မတ်လ ၉ ရက်နေ့မှာ Ilgan Sports သတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ NU’EST အဖွဲ့ဟာ လာမယ့် ဧပြီလမှာ comeback ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အခုတစ်ခေါက် comeback album ဟာ full-length album ဖြစ်ပြီး music video ကိုလည်း ရိုက်ကူးပြီးစီးသွားပြီလို့လည်း ပြောထားပါတယ်။
ထိုသတင်းကို Pledis Entertainment ကလည်း အတည်ပြုပေးခဲ့ပြီး အဖွဲ့ဝင်တွေဟာ comeback အတွက် ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ NU’EST ရဲ့ နောက်ဆုံး comeback ဟာ ၂၀၂၀ ခုနှစ် မေလတုန်းကဖြစ်ပြီး ၈ ခုမြောက် mini album “The Nocturne” နဲ့ comeback ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် အောက်တိုဘာလမှာတော့ “DRIVE” ဆိုတဲ့ Japanese Full Album ထွက်ရှိခဲ့ပါသေးတယ်။ ယခု ကိုရီးယား comeback ကိုတော့ ၁၁ လကြာမှ ပြုလုပ်မှာဖြစ်ပါတယ်။ ဒါဟာလည်း အဖွဲ့ဝင် ARON က ၂၀၂၁ ခုနှစ် အစတည်းက စိတ်ဖိစီးမှုတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကနေ အနားယူထားတာကြောင့် ဒီလောက်ထိ အချိန်ကြာမြင့်သွားတာဖြစ်နိုင်ပါတယ်။
တစ်ဖက်မှာလည်း အဖွဲ့ဝင်တွေဟာ မတ်လ ၁၅ ရက်နေ့မှာ ကျရောက်မယ့် အဖွဲ့ ၉ နှစ်ပြည့် အထိမ်းအမှတ်အတွက် LO/\E တွေနဲ့ အထူး event တစ်ခုကို ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ယခု album ဟာ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ “RE:BIRTH” full album နောက် ထပ်မံထွက်ရှိမယ့် ကိုရီးယား full album လည်းဖြစ်ပါတယ်။album ထွက်ရှိမယ့်နေ့ရက်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source : Soompi
Photo : Pinterest
Written : ZL