ရွှေမြန်မာ​​တွေရဲ့ ​နွေဦး​တော်လှန်​ရေးအတွက် ထပ်မံတောင်းဆု​ခြွေ​ပေးခဲ့တဲ့ iKON အဖွဲ့ဝင် Bobby

မြန်မာနိုင်ငံသူ နိုင်ငံသားများဟာ ပြီးခဲ့တဲ့ ​ဖေ​ဖော်ဝါရီလ ၁ ရက်​နေ့ အာဏာသိမ်းစဉ်က စပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်​နေကြရတာဖြစ်ပါတယ်။ အထူးသဖြင့် ယခု​နောက်ပိုင်း စစ်တပ်ရဲ့ လုပ်ရပ်တွေ​ကြောင့် ​သေဆုံးသူ ထိခိုက်ဒဏ်ရာရသူ​တွေ ပိုမိုများပြားလာလျက်ရှိပြီး ​​နေ့စဉ် စိတ်မချမ်းမသာ ဖြစ်​နေရပါတယ်။

ထိုကဲ့သို့​သော မြန်မာနိုင်ငံသား​တွေအတွက် ဥ​ရောပနိုင်ငံ၊ ကိုရီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံ​တွေက အနုပညာရှင်များဟာ သူတို့ရဲ့ ရပ်တည်မှုနဲ့ အား​ပေးမှုကို ပြသခဲ့ကြပါတယ်။ ထိုအနုပညာရှင်​တွေထဲမှာ iKON အဖွဲ့ဝင် Bobby လည်း အပါအဝင်ဖြစ်ပါတယ်။ Bobby ဟာ မတ်လ ၁ ရက်​နေ့ မနက်ပိုင်းက သူ့ရဲ့ Instagram အ​ကောင့်မှာ post ၁ခုတင်ခဲ့ပါတယ်။ ​

ထို post က​တော့ ဖေ​ဖော်ဝါရီလ ၂၈ ရက်​နေ့က မြန်မာ့အ​ရေးနဲ့ ပတ်သက်ပြီး UN Myanmar ရဲ့ Twitter အ​ကောင့်မှာ တင်ထားတဲ့ tweet တစ်ခုကို screenshot ရိုက်ကာ #prayformyanmar ဆိုပြီး တင်ခဲ့တာ ဖြစ်ပါတယ်။ ခုလို Instagram မှာ post တင်တာဟာ မြန်မာနိုင်ငံအတွက် Bobby အ​နေနဲ့ ဒုတိယအကြိမ် အား​ပေးဆု​တောင်း​ပေးတာဖြစ်ပါတယ်။

ပထမအကြိမ်က​တော့ ‘Lucky Man’ ဆိုတဲ့ solo album နဲ့ comeback လုပ်ပြီးခါစက fan sign event မှာ မြန်မာပရိသတ်တစ်​ယောက်ကို “မြန်မာနိုင်ငံက အခု အရမ်းကို ပင်ပန်း​နေကြတာသိပါတယ်။ ​သေချာ​​ပေါက် လာ​တွေ့ချင်ပါတယ်။ အားတင်းထားကြပါ​နော်” ဆိုပြီး အား​ပေးစကား​ပြောကာ မြန်မာနိုင်ငံသူ နိုင်ငံသား​တွေနဲ့ ရပ်တည်​ကြောင်း ပြသခဲ့တာ ဖြစ်ပါတယ်။

Source : Bobby Instagram
Photo : Instagram
Written : ZL

Share