2020 အတွက် ကမ္ဘာ့ရောင်းအား အကောင်းဆုံး Album များစာရင်းမှာ ပါဝင်ခဲ့တဲ့ BTS နဲ့ BLACKPINK

IFPI (International Federation of the Phonographic Industry) ကတော့ ကမ္ဘာတဝှမ်းမှာရှိတဲ့ Music recording industry ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော် ပါဝင်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ IFPI ဟာ တစ်နှစ်တာအတွက် ဂီတပိုင်းနဲ့ပတ်သတ်တဲ့ ထိပ်တန်းစာရင်းတွေကို ထုတ်ပေးလေ့ရှိပီး လူအများ စိတ်ဝင်တစား စောင့်ကြည့်ရတဲ့ မှတ်တမ်းပဲ ဖြစ်ပါတယ်။

မကြာသေးမီက ၂၀၂၀ အတွက် ကမ္ဘာ့ရောင်းအားအကောင်းဆုံး Digital သီချင်းများစာရင်းကို ထုတ်ပေးခဲ့ပီး ယခုဆိုရင်တော့ ကမ္ဘာ့ရောင်းအားအကောင်းဆုံး Album စာရင်းကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ၂၀၂၀ ရဲ့ ကမ္ဘာ့ရောင်းအားအကောင်းဆုံး Album များစာရင်းမှာ BTS ဟာ “Map of the Soul:7” နဲ့ ဗိုလ်ဆွဲနိုင်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ထွက်ရှိခဲ့တဲ့ BTS ရဲ့ “Map of the Soul : 7” ဟာ ကိုရီးယားနိုင်ငံရဲ့ လက်ရှိအချိန်ထိ ရောင်းအားအကောင်းဆုံး Album ဖြစ်ခဲ့ပီး ကမ္ဘာ့အကြီးဆုံး ဂီတစျေးကွက်ရှိတဲ့ ငါး နိုင်ငံ ဖြစ်တဲ့ US, Japan, UL, Germany နဲ့ France တို့ရဲ့ Music chart တွေရဲ့ ထိပ်တန်းနေရာကိုလည်း သိမ်းပိုင်နိုင်ခဲ့တဲ့ Album တစ်ခုပဲ ဖြစ်ပါတယ်။

နံပါတ် ၂ နေရာမှာ ရှိနေတာလည်း ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ထွက်ရှိခဲ့တဲ့ BTS ရဲ့ “BE (Deluxe Edition)” ဖြစ်ပါယ်။ ဒါ့အပြင် BTS အဖွဲ့ရဲ့ ဂျပန် album ဖြစ်တဲ့ ” Map of the Soul:7 ~ The Journey~” ဟာလည်း နံပါတ် ၈ နေရာမှာ ရှိနေပီး ကမ္ဘာ့ရောင်းအားအကောင်းဆုံး Album 10 ခုမှာ BTS ဟာ သုံးနေရာ ယူထားနိုင်ခဲ့ပါတယ်။

BLACKPINK အဖွဲ့ဟာလည်း ဒီစာရင်းထဲမှာ ပါဝင်ထားနိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ရဲ့ အောက်တိုဘာလ မှာ ထွက်ရှိခဲ့တဲ့ အဖွဲ့ရဲ့ ပထမဆုံး Full album ဖြစ်တဲ့ “The Album” ဟာလည်း ထိပ်တန်းနေရာဖြစ်တဲ့ နံပါတ် (၅) နေရာကို ရယူထားနိုင်ခဲ့ပါတယ်။ IFPI က ထုတ်ပြန်ပေးလိုက်တဲ့ ၂၀၂၀ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံး Album များ စာရင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

  • 1. BTS’s “Map Of The Soul: 7” (4.8 million total global units)

  • 2. BTS’s “BE (Deluxe Edition)” (2.7 million)

  • 3. Kenshi Yonezu’s “Stray Sheep” (2 million)
  • 4. Taylor Swift’s “Folklore” (2.0 million)
  • 5. BLACKPINK’s “The Album” (1.5 million)

  • 6. AC/DC’s “Power Up” (1.4 million)
  • 7. Justin Bieber’s “Changes” (1.2 million)
  • 8. BTS’s “Map Of The Soul: 7 ~ The Journey ~” (1.2 million)

  • 9. Arashi’s “This Is Arashi” (1 million)
  • 10. King Gnu’s “Ceremony” (1 million)

BTS အဖွဲ့အနေနဲ့ကတော့ IFPI မှ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွက် “Global Recording Artist of The Year” လည်း ဖြစ်ခဲ့ပီး၊ ၂၀၂၀ ခုနှစ်ရဲ့ အအောင်မြင်ဆုံး Digital သီချင်းများ စာရင်းမှာလည်း “Dynamite” ဟာ နံပါတ် (၁၀) နေရာမှာ ရှိနေခဲ့ပါတယ်။ Congratulations BTS and BLACKPINK!

Source: Soompi
Photo: IFPI
Written: Gyi Gyi

Share