Billie Eilish သီချင်းကို Cover song သီဆိုခဲ့ပြီး Main Lead နေရာက ပထမဆုံး သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလည်းထွက်ရှိတော့မဲ့ EXO’s Chanyeol

ပြီးခဲ့တဲ့နှစ် နွေတုန်းက Chanyeol ကိုယ်တိုင် “The box” ဆိုတဲ့ movie မှာ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်သွားမယ် လို့ ကြေငြာခဲ့ပါတယ်။ ဒါဟာ Chanyeol ရဲ့ main lead အဖြစ် သရုပ်ဆောင်တဲ့ ပထမဆုံး ဇာတ်ကားဖြစ်ပြီး ယခုလ march လ 1 ရက်နေ့မှာတော့ movie အတွက်ရိုက်ကူးထားတဲ့ promotion clip ပါ ထွက်ရှိခဲ့ပါပြီ။

အာ့တာကတော့ Billie Eilish ရဲ့ Bad Guy သီချင်းကို သူ့ရဲ့ ဩရှရှအသံနဲ့ Cover သီဆိုထားတာဘဲ ဖြစ်ပါတယ်။ “The Box” ကားထဲမှာ Chanyeol ဟာ Ji-soon လို့ခေါ်တဲ့ အဆိုတော် တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ji-soon ဟာ သူ့ခေါင်းမှာ Box တပ်ထားမှ သီချင်းဆိုနိုင်တာဖြစ်ပြီး success ကသာ အရေးကြီးဆုံးလို့ခံယူထားတဲ့ Producer Min soo နဲ့ ဘယ်လိုများတွေ့ဆုံပြီး ဘာတွေဆက်ဖြစ်ကြမလည်းဆိုတာ ကြည့်ရှုစောင့်စားကြရမှာ ဖြစ်ပါတယ်။

“The Box” movie ဟာ ကြည့်ရှုသူတွေကို စိတ်ကျေနပ်မှုအပြည့်ပေးနိုင်မဲ့ ကမ္ဘာ့အဆင့်မှီ ဂီတကို ပြသနိုင်တဲ့ busking ရုပ်ရှင် ဖြစ်ကြောင်းလည်း ညွှန်းထားပါတယ်။ ဇာတ်ကားဟာ ဒီနှစ်နွေဦး (4လပိုင်း-6လပိုင်းကြား) လောက်မှာ ထွက်ရှိမယ်လို့လည်း ကြားသိရပါတယ်။

Chanyeol ဟာ Idol အဆိုတော် တစ်ယောက် ဖြစ်တာမို့ ဒီကားမှာ သူ့ရဲ့ ဂီတအနုပညာအရည်အချင်း​တွေကို ဘယ်လိုအသုံးချပြီး ပါဝင်သရုပ်ဆောင်သွားမလည်းဆိုတာ ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာပါဘဲနော်။

Source: Allkpop
Written: Violet

Share