Huang Zitao ဟာ Sign Language ကို ဘာအတွက်ကြောင့်သင်ယူခဲ့သလဲ

မှန်ရာကိုပြောရဲဆိုရဲတဲ့ Tao လေးကိုတော့ ချစ်ခင်အားပေးကြတဲ့သူတွေရှိသလိုပဲ တစ်ဖက်မှာလည်း ထုံးစံအတိုင်း သဘောမကျတဲ့သူတွေရှိနေပါတယ်။ တကယ်တော့ Tao ဆိုတာဟာနူးညံ့တဲ့စိတ်ထားရှိပြီး တစ်ဖက်လူအပေါ်လွန်စွာတွေးတောပေးတတ်တဲ့သူဖြစ်ကြောင်း အချိန်ကြာလာနဲ့အမျှသိလာနိုင်ပါတယ်။

Tao ကိုအမြဲတမ်းစောင့်ကြည့်အားပေးနေကြတဲ့ပရိသတ်တွေကတော့ ပန်ဒါလေးဟာ Sign Language ဆိုတဲ့ လက်ဟန်ဘာသာစကားကို တော်တော်ကျွမ်းကျင်စွာတတ်မြောက်နေကြောင်းကို သတိထားမိကြပါတယ်။ Tao ဟာ ဒီလိုကျွမ်းကျင်ရတဲ့အကြောင်းလေးကလည်း အလွန်ကိုလေးနက်နေတာကြောင့် Tao ရဲ့ဖြူစင်တဲ့နှလုံးသားလေးကို မြင်တွေ့ရမှာပါ။

အားပေးသူလေးတွေကတော့ Tao ဟာ အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရှားနေတာကိုကြည့်ရုံနဲ့ ဘာပြောချင်နေသလဲဆိုတာကိုကောင်းကောင်းကြီးနာလည်နေတဲ့အပြင် sign language ကိုပါ အသုံးပြုနေတာကို တွေ့ရှိခဲ့တာကြောင့် Tao နဲ့ပတ်သက်သမျှကိုရှာဖွေလေ့လာကြပါတော့တယ်။

ဟိုးအရင်ကပြုလုပ်ခဲ့တဲ့ Interview တစ်ခုမှာဆိုရင်တော့ Tao ဟာ sign language ကို သင်ယူခဲ့တယ်လို့ဆိုပါတယ်။ သင်ယူရတဲ့အကြောင်းကလည်း သူ့ရဲ့ငယ်သူငယ်ချင်း Chen Chen နဲ့ ပြောဆိုဆက်ဆံနိုင်ဖို့အတွက်ပါတဲ့။ “တရုတ်ကနေ ထွက်မလာခင်တုန်းက ကျွန်တော့်ရဲ့သူငယ်ချင်း Chen Chen ကို ကတိပေးခဲ့တယ်။

တရုတ်ကိုပြန်လာရင် သူနဲ့သေချာပေါက် အလုပ်တွဲလုပ်မယ်ဆိုပြီးတော့ပေါ့။ နားမကြားလို့စကားပါမပြောနိုင်တဲ့သူတွေကို ကူညီပါလို့ပြောနေပေမဲ့ လက်တွေ့အသိုင်းအဝိုင်းမှာတော့ အထင်သေးတဲ့အကြည့်တွေနဲ့ကြည့်တာမျိုးတွေရှိနိုင်တယ်။ ဒါမှမဟုတ်ရင်လည်း သူတို့နဲ့သင့်တော်မဲ့အလုပ်မျိုးရဖို့ တော်တော်ခက်ခဲတာမျိုးတွေရှိမယ်။

ဒါ့ကြောင့်မို့လို့ ကျွန်တော်ဟာ ကျွန်တော့်သူငယ်ချင်းကိုတော့ ကူညီပံ့ပိုးရမယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့တစ်ဖက်မှာလည်း သူ့ရဲ့ကိုယ်ပိုင်ဘဝလေးကိုပိုင်ဆိုင်စေချင်တယ်။ လူတွေကတစ်ချိန်လုံးသူ့ကိုကြည့်နေတာမျိုးတွေမလိုချင်ပါဘူး။

Chen Chen ကလည်း အဲ့လိုမျိုးမဖြစ်ချင်ဘူးလေ.သူနဲ့ဆက်သွယ်နိုင်ဖို့ Sign Language ကို သင်ယူခဲ့တာပါ” ဆိုပြီး ပြောပြခဲ့ဖူးပါတယ်။ တကယ်ကိုတွေးတောကြင်နာတတ်တဲ့ Tao လေးပါပဲ။ ကတိပေးထားတဲ့အတိုင်း Chen Chen ကို ဖေးမလက်တွဲခဲ့ပြီး သူ့ရဲ့ manager အဖြစ် ခန့်ထားပြီး နေရ့က်တိုင်းမှာလည်း Chen Chen အတွက် ကူညီပေးခဲ့ပါတယ်။

အချစ်ဆုံးသူငယ်ချင်းအတွက် ကော်ဖီဆိုင်ဖွင့်နိုင်ဖို့ကူညီပေးခဲ့သေးတဲ့ Tao ရဲ့ အခုလိုအကြောင်းအရာကို ဂဂဃဃသိလာရတော့ ပိုပြီးကို လေးစားမိပါတယ်။ ကိုယ့်ရဲ့မိတ်ဆွေ၊အပေါင်းအသင်း၊ပရိသတ်တွေကို အလေးထားတဲ့နေရာမှာ Tao လေးကတော့ စံတင်လောက်ပါတယ်နော်။

Source: TDonline
Photos: Weibo
Written: Nay Chi

Share