ငယ်စဉ်ကတည်းက လှပသူဖြစ်ကြောင်းကို သက်သေပြနေတဲ့ ၁၇ နှစ်အရွယ် Dilraba ရဲ့ ဓာတ်ပုံလေးများ

Dilraba Dilmurat ကတော့ တရုတ်နိုင်ငံရဲ့ အလှဆုံးမင်းသမီးလေးတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုတွေလည်း များစွာရရှိထားသူဖြစ်ပါတယ်။ အနုပညာလောကထဲကို စတင်ဝင်ရောက်လာချိန်ကစပြီး တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာခဲ့တာဟာ ယခုချိန်မှာတော့ လူတိုင်းအလိုရှိနေတဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်နေပါပြီ။

ပြီးပြည့်စုံပြီး အချိုးအစားကျလွန်းတဲ့ ရုပ်ရည်နဲ့ခန္ဓာကိုယ်ပိုင်ရှင်လေးဖြစ်တာကြောင့် တချို့က ခွဲစိတ်ထားလေသလားဆိုပြီး သံသယဝင်တာမျိုးရှိပေမဲ့လည်း Dilireba ရဲ့ ၁၇ နှစ်တုန်းကဓာတ်ပုံလေးတွေဟာ ထိုသံသယတွေကို လွင့်စင်သွားစေခဲ့ပါတော့တယ်။

အနုပညာလောကထဲကိုဝင်ရောက်မလာသေးခင် ၁ရနှစ်ဝန်းကျင်တုန်းက Dilireba လေးဟာ Northeast Normal University မှာ တက်ရောက်နေတုန်းပဲဖြစ်ပါတယ်။ လူငယ်ပီပီ တကိုယ်တော်ခရီးထွက်တုန်းက လူတစ်ချို့နဲ့အတူ ဓာတ်ပုံရိုက်ခဲ့တာဖြစ်ပြီး အရင်တုန်းကပုံတွေဖြစ်တာကြောင့် ထင်ရှားနေတာမျိုးမဟုတ်ပါဘူး။

ဒါပေမဲ့လည်း makeup ခြယ်သထားခြင်းမရှိတဲ့အပြင် ဘာမှမပါတဲ့ မျက်နှာပြောင်လေးကို မြင်နေရပြီး ပရိသတ်တွေကတော့ Dilireba ဟာ မွေးရပါရုပ်ခံရှိပြီး ချောမောလွန်းသူလေးဖြစ်ကြောင်း ချီးမွမ်းခဲ့ကြပါတယ်။ ရိုးရှင်းစွာဝတ်ဆင်ထားတဲ့ အင်္ကျီနဲ့ ဂျင်းဘောင်းဘီလေးနဲ့တောင် Reba ဟာ လွန်စွာကြည့်ခဲ့နေခဲ့တာပါ။ ဆယ်ကျော်သက်အရွယ်အလှကတော့ မြင်ရုံနဲ့တစ်သက်စွဲသွားအောင် ဆွဲဆောင်မှုရှိပြီး လှပနေတာဖြစ်ပါတယ်။

Dilireba ရဲ့ ပြေပြစ်လှပတဲ့ရုပ်ရည်သွင်ပြင်ကြောင့် အားလုံးကအားကျနေရတာဖြစ်ပြီး ပြင်ဆင်ထားခြင်းမရှိတာတောင် အလှကထင်းနေသူလေးဖြစ်တဲ့အပြင် အတွင်းစိတ်ထားလေးကလည်း သူမတူအောင် လှပဖြူစင်သူလေးဖြစ်တာမို့လို့ တစ်နေ့တခြားချစ်ခင်သူတွေများပြားလာပါတော့တယ်။

Source: HPTV
Photos: HPTV
Written: Nay Chi

Share