နာမည်ကြီး မင်းသား၊မင်းသမီးတွေပါဝင်ရိုက်ကူးထားတဲ့ တရုတ်ဇာတ်လမ်းတွဲသစ် “Broker”

သရုပ်ဆောင်အရည်အချင်းတွေပြည့်ဝနေတဲ့မင်းသားမင်းသမီးတွေရဲ့ဇာတ်လမ်းကိုမှကြည့်ချင်ရင်တော့ Victoria Song နဲ့ Luo Yumxi တို့ရဲ့ဇာတ်လမ်းသစ်လေးကရှိနေပါတယ်။ “Broker” လို့နာမည်ရတဲ့ တရုတ်ဇာတ်လမ်းလေးကတော့ သိပ္ပံပညာရှင်တွေကြားက လက်တွေ့ဆန်ဆန်အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့…


Qiu Jia Ning (Victoria Song) ဟာ ကုသရေးအထောက်အကူပြုပစ္စည်းများထုတ်လုပ်ဖြန့်ချီရေးကုမ္ပဏီကဦးဆောင်နေတဲ့ စမ်းသပ်မှုတစ်ခုရဲ့ အရေးပါတဲ့အဖွဲ့ဝင်တစ်ယောက်ပါ။ JiaNing ဟာ သူမရဲ့စိတ်နဲ့ခန္ဓာကိုယ်လေ့လာမှုတွေမှာမြှုပ်နှံထားပြီး နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းကနေ ကာကွယ်စောင့်ရှောက်နေတာပဲဖြစ်ပါတယ်။

ကုသရေးအထောက်အကူပြုပစ္စည်း စမ်းသပ်ဖော်ထုတ်ရာကနေ အဆင့်တက်ပြီး လက်တွေ့စမ်းသပ်လေ့လာတဲ့အချိန်ရောက်တော့ Zhou Xiao Shan (Luo YunXi) က အဖွဲ့ဝင်အသစ်အဖြစ် ဆက်သွယ်ပါဝင်လာခဲ့ပါတော့တယ်။ သူဟာအရာရာကို အကွက်ကြိုမြင်တတ်ပြီး ထက်မြက်ပေမဲ့လည်း အနေအေးဆေးတတ်တဲ့သူဖြစ်တာကြောင့်ပဲ Jia Ning က သူ့အကြောင်းကိုစိတ်ဝင်စားလာခဲ့ပါတယ်။

အဲ့လိုပဲ JiaNing ရဲ့အလှနဲ့ စွမ်းဆောင်ရည်တွေကြောင့် Zhou Xiao Shan ဟာ မှင်သက်သွားစေခဲ့ပြီး သူရဲ့ တစ်ကိုယ်တည်းလေ့လာမှုတွေကို အာရုံစူးစိုက်နိုင်ဖို့ခက်ခဲလာပါတော့တယ်။ အနေအေးဆေးတဲ့ XiaoShan ရဲ့ လျှို့ဝှက်ချက်ကဘာလဲ? Jia Ning ကကော အကုန်လုံးကိုသိရှိသွားပြီး XiaoShan ကိုပြောင်းလဲသွားစေနိုင်မလား? နှစ်ယောက်ကြားမှာ ခံစားချက်တွေပေါက်ဖွားလာမလားဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်ရပါတော့မယ်။

ဇာတ်လမ်းကကောင်းမွန်ပြီး ဇာတ်ဆောင်တွေဖြစ်တဲ့ Victoria Song နဲ့ Luo YunXi တို့ဟာလည်း သူတို့တာဝန်ယူရတဲ့ ဇာတ်ကောင်တွေရဲ့စရိုက်နဲ့လွန်စွာကိုက်ညီပြီး လိုက်ဖက်နေတာကြောင့် ပရိသတ်တွေကလည်း ကြည့်ဖို့အတွက် အားခဲထားကြပါတော့တယ်။ Supporting Role မှာလည်း ပရိသတ်တွေနဲ့အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Xu KaiCheng နဲ့ Mo Li တို့ ပါဝင်လာမှာဖြစ်လို့ ကြည့်ရကျိုးတကယ်တန်မဲ့ဇာတ်လမ်းတွဲသစ်ပါပဲနော်။

Source: MDL
Photos: Weibo
Written: Nay Chi