“On The Ground” သီချင်းနဲ့ ပထမဆုံးအကြိမ် music show win ခဲ့ပြီဖြစ်တဲ့ Rosé

မတ်လ ၂၄ ရက်​နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ MBC ရုပ်သံလိုင်းရဲ့ “Show Champion” အပိုင်းမှာ Im Young Woong, Brave Girls, PENTAGON, WOODZ (Cho Seung Youn), VERIVERY, WEi, DRIPPIN, Soyeon, Young Ji, BDC, GHOST9, PURPLE KISS, Ciipher, MIRAE, G-reyish နဲ့ Jung Yujin စတဲ့ idol အဖွဲ့​တွေနဲ့ အဆို​တော်​များစွာက ​ဖျော်​ဖြေတင်ဆက်ခဲ့ကြပါတယ်။

ထိုအဆို​တော်​တွေရဲ့ သီချင်း​တွေထဲကမှ Rosé ရဲ့ “On The Ground,” Super Junior အဖွဲ့ရဲ့ “House Party,” Brave Girls အဖွဲ့ရဲ့ “Rollin,” Tarot အဆို​တော် Im Young Woong ရဲ့ “My Starry Love,” နဲ့ PENTAGON အဖွဲ့ရဲ့ “DO or NOT” သီချင်း​​တွေက ပထမဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့ကြပြီး Rosé က သူမရဲ့ ပထမဆုံး solo သီချင်း “On The Ground” နဲ့ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Rosé ဟာ ဒီအပတ် “Show Champion” မှာ ပါဝင်​ဖျော်​ဖြေခြင်းမရှိခဲ့တာ​ကြောင့် ပရိသတ်​တွေဟာ Rosé ကိုယ်တိုင်ဆုယူတာကို မမြင်ခဲ့ရသလို encore stage ကိုလည်း မမြင်ခဲ့ရတဲ့အတွက် နှ​မြောတသဖြစ်ခဲ့ကြပါတယ်။

Rosé ဟာ ‘R’ album နဲ့ ပထမအပတ်အတွင်း ​ရောင်းအားအ​ကောင်းဆုံး K-Pop အမျိုးသမီး solo artist အဖြစ် စံချိန်ချိုးနိုင်ခဲ့လို “On The Ground” သီချင်းထွက်ရှိပြီး​နောက် နိုင်ငံ ၅၀ ​ကျော်က iTunes Chart ​​တွေရဲ့ ထိပ်ဆုံး​နေရာကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထို့အပြင် Billboard Global 200 chart နဲ့ Billboard Gloab Excl. U.S chart ​တွေမှာလည်း ပထမ​နေရာကို ရရှိခဲ့ပါတယ်။

Source : Soompi
Photo : Twitter
Written : ZL

Share