Baekhyun တစ်ယောက် သူ့ရဲ့ 3rd Solo Album အတွက် Spoil တာ ပရိသတ်တွေ ခန့်မှန်းနိုင်ခဲ့ရဲ့လား

ဒီလ March လကုန် 30 ရက် 6pm(KST) မှာတော့ Baekhyun ရဲ့ 3 ခုမြောက် Solo mini album ထွက်ရှိမှာဖြစ်ပါတယ်။ EXO အဖွဲ့ရဲ့ MV တွေဟာ သီအိုရီတွေနဲ့ ရှုပ်ထွေးဆန်းကြယ်သလောက် အဖွဲ့ဝင်တွေကလည်း spoiler ပေးတဲ့နေရာမှာ spoiler king တွေဖြစ်ပါတယ်။ SM က တင်းကျပ်ပေမဲ့ Baekhyun ကတော့ ဂရုမစိုက်ဘဲ အမြဲကြို spoiler ပေးတတ်သူပါ။

သူ့ရဲ့ အရင် album တွေတုန်းကလည်း spoiler ကို မျိုးစုံပေးခဲ့သူဖြစ်ပါတယ်။ ဒီတစ်ခေါက်ထွက်ရှိမဲ့ album အတွက်လည်း spoiler ဘယ်လိုတွေပေးခဲ့လည်းဆိုရင် IG မှာ သမင်အရုပ်ကလေး ပုံ တင်ပေးခဲ့ဖူးပါတယ်။ ပရိသတ်တွေကတော့ သူလွယ်နေကျ အိတ်လေးရဲ့ Keychain လေးပုံ လို့ဘဲ ထင်ခဲ့ကြတာပါ။ Album detail မထွက်ခင်ရက်ကလည်း ပုံပေါင်းမြောက်မြားစွာ Update တင်ပေးခဲ့ပါတယ်။

March လ 10 ရက်နေ့မှာတော့ Album ရဲ့ Detail ကို SM က official ထုတ်ပြန်ပေးခဲ့ပါတယ်။ Title track ကတော့ “Bambi” ဖြစ်ပြီး Track list ကတော့ “Privacy”, “Cry for Love”, “Love Scene”, “Amusement Park”, “All I Got”အစရှိတဲ့ သီချင်းတွေပါဝင်ပြီး နာမည်မသိရသေးတဲ့ နောက်ထပ် သီချင်းတပုဒ်နဲ့ဆို အားလုံးပေါင်း ၆ ပုဒ် ပါဝင်သွားမှာဖြစ်ပါတယ်။

Teaser image မှာတော့ Baekhyun ဟာ အမည်းရောင် Leather Jacket ကို ခပ်မိုက်မိုက်ဝတ်ထားပြီး Motorcycle နဲ့ မိုးရေထဲမှာအထာကျကျ pose ပေးနေခဲ့ပါတယ်။ Album ရဲ့ ဒီလို Detail တွေ ထွက်ရှိပြီးတဲ့နောက်မှာ Baekhyun ဟာ Twitter မှာ ပရိသတ်တွေနဲ့ ခုလို reply ပြန်ခဲ့ပါတယ်။

“Bambi ဆိုတာကိုအခုမှသိကြတာလား….သမင်ပုံတင်ခဲ့တုန်းက အားလုံးက‌ မိုက်တယ်ဆိုပြီးပြောခဲ့ကြပေမယ့် spoiler မှန်း မသိခဲ့တာ အရမ်းစိတ်မကောင်းဖြစ်မိတယ်…အခုထိ ငါ့ကိုကောင်းကောင်း မသိကြသေးဖူးဘဲ” Baekhyun တစ်ယောက် ရိုးရိုးလေး spoil ခဲ့ပေမဲ့ ပရိသတ်တွေက နက်နက်နဲနဲစဉ်းစားပြီး Album ကို သီအိုရီထုတ်နေခဲ့လို့ ထင်ပါတယ်။ ခုလို ချစ်ဖို့ကောင်းတဲ့အလွဲတွေ ဖြစ်ကုန်တာပါ။

ဒါ့အပြင် Baekhyun ဟာ ဒီalbum အတွက်လည်းတော်တော်ကျေနပ်နေဟန်တူပါတယ်။ MV နဲ့ ပက်သက်ပြီး ခုလိုတွေလည်း reply ပြန်ခဲ့ပါတယ်။ “MV ကတကယ်ကို Legendaryဖြစ်‌တာမို့ ပြင်ဆင်ထားကြပါ…ဘာပဲဖြစ်ဖြစ် personallyအရ ဒါက ငါ့ဘ၀ရဲ့ MVဖြစ်မယ်လို့ ထင်တယ်”

“ဒီလောက်ထိ ငါသဘောကျဖူးတဲ့ MVမရှိဖူးဖူး…ငါ့ရဲ့အကြံပြုချက်တွေအများကြီးပါ၀င်တဲ့အပြင် Directorကြီးကလဲ သေချာနားထောင်ပေးပြီး Companyကလဲ ကူညီပေးထားတာမို့ ဒီဟာကို စိတ်ချထားလို့ရတယ်” “သီချင်းတွေက ငါ့အတွက်ဖန်တီးထားတဲ့ trackတွေပဲ…ကလေးတို့…တအားမလန့်သွားကြနဲ့အုံး…အသက်30အရွယ် Baekhyun စတင်ပါပြီ”

ပထမ album ရဲ့ “UN village” MV မှာတော့ Baekhyun က Chic Boy ပုံစံ လေးနဲ့ ပရိသတ်တွေရဲ့ အသည်းကိုချွေခဲ့ပြီး ဒုတိယ album ရဲ့ “Candy” MV မှာတော့ ဆယ်ကျော်သက်ကောင်လေး တစ်ယောက်လိုမျိုး လန်းဆန်းတက်ကြွနေခဲ့တာပါ။

ယခုထွက်ရှိမဲ့ album မှာတော့ Baekhyun က ရင့်ကျက်တဲ့ ပုံစံမျိုးတွေ၊ ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်လိုမျိုး အထာကျတဲ့ပုံစံမျိုးတွေ ချပြသွားမယ်လို့ ထင်ပါတယ်။ မင်မင်ကတော့ Baekhyun ရဲ့ ရင့်ကျက်တဲ့ပုံစံကို အရမ်းကြည့်ချင်နေပါပြီ။ ပရိသတ်ကြီးရော Baekhyun ရဲ့ ဘယ်လိုပုံစံမျိုးကို ပိုမြင်ချင်ကြပါသလည်း။

Source: Allkpop
Written: Violet

Share