“Inkigayo” MC ​အဖြစ်က​နေ ပရိသတ်​​တွေကို ခွဲခွာနှုတ်ဆက်သွားပြီဖြစ်တဲ့ ‘MinNaHyun’ trio

ဖေ​ဖော်ဝါရီလ ၂၈ ရက်​နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ “Inkigayo” အပိုင်းဟာ ဒီ idol ၃ ​ယောက်ရဲ့ Show MC အ​နေနဲ့ လုပ်​ဆောင်ခဲ့တဲ့ ​နောက်ဆုံးရက်ဖြစ်ပါတယ်။ ဒီ ၃​ယောက်ကို​တော့ MinNaHyun trio လို့ လူသိများကြပြီး MONSTA X အဖွဲ့ဝင် Minhyuk, APRIL အဖွဲ့ဝင် Naeun နဲ့ NCT အဖွဲ့ဝင် Jaehyun တို့ရဲ့ နာမည်​တွေကို ​ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

သူတို့ရဲ့ ​နောက်ဆုံးရုပ်သံလွှင့်မှု မစခင်မှာ Minhyuk က သူ့ရဲ့ ​အေဂျင်စီက​နေတဆင့် စကားတစ်ချို့ကို မျှ​ဝေခဲ့ပါတယ်။ သူက “ကျွန်​တော်ငယ်ငယ်က အဆို​တော်ဖြစ်ဖို့ အိပ်မက်မက်ရင်း ကြည့်ခဲ့ရတဲ့ တီဗီအစီအစဉ်မှာ အမြဲတမ်း MC အ​နေနဲ့ ပါဝင်ရ​တော့ တကယ် စိတ်လှုပ်ရှားခဲ့ပါတယ်။

ဒါ​​ပေမဲ့ ခုဆို ၁ နှစ် ၄ လ​​တောင် ကြာခဲ့ပြီး ​နောက်ဆုံး ရုပ်သံထုတ်လွှင့်ဖို့ပဲ ကျန်​ပါတော့တယ်။ ကျွန်​တော် အမြဲတမ်း MC စဖြစ်ချိန်ကစပြီး ​တကယ်​တော်ကြတဲ့ ထုတ်လုပ်​ရေးအဖွဲ့နဲ့ တခြား MC ​တွေ​ပေါ်က အချစ်​တွေက တိုးလာ​နေဆဲပါ ဒါ​ကြောင့် အရမ်း စိတ်မ​ကောင်းဖြစ်မိပါတယ်” လို့ ​ပြောခဲ့ပါတယ်။

ဆက်လက်ပြီး သူက “လူ​တော်လူ​ကောင်း​တွေနဲ့ အလုပ်လုပ်ရင်း အများကြီး သင်ယူခွင့်ရခဲ့တယ်။ ကျွန်​တော်ရရှိခဲ့တဲ့ ပံ့ပိုးမှု​တွေ​ကြောင့် ​ရှေ့​လျှောက် အများကြီး အ​ကောင်အထည်​ဖော်နိုင်​တော့မယ် ထင်ပါတယ်။ အခုချိန်ထိ တနင်္ဂ​နွေ​နေ့တိုင်း အိမ်က​နေ MinNaHyun ကို ချစ်ခင်အား​ပေး​နေကြတဲ့ ကြည့်ရှုသူ​တွေကို ​ကျေးဇူးတင်​ကြောင်း ​ပြောချင်ပါတယ်။ ​

နောက်ဆုံးအ​နေနဲ့ Monbebe ​တွေ ကျွန်​တော် အ​ကောင်းဆုံး ပုံစံနဲ့ ပြန်လာခဲ့ပါမယ်” လို့လည်း ​ပြောကြားခဲ့ပါတယ်။ “Inkigayo” ထုတ်လွှင့်မှုအပြီးမှာလည်း MC တစ်​ယောက်ချင်းစီက ၁ နှစ်နဲ့ ၄ လတာအတွင်း သူတို့ရဲ့ အ​တွေ့အကြုံတွေနဲ့ အ​တွေးအမြင်​တွေကိုလည်း မျှ​ဝေခဲ့ပါတယ်။ အရင်ဆုံး Jaehyun က “ဒီ​နေ့ စတင်မိတ်ဆက်တည်းက တစ်မျိုးကြီး ခံစား​နေရတယ်။ တကယ်ဆိုတာကို မယုံကြည်နိုင်​သေးဘူး။

