K netizen တွေရော Rosé ဖေဖေ ကပါ ဆုတောင်းပေးခဲ့တဲ့ မြန်မာပြည်က Protester (Rosé Fan Boy) လေး

မြန်မာပြည်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေ တနေ့တနေ့ အသက်ပေး ဆုံးရှုံးနေရတာ များလာတာဟာ မဖြစ်သင့်တဲ့အရာပါ။ ကြားရတဲ့သူအပေါင်း မျက်ရည်လည်စရာဖြစ်ရပ်တွေက ဒုနဲ့ဒေးပါဘဲ။ March လ 11 ရက်နေ့က အသက်ပေးဆုံးရှုံးခဲ့ရတဲ့ အသက် ၁၉ နှစ်ဘဲ ရှိသေးတဲ့ ဘူမိဗေဒကျောင်းသားလေး မောင်လင်းထက်ရဲ့ အဖြစ်ကတော့ Korea ပြည်သူပြည်သားတွေ အထူးသဖြင့် Kpopper တွေ အရှိုက်ထိ ဝမ်းနည်းခဲ့ရပါတယ်။

မောင်လင်းထက်လေးဟာ နာမည်ကြီး BLACKPINK အဖွဲ့ရဲ့ Rosé Fan Boy လေး ဖြစ်ပါတယ်။ Rosé ဟာ ဆိုရင် ပရိသတ်တွေ နှစ်နှစ်ကျော်ကြာအောင် စောင့်ခဲ့ရတဲ့ သူမရဲ့ Solo Debut ကို March လ 12 ရက်နေ့မှာ ပြုလုမှာဖြစ်ပါတယ်။ ဒါပေမဲ့ 11 ရက်နေ့က ဆန္ဒပြရင်း အသက်ဆုံးရှုံးသွားတဲ့ မောင်လင်းထက်လေးကတော့ သူ့ရဲ့ Idol သီချင်းတောင် နားထောင်ခွင့် မရရှိလိုက်ရှာပါဖူး။

ဒီထက် ပိုကြေကွဲစရာကောင်းတာကတော့ မောင်လင်းထက်လေးဟာ Rosé ရဲ့ Solo Album ကို Pre Order ပါ တင်ပြီး အရမ်းစောင့်မျှော်နေခဲ့တဲ့သူ ဖြစ်ပါတယ်။ မြန်မာပြည်က Kpopper ​တွေကတော့ ဒီအဖြစ်တွေကို Korea ကပါ သိအောင် အပြိုင်အဆိုင် Twitter မှာ Tweet ပေးခဲ့ပါတယ်။

K netizen တွေကလည်း သိရှိသွားခဲ့ကြပြီး ကောင်လေးအတွက် သနားလွန်းလို့ စုပ်တသပ်သပ်ဖြစ်ခဲ့ကြပါတယ်။ မောင်လင်းထက်လေးအတွက် ဆုတောင်းစာတွေ cmt တွေကို အားလုံးက ခုလိုတင်ပေးခဲ့ပါတယ်။ “သူက Rosé Solo Debut ကို အရမ်းစောင့်မျှော်နေခဲ့ရှာတာဘဲ” 

“သူ ကောင်းမွန်တဲ့နေရာကိုရောက်သွားပြီး ပျော်ရွှင်နေပါစေလို့ ငါဆုတောင်းပေးပါတယ်” “ဟာ.. Rosé solo debut မထွက်ခင်ရက်က ဒီဖြစ်ရပ်ကြောင့် ငါ ငိုနေမိပြီ” “ဒါက အရမ်း အရမ်းဝမ်းနည်းဖို့ကောင်းပြီး ကြေကွဲစရာကောင်းတယ်” “ဒီလိုကြားရတာစိတ်မကောင်းပါဖူး .. Rest In Peace ပါ ကောင်လေးရေ”

“Oh no… ဒီဖြစ်ရပ်ဟာ ဘယ်လောက်ကြေကွဲစရာကောင်းသလည်းဆိုတာ ဖော်ပြနိုင်ဖို့ စကားတောင်မရှိတော့ဖူး” “တစ်စုံတစ်ယောက်က ကောင်လေးရဲ့ Funeral မှာ Rosé သီချင်းဖွင့်ပေးထားတဲ့ ဓာတ်ပုံလေးက 💔” “တောင်ကိုးရီးယားက ပြည်သူတွေက မြန်မာပြည်က ဆန္ဒပြတဲ့သူတွေအတွက် ထောက်ခံအားပေးနေပါတယ် T-T”

မြန်မာပြည်က Fan site ဖြစ်တဲ့ Rosé Myanmar က လည်း Rosé Pa Pa နဲ့ အရင်တည်းက အဆက်အသွယ်ရှိဖူးတဲ့ အတွက် ဒီကြေကွဲဖွယ်ရာ Fan Boy လေးအကြောင်းကို DM က နေတဆင့် ပေးပို့ခဲ့ပါတယ်။ Rosé ဖေဖေကလည်း သိရှိသွားခဲ့ပြီး ခုလို ပြန်စာ ပို့ပေးခဲ့ပါတယ်။ “ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ 😭 အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်”

ခုလို Rosé ဖေဖေပါ သိရှိဆုတောင်းပေးခဲ့တဲ့ အတွက် Rosé တစ်ယောက်လည်း သေချာပေါက်သိရှိသွားမယ်လို့ ထင်ပါတယ်။ မောင်လေး လင်းထက် တစ်ယောက်လည်း ကောင်းမွန်တဲ့ဘုံဘဝကနေ ဒီသတင်းတွေ သိရှိသွားပြီး ပျော်ရွှင်နေမယ်လို့ Asia Cele Bar Team ကတော့ ယုံကြည်ပါတယ်။ နိုင်ငံအတွက် ကောင်းတာလုပ်ရင်း အသက်ပေးသွားသူမို့ နောင်ဘဝမှာ မောင်လေးအကောင်းဆုံးတွေနဲ့သာ ခံစားစံစားရပါစေ မောင်လေးရေ…

Source: Allkpop, Rosé Myanmar (မေးပေးခဲ့တဲ့ Rosé Myanmar ကို အပြည့်အဝ credit ပေးရင် ကျေးဇူးတင်ပါတယ် 🙏🏻)
Written: Violet

Share