ပထမဆုံး ပွဲဦးထွက် Solo Album ကို -R- လို့ Rosé ဘာကြောင့် နာမည်ပေးခဲ့ရသလည်းဆိုတော့

Vocal Queen ဖြစ်တဲ့ Rosé လေးရဲ့ ပထမဆုံး solo album ဖြစ်တဲ့ -R- က ယနေ့မှာ ထွက်ရှိလို့လာခဲ့ပါပြီ။ Album Title ဖြစ်တဲ့ -R- ဆိုတာက Rosé ကို ကိုယ်စားပြုတယ်ဆိုတာ အားလုံးလည်း ခန့်မှန်းမိမှာပါ။ Album ရဲ့ name ကို သူမနာမည်နဲ့ဘဲ ရိုးရိုးရှင်းရှင်းပေးထားပေမဲ့ အဓိပ္ပာယ်တွေက အများကြီးရှိနေပါသေးတယ်။

Album name နဲ့ ပက်သက်ပြီး Rosé က ခုလိုတွေ သေချာရှင်းပြခဲ့ပါတယ်။ “Soloist တစ်ယောက်အဖြစ် လုပ်ကိုင်မဲ့ ကျွန်မရဲ့ ပထမဆုံးအနုပညာခြေလှမ်းမှာ Album ရဲ့ နာမည်ကို stage name ဖြစ်တဲ့ Rosé ရဲ့နာမည်အစ -R- ကို အသုံးပြုခဲ့ပါတယ်။ Alphabet “R” ဟာ ကျွန်မကို ကိုယ်စားပြုနေတယ်ဆိုတာထက် ကျွန်မကိုမြင်လိုက်တိုင်း ပရိသတ်တွေက R စကားလုံးကို အရင်ဆုံးတွေးမိတယ် ဆိုတာဘဲ ဖြစ်စေချင်ပါတယ်”

ဒါ့အပြင် Rosé ဟာ ဒီ album နဲ့ ပက်သက်ပြီး ပြင်ဆင်ခဲ့ရတာတွေ Soloist အနေနဲ့ ပွဲဦးထွက်နိုင်ဖို့ ကြိုးစားခဲ့ရတာတွေနဲ့ ပက်သက်ပြီး ပရိသတ်တွေကို သိရှိစေလိုကြောင်းကို ခုလိုပြောပြခဲ့ပါတယ်။ “ဒီ album ကို ပြင်ဆင်နေတဲ့အချိန်တွင်းမှာ ကျွန်မရဲ့ အစစ်အမှန်ကို ကျွန်မမြင်အောင် ကြည့်နိုင်ဖို့ အချိန်တွေ အများကြီးရခဲ့ပါတယ်။ကျွန်မဟာ အနုပညာတေးဂီတကိုဘဲ လေ့လာသင်ယူ ပျော်မွေ့တတ်တဲ့ လူစားလို့ ကျွန်မကိုယ် ကျွန်မ ထင်ပါတယ်။

ကျွန်မရဲ့ solo album ကို ပရိသတ်တွေ အချိန်အကြာကြီး စောင့်စားနေခဲ့ရတာနဲ့ တန်အောင် album ကို အကောင်းဆုံးချပြချင်ခဲ့တယ်။သီချင်းတွေရဲ့ beats သံတွေ ဖန်တီးတဲ့နေရာကအစ အရာအားလုံး ကျွန်မကိုယ်တိုင် ပါဝင်ပြင်ဆင်ခဲ့တယ်။ဒီ album ဟာ ကျွန်မရဲ့ အတွေးအမြင်ခံစားချက်တွေ အကုန်လုံး ထင်ဟပ်နေတာပါ။

ကျွန်မကိုယ်တိုင် ပထမဆုံးရေးစပ်ထားတဲ့ သီချင်းတွေလည်း နားထောင်ရမှာပါ။ Public မှာ Soloist Rosé အနေနဲ့ ပထမဆုံး ကိုယ့်ကိုယ်ကို မိတ်ဆက်ရမှာဆိုတော့ ခု album မှာ ကျွန်မရဲ့အပွင့်အလင်းဆုံးပုံစံမျိုး ပါဝင်တာဘဲ ဖြစ်စေချင်ခဲ့တဲ့အတွက် ခုလိုတွေ ပြင်ဆင်ခဲ့တာပါ”

Rosé ရဲ့ solo album ထွက်ရှိဖို့အရေး ပရိသတ်တွေက အချိန်အကြာကြီးစောင့်ခဲ့ရသလို Rosé ကလည်း သူမချစ်တဲ့ ပရိသတ်တွေအတွက် ခုလိုသေချာပြင်ဆင်ခဲ့ရှာတာနော်။ Album ဟာ ကောင်းကောင်းမွန်မွန်ထွက်ရှိလာတဲ့အပြင် Preorder sale နဲ့တင် ရောင်းအားအကောင်းဆုံး Korean Female Soloist အနေနဲ့ Record တွေ ချိုးနိုင်ခဲ့ပါတယ်။ Rosé အတွက် ဂုဏ်ယူလို့ မဆုံးပါဘဲ။ ရှေ့လျှောက်လည်း အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Koreaboo
Written: Violet

Share