ဒါ​ပေမဲ့ ဒီဟာပြီးသွားရင်​တော့ ဟာတာတာဖြစ်​နေမယ် ထင်ပါတယ်။ ​တော်တဲ့ PD ​တွေ စာ​ရေးဆရာ​တွေနဲ့ အတူအလုပ်လုပ်ခွင့်ရတဲ့ ၁ နှစ်နဲ့ ၄ လတာအတွင်း အရမ်း​ပျော်ရွှင်ပြီး ​ကျေးဇူးတင်ခဲ့ရပါတယ်။ MinNaHyun ရဲ့ လိုက်ဖက်ညီမှုကို နှစ်ခြိုက်ပြီး အား​ပေးခဲ့ကြတဲ့ ကြည့်ရှုသူ​တွေကိုလည်း ​အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်​တော် အမိုက်စား ​ဖျော်​ဖြေမှုတစ်ခုနဲ့ ပြန်လာခဲ့ပါမယ်” လို့ ​ပြောကြားခဲ့ပါတယ်။

ထို့​နောက် Naeun က​ “Inkigayo မှာ MC လုပ်ရင်း ဖြတ်သန်းခဲ့ရတဲ့ ၁ နှစ်နဲ့ ၄ လအတွင်းမှာ အများကြီးသင်ယူခဲ့ရပြီး အ​တွေ့အကြုံ​တွေ ရခဲ့ပါတယ်။ ဒါ​တွေဟာ ‘Inkigayo’ က ဝန်ထမ်း​တွေ​ကြောင့်လို့ ထင်ပါတယ်။ . MinNaHyun ဟာ ချစ်ခြင်း​မေတ္တာ​တွေ များစွာရရှိခဲ့ပါတယ်။ ​

ကောင်းစွာဦး​​ဆောင်ပေးကြတဲ့ Minhyuk နဲ့ Jaehyun ကိုလည်း အရမ်းအရမ်း ​ကျေးဇူးတင်ပါတယ်။ ပြီး​တော့ ကျွန်မတို့ကို အား​ပေးကြတဲ့ ကျွန်မတို့ရဲ့ ပရိသတ် Fineapple ​လေး​တွေကိုလည်း ​ကျေးဇူးတင်ပါတယ်။ ဆက်လက်ကြိုးစားသွားပါမယ်။ ​ကျေးဇူးအများကြီးတင်ပါတယ်” လို့ ​ပြောခဲ့ပါတယ်။

Minhyuk က​တော့ “ကျွန်​တော် ပွဲဦးစထွက်တည်းက အချိန်ကုန်အမြန်ဆုံး ၁ နှစ်နဲ့ ၄ လလို့​တောင် ခံစားရပါတယ်။ အားလုံးထက် ​တော်တဲ့ လုပ်​ဖော်ကိုင်ဖက်​တွေ၊ စီနီယာ ဂျူနီယာ​တွေနဲ့ ဝန်ထမ်း​တွေ​ကြောင့် ​ပျော်ရွှင်စရာအချိန်​ဖြစ်ခဲ့ပါတယ်။ ကျွန်​တော် ဘယ်​တော့မှ ​မေ့မှာမဟုတ်ပါဘူး။

အခုချိန်ထိ ​ကျေးဇူးတင်ပြီး​တော့ ပို​ကောင်းမွန်တဲ့ ပုံစံနဲ့ ပြန်လည်​တွေ့ဆုံနိုင်ဖို့ ​မျှော်လင့်ပညတယ်” ဆိုပြီး မှတ်ချက်ပြုခဲ့ပါတယ်။ နောက်ဆုံးအ​နေနဲ့ Idol ၃​ ယောက်ဟာ “MinNaHyun ကို ချစ်ခ​င်​ပေးကြတဲ့အတွက် ​ကျေးဇူးတင်ပါတယ်။ ‘Inkigayo’ ကို ​ကောင်းမွန်တဲ့ ​ဖျော်​ဖြေမှု​တွေနဲ့ ပြန်လာခဲ့မှာမို့ ​​စောင့်​နေ​ပေးကြပါ” လို့ ​ပြောသွားခဲ့ပါတယ်။

သူတို့ဟာ သူတို့ရဲ့ Twitter account ​တွေက​နေတစ်ဆင့် ပုံအချို့ကိုလည်း ​ဝေမျှခဲ့ပါ​သေးတယ်။ သူတို့ရဲ့ ယခင်က ဓါတ်ပုံ​တွေနဲ့ အသည်းပုံ​ဖော်ထားပြီး အလယ်မှာ “MinNaHyun” “​ကျေးဇူးပါ” “ချစ်တယ်” အစရှိတဲ့ စာ​တွေ​ရေးထားတဲ့ နံရံအ​ရှေ့မှာ ပို့စ်​ပေးကာ ဓါတ်ပုံရိုက်ထားတာကို ​တွေ့ရမှာဖြစ်ပါတယ်။ ​လာမယ့်အပတ်က စပြီး IZ*ONE အဖွဲ့ဝင် An Yu Jin, TREASURE အဖွဲ့ဝင် Jihoon နဲ့ NCT အဖွဲ့ဝင် Sungchan တို့က “Inkigayo” MC ​အသစ်တွေအ​နေနဲ့ ​ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Source : Soompi
Photo : Twitter
Written : ZL

Share