နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်းပီသစွာ စစ်မှုထမ်းတာဝန်ထမ်းဆောင်တော့မဲ့ EXO’s Chanyeol

Sports Seoul ဆိုတဲ့ သတင်းဌာနရဲ့ report အရ EXO အဖွဲ့ဝင် Chanyeol ဟာ နောက်လမှာ စစ်မှုထမ်းတာဝန် ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။ March လ 29 ရက်နေ့မှာ စတင် စစ်မှုထမ်းမှာဖြစ်ပြီး ဘာတာဝန် ဘာရာထူးနဲ့ ဘယ်ဌာနမှာ ထမ်းဆောင်မလည်းဆိုတာတော့ မသိရှိရသေးပါဖူး။

ခုဆိုရင် စစ်မှုထမ်းတာဝန်ထမ်းဆောင်တဲ့ EXO member 5 ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ အသက်အကြီးဆုံး member ဖြစ်တဲ့ Xiumin နဲ့ D.O. တို့ကတော့ စစ်မှုထမ်းတာဝန်ပြီးဆုံးသွားလို့ ခုဆိုရင် အနုပညာလှုပ်ရှားမှုတွေ ပြန်လုပ်နေပါပြီ။ EXO leader ဖြစ်တဲ့ Suho နဲ့ Chen ကတော့ လက်ရှိမှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။

1992 born တွေဖြစ်ကြတဲ့ အဖွဲ့ထဲက Chanyeol နဲ့ Baekhyun တို့ဟာ ဒီနှစ်ကုန်မတိုင်ခင်အထိ စစ်မှုထမ်းတာဝန်ထမ်းဆောင်ကြလိမ့်မယ်လို့ ပရိသတ်တွေ ထင်ကြေးပေးနေတုန်းမှာဘဲ Chanyeol ကတော့ 5 ယောက်မြောက် member အဖြစ် March လမှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်သွားတာ ဖြစ်ပါတယ်။

SM entertainment က လည်း Chanyeol March လ 29 ရက်မှာ စစ်မှုထမ်း ထမ်းဆောင်မဲ့ သတင်းကို အတည်ပြုပေးခဲ့ပြီး Active duty soldier အဖြစ် ထမ်းဆောင်ရမှာ ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ အချိန်နဲ့ နေရာကတော့ private လုပ်ထားကြောင့် ဆိုပါတယ်။

2021 March လ 29 ရက် နေ့မှာ စစ်မှုစထမ်းမဲ့ Chanyeol ဟာ 2022 September လ 28 ရက်နေ့မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာဖြစ်ပါတယ်။ စစ်မှုထမ်းကာလ တစ်နှစ်နဲ့ ခုနှစ်လ ဖြစ်တဲ့အတွက် ပရိသတ်တွေကတော့ အလွမ်းကြီးလွမ်းနေမယ်ထင်ပါတယ်။ EXO leader ပြောတဲ့အတိုင်း “စောင့်ဆိုင်းရတာ ပျော်ရွှင်ရတယ်ဆိုရင် ဒါအချစ်ပါဘဲ” ဆိုတဲ့အတိုင်း ပရိသတ်တွေအားလုံး အားတင်းထားကြပါနော်။

Source: Koreaboo
Written: Violet

Share