Kpop အဖွဲ့သီချင်းတွေအနက် “Dynamite” သီချင်းရဲ့ နောက်ထပ်ရရှိလိုက်တဲ့ ဂုဏ်ယူစရာစံချိန်သစ်

BTS အဖွဲ့ရဲထွက်လိုက်သမျှသီချင်းတိုင်းကတော့ စံချိန်တွေထိုးရင်း၊ မှတ်တမ်းသစ်တွေတင်ရင်း Kpop လောကကို ဦးဆောင်နေပါတော့တယ်။ “Dynamite” သီချင်းဆိုရင်လည်း စတင်ထွက်ရှိတဲ့အချိန်ကစပြီး စံချိန်ပေါင်းများစွာ မှတ်တမ်းတင်ရင်း ကမ္ဘာအနှံ့ကဂီတကိုချစ်မြတ်နိုးသူတွေရဲ့ ချီးကျူးဂုဏ်ပြုခြင်းတွေကိုပါ ရရှိထားတာပါ။

အခုဆိုရင်တော့ Kpop အဖွဲ့တွေရဲ့ သီချင်းပေါင်းများစွာထဲမှာ “Dynamite” သီချင်းဟာ နောက်ထပ်ဂုဏ်ယူစရာမှတ်တမ်းသစ်ကို ရေးထိုးခဲ့ပြန်ပါပြီ။ March လ 10 ရက်နေ့မှာတော့ “Dynamite” သီချင်းဟာ YouTube မှာ ဝင်ရောက်နားဆင်သူ 900 million ကျော်သွားပြီဖြစ်ကြောင်း KST ဖက်ကနေထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။

၂၀၂၀ August 21 ရက်မှာ ထွက်ရှိခဲ့တဲ့သီချင်းဖြစ်ပြီး ၆ လ၊ ၁၆ ရက် နဲ့ ၂၁ နာရီကြာပြီးတဲ့နောက် အခုလိုမှတ်တမ်းသစ်ကိုရေးထိုးနိုင်ခဲ့တာပါ။ ဒီစံချိန်သစ်ကတော့ Kpop အဖွဲ့တွေကြားမှာ ဂုဏ်ယူစရာစံချိန်ဖြစ်ပြီး အချိန်တိုအတွင်း ကြည့်ရှုသူ 900 Million ရရှိခဲ့တဲ့ အမြန်ဆုံး Music Viedo အဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတော့တယ်။

ယခင်ကမှတ်တမ်းဝင်သီချင်းကတော့ ၁နှစ်၊ ၁လ နဲ့ ၁၅ရက်အတွင်း အဆိုပါကြည့်ရှုသူအရေအတွက်ရရှိခဲ့တဲ့ BLACKPINK ရဲ့ “DDU-DU DDU-DU” သီချင်းဖြစ်ပြီး လက်ရှိမှာတော့ Dynamite ဟာ ယခုလို ဂုဏ်ပုဒ်သစ်ကို ပြောင်းလဲရယူခဲ့ပါတော့တယ်။ BTS အဖွဲ့အတွက်တော့ ကြည့်ရှုသူ 900 Million ရရှိတာဟာ “Dynamite” သီချင်းအပါအဝင် ၃ပုဒ်ရှိပြီဖြစ်ပြီး “Boy With Luv” နဲ့ “DNA” တို့ကလည်း အစောပိုင်းစံချိန်တင်သီချင်းတွေဖြစ်ပါတယ်။

အောင်မြင်မှုတွေဆက်တိုက်သိမ်းပိုက်နေတဲ့ BTS အဖွဲ့ကတော့ 2021 Grammy Awards မှာပါ ဖျော်ဖြေတင်ဆက်မဲ့အကြောင်းကြေညာထားသလို လောလောလတ်လတ် ဂုဏ်ပုဒ်သစ်ရရှိထားတဲ့ “Dynamite” သီချင်းကလည်း Best Pop Duo/Group Performance ဆိုတဲ့ခေါင်းစဥ်နဲ့ စကာတင်စာရင်းဝင်ထားတာဖြစ်ပါတယ်။ ကြိုးစားသူတွေအတွက် အောင်မြင်မှုဆိုတာရရှိနေစမြဲဖြစ်လို့ BTS အဖွဲ့ရော၊ ARMY တို့ပါ နေ့ရက်တိုင်းအောင်မြင်မှုတွေ သိမ်းပိုက်နိုင်ပါစေ။

Source: Soompi
Photos: Naver×Dispatch
Written: Nay Chi

Share