Social Network မှာ ပြန်လူလုံးပြလာတဲ့ EXO အဖွဲ့ဝင် Chanyeol ကတော့ ဒီနေ့မှာလည်း ယခုလက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးနဲ့ ပက်သက်ပြီး ဆုတောင်းစာလေးကို Nacific စာမျက်နှာ ကနေတဆင့် မြန်မာပရိသတ်တွေအတွက် ခုလို ထုတ်ပြန်ပေးခဲ့ပါတယ်။
“မင်္ဂလာပါ, Korea Cosmetics Brand “NACIFIC” headquater ကနေ နှုတ်ခွန်းဆက်သလိုက်ပါတယ်နော်..ယခုလက်ရှိ မြန်မာပြည်မှာ ဖြစ်ပျက်နေသော အရာ များကို NACIFIC နှင့် Brand Ambassador Chanyeol မှလည်း သိရှိနေပြီး များစွာ စိတ်မကောင်း ဖြစ်ရပါတယ်။
မြန်မာလူမျိုးများနှင့် မြန်မာပြည်ကြီး အမြန်ဆုံး ပြန်လည် ကျန်းမာလာပြီး ပျော်ရွှင်မှုများစွာနှင့် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းကြားအပ်ပါတယ်။ ရှေ့လျောက်လည်း မြန်မာပြည်ကြီးကို ချစ်တယ့် Chanyeol နဲ့ NACIFIC ကို ဆက်လက် အားပေးပေးဖို့ တောင်းဆိုပရစေနော် ❤”
Chanyeol ဟာ ဆိုရင် Nacific brand နဲ့ 2020 ထဲက လက်တွဲလုပ်ကိုင်ထားတာဖြစ်ပါတယ်။Nacific brand ကို မြန်မာ ပြည်ကလည်း ကိုယ်စားလှယ် ယူထားတဲ့အတွက် promoting လုပ်တဲ့အခါတိုင်း Chanyeol က မမေ့မလျော့ မြန်မာပရိသတ်တွေအတွက်လည်း fan service လုပ်ပေးတတ်ပါသေးတယ်။
ပြီးခဲ့တဲ့ January လ တုန်းကဆိုရင် “ချစ်တယ်” ဆိုတဲ့ စကားလုံးကို Chanyeol ကိုယ်တိုင် သူ့လက်ရေးနဲ့ သေချာရေးပေးဖူးပါသေးတယ်။ “မြန်မာစာဟာ ပုံဆွဲနေတာနဲ့ တူကြောင်း ၊မြန်မာက fan တွေရဲ့ အားပေးနေမှုကိုလည်း သိနေကြောင်း ၊နောက်ထပ်လည်း မြန်မာကို လာလည်ချင်ကြောင်း” အစသဖြင့် Chanyeol ဟာ မြန်မာနဲ့ ပက်သက်ပြီး ပြောခဲ့ပါတယ်။
Chanyeol ကို ချစ်ခင်အားပေးရတဲ့ ပရိသတ်တွေ ခုလို ကိုယ့် idol က ကိုယ့်မြန်မာနိုင်ငံနဲ့ ပက်သက်ပြီး အမြဲတမ်းအလေးထား ဂရုစိုက် ပေးနေတဲ့အတွက် ကျေနပ်ပီတိ ဖြစ်နေကြမယ်ထင်ပါတယ်။ နောက်ထပ်လာမဲ့ နေ့သစ်တွေအတွက် အားတင်းထားကြပါနော်။
Source: NACIFIC Myanmar စာမျက်နှာ ကို အပြည့်အဝ credit ပေးပါသည်။
Written: Violet
Photo Credit: NACIFIC Myanmar