Subscribers ပေါင်း 6 million ပြည့်သွားပြီ ဖြစ်တဲ့ Kpop Dancing Queen Lisa ရဲ့ YouTube Channel

BLACKPINK အဖွဲ့ရဲ့ အငယ်ဆုံးလေးဖြစ်တဲ့ Lisa ရဲ့ “Liliflim Official” YouTube Channel ကတော့ ယခု 2021 ခုနှစ် March လ 2 ရက်နေ့မှာ subscribers ပေါင်း 6 million တောင် ရှိသွားပြီဘဲ ဖြစ်ပါတယ်။ Upload လုပ်ထားတဲ့ video ကတော့ 10 ခုဘဲရှိပါသေးတယ်။ ဒါပေမဲ့ channel ရဲ့ ကြည့်ရှုသူ total views ကတော့ 214 million တောင် ရှိပါတယ်။

Lisa ဟာ Kpop လောကရဲ့ 3rd Generation Dancing Queen ဖြစ်တဲ့အတွက် ဒီလောက် viewers တွေရနေတာ အံ့ဩစရာတော့မရှိပါဖူး။ သူမရဲ့ dance performance videos တွေထဲက တစ်ခုဆိုရင် 57 million views တောင်ရှိပါတယ်။ Kpop idol ဆိုပေမဲ့ Dance performance video တွေနဲ့တင် ကြည့်ရှုသူ million ချီနေတာဟာ Lisa ရဲ့ လွှမ်းမိုးမှု ပါဝါဘယ်လောက်အားကောင်းနေလဲဆိုတာကို ခန့်မှန်းကြည့်လို့ရပါတယ်။

Lisa ရဲ့ ကိုယ်ပိုင် YouTube Channel ဟာ 2018 November က စတင်ခဲ့တာဖြစ်ပြီး video တခါတင်ဖို့ တခါတလေ လနဲ့ချီကြာပါတယ်။ယခုနောက်ဆုံးတင်ထားတဲ့ “LILI’s FILM [The Movie]” ကတော့ ကြည့်ရှုသူဦးရေတွေ နေ့တိုင်းတိုးနေသလို သူမရဲ့ Dancing skill တွေက ပိုပိုမိုက်လာပြီး အထာကျနေတာကို video ထဲမှာတွေ့နိုင်ပါတယ်။

ဒီနှစ်ထဲမှာ Lisa ရဲ့ Solo Debut လာမယ်လို့ သတင်းတွေလည်းထွက်နေပြီး တကယ်သာဆိုရင်တော့ Blink တွေအတွက် သတင်းကောင်းပါဘဲနော်။ ခုလောလောဆယ်တော့ Lisa လေးရဲ့ “Liliflim Channel” ဟာ subscribers ပေါင်း 6 million ပြည့်သွားတဲ့အတွက် LiLi လေးအတွက် ဂုဏ်ပြုပေးလိုက်ကြရအောင်နော်။

Source: Koreaboo
Written: Violet

Share