Action ဇာတ်ကားသစ်မှာ အတူတူပါဝင်ရိုက်ကူးဖို့ကမ်းလှမ်းခံထားရတဲ့ နာမည်ကြီးမင်းသားနှစ်ယောက်

ဇာတ်လမ်းတွဲရှည်ကိုကြည့်ရတာ ရိုးအီလာတဲ့အခါမှာတော့ တစ်ပိုင်းတည်းအပြီး ဇာတ်ကားမျိုးကို ရွေးချယ်ကြည့်လေ့ရှိကြပါတယ်။ တောင်ကိုရီးယားရဲ့ ဇာတ်ကားတွေကလည်းအမျိုးအစားပေါင်းစုံလင်သလို ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်တာကြောင့် ကမ္ဘာမှာနာမည်ရလှပါတယ်။

မကြာခင်မှာရိုက်ကူးတော့မဲ့ အက်ရှင်ဇာတ်ကားသစ်မှာတော့ နာမည်ကြီးမင်းသားနှစ်ယောက်ကို ရိုက်ကူးဖို့အတွက် ကမ်းလှမ်းထားတာကြောင့် ပရိသတ်တို့က မျှော်လင့်တကြီးစောင့်နေကြပါတော့တယ်။ February လ 27 ရက်နေ့မှာပဲ Fantagio ကနေ “Ong Seong Wu ဟာ ‘The Seoul Sting’ [လတ်တလောခေါင်းစဥ်] မှာ ပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်းတဲ့ဖိတ်ကြားလွှာကိုရရှိထားပါတယ်။

လောလောဆယ်တော့ ဒီဇာတ်ကားသစ်ရိုက်ကူးဖို့ ဆွေးနွေးနေတုန်းပဲရှိပါသေးတယ်” ဆိုပြီး ထုတ်ပြန်ပေးခဲ့ပါတယ်။ “The Seoul Sting” ဇာတ်ကားကတော့ အက်ရှင်ဇာတ်ကားမျိုးဖြစ်ပြီး 1988 Seoul Olympics ကို နောက်ခံကျောရိုးယူပြီး ရိုက်ကူးသွားမယ်လို့ဆိုပါတယ်။

ဒါရိုက်တာ Moon Hyun Sung ဟာ “As One” နဲ့ “The King’s Case Note” ဇာတ်ကားတွေကိုဖန်တီးထားသူဖြစ်တာကြောင့် ယခုတစ်ခါရိုက်ကူးမဲ့ အက်ရှင်ဇာတ်ကားကလည်း အမိုက်စားဖြစ်နေဦးတော့မှာပါ။ ကျရာဇာတ်ရုပ်တိုင်းပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ Yoo Ah In ကတော့ ဒီဇာတ်ကားမှာပါဝင်ရိုက်ကူးဖို့အတွက် December လကတည်းက အတည်ပြုပေးခဲ့ပါတယ်။

Ong Seong Wu ကတော့ ဇာတ်လမ်းတွေကိုဆက်တိုက်ဆိုသလို ရိုက်ကူးနေပြီး နောက်ထပ် ဂီတဇာတ်ကားအမျိုးအစားဖြစ်တဲ့ “Life Is Beautiful” ဇာတ်ကားကို ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်။ “Jung Family Cattle Ranch” ဇာတ်လမ်းကို ရိုက်ကူးနေဆဲဖြစ်ပြီး တကယ်လို့သာ ကမ်းလှမ်းထားတဲ့ အက်ရှင်ဇာတ်ကားသစ်ကို ရိုက်ကူးဖို့အတွက်လက်ခံခဲ့မယ်ဆိုရင် ပရိသတ်တို့ ဝမ်းသာကျေနပ်နေကြတော့မှာပါ။

မင်းသားနှစ်လက်ပါဝင်တဲ့ဇာတ်ကားတိုင်းက ကြည့်ရကျိုးနပ်သလိုပဲ အခုတစ်ခါမှာလည်း Yoo Ah In နဲ့ Ong Seong Wu သာ အတူတူတွဲပြီးရိုက်ကူးခဲ့ရင်တော့ မကြည့်မဖြစ်ကြည့်ရတော့မဲ့ ဇာတ်ကားစာရင်းထဲမှာ ကျိန်းသေမှတ်ထားရတော့မှာပါပဲ။

Source: Soompi
Photos: Naver
Written: Nay Chi