IU ဆိုတဲ့ ချစ်စရာ အဆိုတော်မလေးကတော့ အဆိုဘက်မှာသာမက သရုပ်ဆောင်ပိုင်းမှာပါ ပါရမီပါသူပဲဖြစ်ပါတယ်။ နံမည်ကြီး ဒရမ်မာတွေမှာ ပါဝင်ခဲ့ပြီးတော့ သူ့ရဲ့ သရုပ်ဆောင် စွမ်းရည်တွေက ပရိသတ်ကို အံ့အားသင့်စေပါတယ်။ ဒါ့အပြင် သူမဟာ ကာရိုက်တာနဲ့လိုက်ဖက်အောင် ဖက်ရှင်ဆန်းစစ်နိုင်သူလည်းဖြစ်ပါတယ်။
1. Hotel De Luna (Jang Man Wol)
IU ရဲ့ ဖက်ရှင်အကြောင်းပြောရင်တော့ Hotel De Luna ကို ချန်ထားလို့မဖြစ်ပါဘူး။ ဒီ ဒရမ်မာထဲမှာဆိုရင် IU ဟာ ဟိုတယ်ကြီးကို နှစ်ပေါင်းထောင်ချီအောင် လည်ပတ်ခဲ့တဲ့ သူဌေးမပုံစံမျိုးဖြစ်ပါတယ်။ ဒီထဲမှာ သူမရဲ့ ဖက်ရှင်ဟာဆိုရင် အရင်ခေတ်ပုံစံ နဲ့အတူ ခေတ်မှီတဲ့ အမြင်နဲ့ ပြန်လည် ဆန်းသစ်ပြီး ဂန္တဝင်ဆန်ဆန်ကျော့ရှင်းနေတာကို မြင်ရမှာပါ။
သူမရဲ့ ဝတ်စုံတိုင်းဟာ သူမရဲ့ စရိုက်လက္ခဏာကို ဖော်ကျူးပေးနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သူမ သုံးထားတဲ့ ဦးထုပ် ၊ ဆံထိုး နဲ့ လက်ဝတ်ရတနာတွေကလည်း သူမရဲ့ ကာရိုက်တာကို ပိုမိုပီပြင်စေပါတယ်။ မိတ်ကပ် အပြင်အဆင်က အစ သေချာ ဂရုစိုက်ထားတာကိုပါ မြင်တွေ့ရပါတယ်။
2.Bel Ami (Kim Bo Tong)
Bel Ami ဆိုတဲ့ ဒရမ်မာဟာဆိုရင် လွန်ခဲ့တဲ့ ၈နှစ်လောက်က ထုတ်လွှင့်ခဲ့တဲ့ ဒရမ်မာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီဒရမ်မာထဲက IU ရဲ့ ဖက်ရှင်ဟာ ခုချိန်ထိ လက်ဆတ်နေတုန်းပါပဲ။ ဒီထဲမှာဆိုရင် IU က ကျောင်းတုန်းကသိခဲ့တဲ့ သူဌေးသားလေးကို စိတ်ဝင်စားတဲ့ Kim Bo Tong ဆိုတဲ့ သာမန် ကောင်မလေး ပုံစံ သရုပ်ဆောင်ထားပါတယ်။
ဒီထဲက ဖက်ရှင်က Hotel De Luna ထဲက ဖက်ရှင်လို တခမ်းတနားကြီးဖြစ်မနေပေမယ့် သူမရဲ့ ချစ်စရာကောင်းတဲ့ ဖက်ရှင်လေးတွေကို ဒရမ်မာ ပရိသတ်တွေအတွက်ကတော့ မှတ်မှတ်ရရဖြစ်နေမှာပါ။ ဒီဒရမ်မာထဲက IU ရဲ့ ဆံပင်အတို လှိုင်းကောင်လေးတွေဟာဆိုရင် ခုချိန်ထိ ခေတ်မှီနေတဲ့ ပုံစံလေးပဲ ဖြစ်ပါတယ်။
3.THE Producers (Cindy)
