EXO အဖွဲ့ရဲ့ Sehun သူများတွေထက် ပိုထူးခြားပြီး Visual တစ်ယောက် ဖြစ်နေရတဲ့ အကြောင်းရင်း

EXO အဖွဲ့ရဲ့ Sehun က တော့ သူ့ရဲ့ နတ်ဘုရားသဖွယ် ထုဆစ်ထားသလား အောက်မေ့ရတဲ့ Body Structure ရှိတဲ့အပြင် ရုပ်ရည်ကလည်း အမြဲ လူကြားထဲထင်းထွက်နေတဲ့သူပါ။Visual နဲ့ပက်သက်ရင် online hot search တွေမှာ Sehun က ထိပ်ဆုံးမှာပါ ပါတယ်။ဒါတွေဟာ ပုံကြီးချဲ့ပြီး ပြောတာလား တကယ်လားဆိုတာ ခုဖော်ပြထားတဲ့ ပုံတွေကြည့်ပြီး သုံးသပ်လိုက်ကြရအောင်နော်။

Model တစ်ယောက်ရဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိတယ်ဆိုတာ အထင်းသားပေါ်နေတဲ့ ဒီ video လေး online မှာ ပျံ့ပြီးတဲ့နောက်မှာတော့ Sehun ဟာ “God among men” ဆိုပြီး လူပြောများခဲ့ပါတယ်။ ဒါကတော့ လူဘယ်လောက်ထူထပ်နေပစေ ထင်းထွက်နေတဲ့ sehun ရဲ့ရုပ်ရည်ကို အကဲဖြတ်လို့ ရနိုင်ပါတယ်။

ဘယ်လိုပုံစံမျိုးဘဲ ဝတ်ထားထား သူ့ရဲ့ပုံရိပ် ကျဆင်းမသွားတာ ဘုရားပေးတဲ့ ဆုလာဒ်လိုပါဘဲ။ လမ်းလျှောက်တဲ့ပုံစံက အစ တမူထူးခြားပြီး smart ကျကျ ဖြစ်နေတာလည်း တွေ့နိုင်ပါတယ်။ အရပ်ကလည်း ၆ ပေ ကျော်ရှည်တဲ့အပြင် ရင်အုပ်ကျယ်ကျယ်နဲ့ ကျစ်လစ်တဲ့ ခန္တာကိုယ်ပိုင်ဆိုင်ထားတဲ့အတွက် အားလုံးက လှည့်မကြည့်ဘဲ မနေနိုင်ကြပါဖူး။

တကိုယ်လုံးကို ဝတ်စုံပြည့် ဖုံးကာထားရင်တောင် Sehun ကို လူတွေက သတိထားမိကြပါတယ်။ ဦးထုပ်ဆောင်းထားပြီး မျက်နှာကွယ်နေရင်တောင် sehun က တောက်ပနေတုန်းပါဘဲ။ Airport ဆင်းရင်လည်း ကိုယ်ပိုင် runway များ လျှောက်သလား ထင်မှတ်မှားရတဲ့သူပါ။ Sehun ကို အပြင်မှာတွေ့ဖူးသူတွေထဲမှာ Fan တွေအပြင် Non-fan တွေကပါ Sehun က တသက်မမေ့စရာ မျက်နှာမျိုး ဖြစ်တယ်လို့ ဆိုကြပါတယ်။

ခုလိုအချက်တွေကြောင့် Sehun ဟာ တခြားသူတွေထက်မတူ တမူထူးခြားနေတဲ့သူ ဆိုတာအမှန်ပါဘဲနော်။ ဒီအချက်တွေကြောင့်ဘဲ Fashion Show တော်တော်များများကို တက်ရောက်ရလေ့ရှိပြီး Dior Brand Ambassador အဖြစ် လည်း ရွေးချယ်ခံခဲ့ရပါတယ်။

Source: Koreaboo
Written: Violet

Share