Disney Princess လေးတွေအလား ထင်မှတ်မှားရတဲ့ ကျက်သရေရှိရှိ လှနေတဲ့ Female idol (3) ယောက်

ခုဖော်ပြပေးမဲ့ Female Idol (3) ယောက်ကတော့ သူများတွေထက်ထူးပြီး နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့လေးနဲ့ မိန်းကလေးဆန်တဲ့သွင်ပြင် ရှိတာကြောင့်မို့ Disney Princess လေး​တွေ အလား ထင်မှတ်ရပါတယ်။ အသွင်အပြင်ကအစ လှုပ်ရှားမှုအဆုံး တော်ဝင်ဆန်တဲ့ အလှတရားကို ကိုယ်စားပြုနေတာမို့ ပရိသတ်တွေ ကြည့်ရှုခံစားလို့ ရအောင် ခုလို ဖော်ပြပေးလိုက်ပါတယ်။

1. Jang Wonyoung (IZ*ONE)

Wonyoung ကို ကြည့်လိုက်တိုင်း stage ပေါ်မှာ ရော off stage မှာရော Princess vibe အပြည့်နဲ့ ရှိနေတာကိုတွေ့ရမှာပါ။ အဖွဲ့ထဲမှာ အငယ်ဆုံးဖြစ်သလို K pop idol တွေထဲမှာလည်း အသက်တော်တော်ငယ်သေးတဲ့ idol တစ်ယောက်ဖြစ်ပါတယ်။ ငယ်ရွယ်နုနယ်တဲ့ ပုံစံလေးကြောင့်လည်း ခုလိုထူးခြားနေတာ ဖြစ်မယ်လို့ ထင်ပါတယ်။

သူမရဲ့လှပနူးညံ့တဲ့မျက်နှာသွင်ပြင်လေးက ကျက်သရေအပြည့်ရှိနေတဲ့အပြင် သူမရဲ့ iconic hair style ဖြစ်တဲ့ Princess လိုမျိုး လှိုင်းအတွန့်ပုံစံ ဆံပင်အရှည်လေးကြောင့် Wonyoung ကို တကယ့်အပြင်ဘဝက တော်ဝင်မင်းသမီးလေးတပါးလို အလွယ်တကူမြင်ယောင်နိုင်မှာ ဖြစ်ပါတယ်။

2. IU

IU ကတော့ သူမရဲ့ fairytale ဆန်ဆန်အလှတရားကြောင့် ဒီ Princess idol စာရင်းမှာ ပါလာတာ ဖြစ်ပါတယ်။ IU တစ်ယောက် ဂါဝန်အရှည်လေး ဝတ်ထားလိုက်ရင် ပုံပြင်စာအုပ်ထဲကများ ခုန်ထွက်လာသလား အောက်မေ့ရပါတယ်။

သူမရဲ့ ကိုယ်နှုတ်အမူအရာကလည်း ကြင်ကြင်နာနာရှိပြီး နူးညံ့သိမ်မွေ့တာကြောင့် Royalty ဖြစ်တာကို ခံစားရမှာပါ။ ထပ်ပေါင်းပြောရရင်တော့ IUရဲ့ angelic voice က သူမ လိုဘဲ magical ဆန်ပါတယ်။

3. Yoona (Girls’ Generation)

Yoona ကတော့ သူမရဲ့ သေးသွယ်ပြီး မိန်းကလေးဆန်တဲ့ မျက်နှာလေးရှိတဲ့အပြင် အဖွဲ့ရဲ့ Visual လည်း ဖြစ်တာကြောင့် စံပြမင်းသမီးလေးသဖွယ် ဖြစ်နေတာပါ။ ခုလို အဝါရောင်ဂါဝန်လေး ဝတ်ထားတော့လည်း Disney Princess လေး Belle ကျနေတာဘဲနော်။

Yoona တစ်ယောက် ဆံပင်အတိုလေးနဲ့ဆို Confidence ရှိရှိနဲ့ ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်လိုပါဘဲနော်။ ဒါ့အပြင် ဆံပင်အရှည်ကောက်လေးနဲ့ဆိုလည်း ကျက်သရေရှိရှိ ခုလိုလှနေတာကို မြင်ရမှာပါ။


Source: koreaboo
Written: Violet

Share