၃၅ ကြိမ်​မြောက် Japan Golden Disc Award မှာ ဆုများစွာကို သိမ်းပိုက်ခဲ့ကြတဲ့ KPop အဖွဲ့များ

မတ်လ ၁၅ ရက်​နေ့မှာ Recording Industry Association of Japan (RIAJ) က​​နေ ၃၅ ကြိမ်​မြောက် ဂျပန် Gold Disc Awards ရဲ့ ဆုရရှိသူ​များကို ထုတ်​ဖော်​ကြေငြာခဲ့ပြီး KPop အဆို​တော်အဖွဲ့များက ဆု​တော်​တော်များများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

BTS အဖွဲ့က​တော့ ဒီနှစ်မှာ ဆု ၈ ခုကို သိမ်းပိုက်ပြီး စံချိန်တင်ခဲ့ပါတယ်။ ဒါတင်မက​သေးပဲ Best Asian Artist ဆုကိုလည်း ယခုနှစ်နဲ့ဆို ၃ နှစ်ဆက်တိုက် ရရှိတာဖြစ်ပါတယ်။ ထို့အပြင် သူတို့ရဲ့ ဂျပန် album ဖြစ်တဲ့ “Map of the Soul: 7 ~The Journey~” album နဲ့ Best Album of the Year (Asia) နဲ့ Best Music Video of the Year (Asia) တို့လို ဆုကြီး​တွေကိုလည်း ထိုက်တန်စွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယခုနှစ်ရဲ့ Best 3 Albums (Asia) ဆု ၃ ခုကို​​တော့ SEVENTEEN အဖွဲ့က “24H” album, BTS အဖွဲ့က “Map of the Soul: 7” album နဲ့ “Map of the Soul: 7 ~The Journey~” album တို့နဲ့ ရရှိခဲ့ပါတယ်။ BTS အဖွဲ့ရဲ့ “Dynamite” သီချင်းကလည်း Best Song of the Year by Download (Asia), Best Song of the Year by Streaming (Asia) ​တို့အပြင် Best 5 Songs by Streaming ဆု စသဖြင့် ဆု ၃ ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာ တရားဝင် ပွဲဦးထွက်ခဲ့တဲ့ TXT အဖွဲ့က​တော့ ယခုနှစ်မှာ ဆု ၂ ဆု ရရှိခဲ့ပါတယ်။ TXT အဖွဲ့ဟာ Best New Artist of the Year (Asia) ဆုအပြင် Best 3 New Artists ဆုကို သူတို့လိုပဲ မနှစ်က ဂျပန်မှာ ပွဲဦးထွက်ခဲ့တဲ့ Stray Kids အဖွဲ့နဲ့အတူ ဆွတ်ခူးရရှိခဲ့ပါတယ်။

Source : Soompi
Photo : japan golden disc website
Written : ZL

Share