K idol ဖြစ်ဖို့ ကြိုးစားနေတဲ့သူတွေ Audition ဝင်ဖြေတဲ့အခါ အဆင်ပြေချောမွေ့စေဖို့ BLACKPINK အဖွဲ့က ဘယ်လိုအကြံဥာဏ်ပေးထားသလည်းဆိုတော့

Kpop ခေတ်စားလာနဲ့အမျှ ခုခေတ်မှာ K idol ဖြစ်ချင်တဲ့သူတွေဟာ ဒုနဲ့ဒေးပါဘဲ။ Korea လူမျိုးမဟုတ်လည်း Korea entertainment agency တွေက နိုင်ငံတကာမှာ လူရွေးပွဲတွေ ပြုလုပ်ပေးနေတာကြောင့် audition ဝင်စစ်ကြည့်ပြီး Idol ဖြစ်လာနိုင်ပါတယ်နော်။ နာမည်ကြီး BLACKPINK အဖွဲ့က Lisa ဟာ ထိုင်းလူမျိုးဆိုပေမဲ့ K idol အနေနဲ့ အောင်မြင်နေတာ သက်သေပါ။

2017 ခုနှစ်တုန်းက BLACKPINK ပါဝင်ခဲ့တဲ့ “Arirang Radio‘s Super K-Pop” အစီအစဉ်မှာ ပရိသတ်တစ်ယောက်က လာမဲ့ Sunday မှာ Audition ဖြေရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေကြောင်း ဆိုပြီး cmt မန့်ခဲ့ပါတယ်။ BLACKPINK အဖွဲ့ကလည်း ပရိသတ်ကောင်မလေးအတွက် အားပေးခဲ့ကြပြီး အကြံဥာဏ်တွေလည်း ပေးခဲ့ပါတယ်။

Rosé ကတော့ ပရိသတ်ကောင်မလေးကို confidence အပြည့်နဲ့သွားဖြေနိုင်အောင် ခုလိုပြောခဲ့ပါတယ်။ “မင်းဟာ ကိုယ့်ပုံစံအစစ်အမှန်နဲ့ကိုယ်ဖြစ်နေပါစေ။ “ဒီမှာ…ငါရောက်နေပြီလေ” ဆိုတဲ့ပုံစံနဲ့ သူတို့ကို စိုက်ကြည့်လိုက်” Jennie ကတော့ တကယ်တမ်း လူရွေးပွဲ အခြေအနေက ဘယ်လိုပုံစံရှိတယ် ဆိုတာနဲ့ပက်သက်ပြီး အစီအစဉ်မှာပြောပြခဲ့ပါတယ်။

Judges တွေဟာ အရည်အချင်းတွေ အရမ်းပြည့်စုံတဲ့ လူကိုရှာနေတာမဟုတ်ဘဲ အလားအလာရှိတဲ့သူမျိုးကိုသာ ရှာတာဖြစ်ကြောင်း Jennie က ခုလိုပြောပြခဲ့ပါတယ်။ “မင်း သီချင်းကိုဘယ်လောက်ကြိုးကြိုးစားစားဆိုနိုင်တာနဲ့ ပက်သက်ပြီးဘဲ ရွေးတာမဟုတ်ဖူး။ သူတို့က မင်းရဲ့အရည်အသွေးတွေကို confidence ရှိရှိနဲ့ မင်း ဘယ်လောက် လုပ်ပြနိုင်တယ်ဆိုတာဘဲ ပိုကြည့်တာ”

Rosé က ထပ်ပေါင်းပြောခဲ့တာကတော့ လူရွေးပွဲတွေမှာ အရည်အချင်းထက် အရည်အသွေးကို အဓိကထား စဉ်းစားကြောင်း၊ ကိုယ့်ရဲ့ ကိုယ်ပိုင် style ဟာ ထင်ပေါ်နေဖို့ဘဲ လိုကြောင်းကို ခုလိုပြောခဲ့ပါတယ်။ “မင်းရဲ့ Personality ကို ချပြလိုက်။ “ဒါ ငါ့ပုံစံ” ဆိုပြီးတော့သာ လုပ်ပြလိုက်”

Rosé ရော Jennie ရော YG Entertainment ကို audition ကနေတဆင့် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ Rosé ဆိုရင် 2012 တုန်းက Australia နိုင်ငံ Sydney မှာ YG ကနေ ကျင်းပပြုလုပ်ပေးခဲ့တဲ့ audition ပွဲကနေ ဖြေဆိုအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ Idol ဖြစ်ဖို့ဆိုတာ Audition အောင်ပြီးသွားရင်လည်း Company မှာ လိုအပ်ရင်လိုအပ်သလောက် Training ဆင်းရပါသေးတယ်။

Company က လုံးဝစိတ်ကြိုက်ဖြစ်သွားပြီဆိုတော့မှ Debut လုပ်ပေးတာ ဖြစ်ပါတယ်။ ယခု Covid ကာလအတွင်းမှာ Online ကနေ Audition ပွဲတွေ ပြုလုပ်ပေးနေတယ်လို့ ကြားသိရပါတယ်။ မြန်မာနိုင်ငံက လူတွေလည်း ဝင်ပြိုင်တဲ့အခါ BLACKPINK အဖွဲ့က ပြောပြတဲ့အကြံဥာဏ်လေးအတိုင်း audition ဝင်ဖြေလို့ရအောင် ခုလိုဖော်ပြပေးလိုက်ပါတယ်နော်။

Source: Koreaboo
Written: Violet

Share