နိုင်ငံတကာစံနှုန်းတွေအရ အခန့်ညားဆုံးမျက်နှာပိုင်ရှင်စာရင်းမှာ အကြိမ်ကြိမ်ပါဝင်လာတဲ့ ထိုင်းမင်းသားများ

နှစ်စဥ်နှစ်တိုင်း တကမ္ဘာလုံးက ချောမောခန့်ညားတဲ့နာမည်ကျော်တွေထဲမှာ ထိပ်ဆုံးအယောက် ၁၀၀ စာရင်းကိုထုတ်ပြန်လေ့ရှိတဲ့ TC Candler ကို ပရိသတ်ကြီးကို သိကြမှာပါ။ ထိုင်းနိုင်ငံရဲ့မင်းသားတွေကလည်း အဆိုပါစာရင်းထုတ်ပြန်မှုမှာ အကြိမ်ကြိမ်ပါဝင်ခဲ့ကြပါတယ်။ ထိုသူတွေကတော့…

Bright Vachirawit

အသက် ၂၃ နှစ်အရွယ် Bright Vachirawit ကတော့ TC Candler က ၂၀၂၀ အတွက်ထုတ်ပြန်ပေးခဲ့တဲ့စာရင်းမှာပါဝင်လာခဲ့ပါ။ ‘The 100 Most Handsome Faces of 2020’ အတွက် အယောက် ၁၀၀ ထဲမှာမှ အဆင့် ၆၁ နေရာကို ရပ်တည်ရယူနိုင်ခဲ့ပါတယ်။ Bright ကတော့ “2Gether: The Series” ဇာတ်လမ်းတွဲနဲ့ ကမ္ဘာအနှံ့မှာ နာမည်ကျော်ကြားလာခဲ့သူလည်းဖြစ်ပါတယ်။

Nadech Kugimiya

နာမည်ကြီးထိပ်တန်းမင်းသားတစ်ယောက်ဖြစ်သူ Nadech Kugimiya ကတော့ TC Candler ကထုတ်ပြန်တဲ့စာရင်းမှာ ၃ ကြိမ်တိုင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဇာတ်လမ်းတွဲပေါင်းများစွာနဲ့ ဆုပေါင်းမြောက်မြားစွာသိမ်းပိုက်ထားသူဖြစ်တဲ့အပြင် ၂၀၁၉ ခုနှစ်တုန်းက အဆင့် ၈၆၊ ၂၀၁၈ ခုနှစ်မှာ အဆင့် ၇၇ နဲ့ ၂၀၁၇ ခုနှစ်မှာ အဆင့် ၇၉.စသဖြင့် ခန့်ချောကြီးစာရင်းမှာ နှစ်စဥ်ပါဝင်ခဲ့သူဖြစ်ပါတယ်။

Mario Maurer

ဇာတ်ကား၊ ဇာတ်လမ်းတွဲပေါင်းများစွာရိုက်ကူးထားပြီး နိုင်ငံတကာအထိနာမည်ကျော်တဲ့ Mario Maurer ကလည်း နိုင်ငံတကာဆိုင်ရာ အခန့်ညားဆုံးမျက်နှာပိုင်ရှင်စာရင်းမှာ မပါမဖြစ်ပါနေပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက အဆင့် ၆၀ နဲ့ ၂၀၁၇ မှာ အဆင့် ၅၈.စသဖြင့် နေရာယူသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

Source: ThaiUpdate
Photos: Twitter
Written: Nay Chi

Share