မြန်မာနိုင်ငံသားတွေကို အရိပ်တကြည့်ကြည့်နဲ့အားပေးနေခဲ့ ထိုင်းမင်းသား Tay Tawan

မြန်မာပရိသတ်တွေကြားမှာတော့ ထိုင်း BL ဇာတ်လမ်းတွေဟာ အတော်လေးထိုးဖောက်ဝင်ရောက်နေပြီး လူကြိုက်များလှပါတယ်။ ပရိသတ်တွေ ကြည့်ရှုအားပေးခဲ့တဲ့ Dark Blue Kiss နဲ့ TayNew Meal Date တို့ရဲ့ အဓိကမင်းသားတစ်ယောက်ဖြစ်သူ ထိုင်းမင်းသား Tay Tawan ကတော့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး မြန်မာပြည်သူပြည်သားတွေနဲ့ တစ်သားတည်းရပ်တည်ပေးကာ အားပေးနေခဲ့ပါတယ်။

Februaryလ ၁ရက်နေ့ကစပြီး များစွာပြောင်းလဲခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို ကမ္ဘာအနှံ့က စောင့်ကြည့်အားပေးနေခဲ့ကြပြီး အထူးသဖြင့် မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှအနုပညာရှင်တွေကလည်း မြန်မာ့အရေးကိုအာရုံစိုက်ပြီး အခြေအနေအရပ်ရပ်ကို ကမ္ဘာကသိအောင် ပံ့ပိုးပေးခဲ့ပါတယ်။

မင်းသား Tay ကတော့ Twitter မှာ ၂ ငါးလုံးအရေးတော်ပုံ၊ MilkTea Alliance အစရှိတဲ့နေ့အပြင် မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ post တွေကို Retweet အကြိမ်ကြိမ်လုပ်ပေးခဲ့ပြီး March လ ၇ ရက်နေ့ ညပိုင်းလောက်က ပရိသတ်တစ်ဦးရဲ့ Tweet တစ်ခုကို မြန်မာလို Reply ပြန်ပေးရင်း အားပေးခဲ့ပါ​တော့တယ်။

ထို Tweet မှာတော့ Tay ကို Tag တွဲပြီး “ဒီ Tweet ကိုမြင်မလားဆိုတာမသေချာပေမဲ့ P’ဆီက အားပေးနှစ်သိမ့်မှုလေးရချင်မိတယ်.. အရာအားလုံးအဆင်ပြေသွားမှာပါဆိုပြီး ပြောပေးလို့ရနိုင်မလား?..” စသဖြင့် ရေးသားခဲ့တာပါ။ အဆိုပါ Tweet ကို Tay က “ငါနင့်ကိုအားပေးမယ်💙” လို့ Reply ပြန်ခဲ့ကာ အားပေးခဲ့ပါတော့တယ်။

ကိုယ်ချစ်ရတဲ့အနုပညာရှင်ဆီက အားပေးတဲ့စကားတစ်ခွန်းဟာ ရှေ့ဆက်ဖို့ ဘယ်လောက်တောင်ခွန်အားဖြစ်စေနိုင်မလဲဆိုတာကိုတော့ ပရိသတ်ဖြစ်ဖူးတဲ့လူတိုင်း နားလည်နိုင်ပါလိမ့်မယ်။ Tay ကတော့ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး အမြဲလိုလို အရိပ်တကြည့်ကြည့်နဲ့ အားပေးရင်း ကမ္ဘာကသိအောင် ပရိသတ်တွေနဲ့အတူ Speak Out လုပ်ပေးနေတဲ့ ထိုင်းမင်းသားတွေထဲက တစ်ယောက်ဖြစ်တာမို့လို့ အလွန်ကိုကျေးဇူးတင်မိပါတော့တယ်။

Source: Twitter
Photos: Tay’s Official Twiterr
Written: Nay Chi

Share