်မှုခင်းတက္ကသိုလ်က ဓာတ်ပုံ ၆၂ ပုံ၊ album ၁၁ ချပ် နဲ့ TWICE photobook ၂ ခုကို သိမ်းဆည်းရရှိခဲ့ပြီး အကုန်လုံးမှာ Tzuyu ရဲ့ လက်မှတ်ပါရှိပါတယ်။ သို့ပေမဲ့ သူမကို ဖမ်းမိချိန်မှာတော့ album တစ်ချပ်ကို ၁၀၇ ဒေါ်လာ နဲ့ ရောင်းချပြီးပြီ ဖြစ်ပါတယ်။ အခုအချိန်မှာ ကျူးလွန်သူကို ဒဏ်ငွေဆောင်ခိုင်းပြီး ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးထားပါတယ်။

ရဲတွေရဲ့ ပြောစကားအရ ဒီအဖြစ်အပျက်ဖြစ်ခဲ့တာ ၃ ရက်ကြာပြီလို့ သိရပါတယ်။ ရဲတွေက သူမဟာ ခိုးမှုအပြင် ဒီပစ္စည်းတွေကို ရောင်းချပြီး အမြတ်ထုတ်ဖို့ ရည်ရွယ်ချက်ရှိတာကြောင့် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး JYP Entertainment ကရော Tzuyu ကပါ တစ်စုံတစ်ရာကို တရားဝင် ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။

Source : Koreaboo
Photo : Twitter
Written : ZL

Share