နောက်တစ်ကားကတော့ The Prouducers ပဲဖြစ်ပါတယ်။ ဒီထဲမှာ ဆိုရင် IU ကို idol တစ်ယောက်မှာတွေ့ရတဲ့ လက္ခဏာတွေ အပြည့်နဲ့တွေ့ရမှာပါ။ အသက်ငယ်ငယ်လေးကတည်းက Debut လုပ်ခဲ့ပြီး အေးစက်စက်နိုင်တဲ့ idol Cindy အဖြစ်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
ဒီထဲမှာ ထင်ရှားတာကတော့ သူမရဲ့ အနင်ရောင် ဆံပင် အရှည်နဲ့ အနီရောင် နှုတ်ခမ်း တစ်စုံပါ။ ဒီအတွဲအစပ်က သူမရဲ့ သရုပ်ဆောင်မှုနဲ့ လိုက်ဖက်ပြီး တကယ်ကို ကာရိုက်တာကို ပီပြင်စေခဲ့ပါတယ်။ ဆွဲဆောင်မှုရှိပြီး ၊ စတိုင်လ်မိုက်မိုက်၊ ရည်မှန်းချက်ကြီးမားတဲ့ Idol တစ်ယောက်သွင်ပြင်ကို ပံ့ပိုးပေးနိုင်ခဲ့တဲ့ IU ရဲ့ ဖက်ရှင်တွေပဲ ဖြစ်ပါတယ်။
4.My Mister (Lee Ji An)
ဒီ ဒရမ်မာထဲမှာတော့ တခြား ကာရိုက်တာတွေနဲ့ လုံးဝကွဲထွက်နေတဲ့ IU ကိုတွေ့ရမှာပါ။ သူမ သရုပ်ဆောင်ခဲ့တဲ့ Lee Ji an ဆိုတဲ့ ကာရိုက်တာဟာ အကြွေးတွေနဲ့ ဒုက္ခရောက်ကာ အဘွားကိုလည်း တစ်ဖက်စောင့်ရှောက်ပေးနေရတဲ့ အမျိုးသမီး တစ်ယောက်ပဲဖြစ်ပါတယ်။
ဒီထဲက ဖက်ရှင်က အထူးတလည်ပြောစရာမဟုတ်ဘူးလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် သူမရဲ့ သည်းခံတတ်မှုတွေ၊ ဝမ်နည်းမှုတွေနဲ့ အတူ ဆောင်းဦးရဲ့ အရသာကို ခံစားရတာကတော့ ငြင်းလို့မရပါဘူး။ IU ရဲ့ နဂို တက်ကြွတဲ့ အသွင်အပြင်ကို မေ့ပြီး ကာရိုက်တာဝင်အောင် သူမရဲ့ သရုပ်ဆောင်စွမ်းရည်က တကယ် ပီပြင်ခဲ့ပါတယ်။
ဒီလိုပီပြင်အောင်လည်း သူမအနေနဲ့ တကယ့်ကို အရောင်နုတွေကို အခြေခံကာ ကာရိုက်တာနဲ့ ကိုက်ညီအောင် ဖန်တီးခဲ့တာပါ။ ဒီထဲမှာ နံမည်ကြီး တံဆိပ်တွေ ဝတ်မထားပေမယ့် ကာရိုက်တာနဲ့ ကိုက်ညီတဲ့ သူမရဲ့ ဖက်ရှင် အမြင်ကတော့ တကယ် အားရစရာပါ။
ဒီ ကာရိုက်တာ ၄ခုလုံးက တကယ်ကိုကွဲပြားပါတယ်။ ဒါပေမယ့် IU ကတော့ ဆင်းရဲတဲ့ ကာရိုက်တာဖြစ်ဖြစ် ချမ်းသာတဲ့ ကာရိုက်တာဖြစ်ဖြစ် အံဝင်ခွင်ကျအောင် သရုပ်ဆောင်နိုင်ပါတယ်။ ပရိသတ်ကြီးရော IU ရဲ့ ဘယ် ဖက်ရှင်တွေကို အကြိုက်ဆုံးဖြစ်မလဲ။
Source:soompi
Photo:kbs
Written:zunepwint