အက်ရှင်ဇာတ်ကားအသစ်မှာ အတူတွဲပြီး မြင်​တွေ့ရမယ့် မင်းသား Kim Rae Won, Lee Jong Suk နဲ့ Cha Eun Woo

မင်းသား Kim Rae Won, Lee Jong Suk နဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo တို့ဟာ “Decibel” ဆိုတဲ့ အက်ရှင်ဇာတ်ကားအသစ်မှာ ပါဝင်သရုပ်​ဆောင်ဖို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဧပြီလ ၂၀ ရက်​နေ့မှာ စတင်ရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ကားဟာ လွန်ခဲ့တဲ့တစ်နှစ်က ​ရေငုပ်​​သ ​​ေင်္ဘာတစ်စီးမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ အလားတူပုံစံ မြို့တစ်မြို့မှာ ဖြစ်​ပေါ်​နေတဲ့ အသံနဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ရပ်တန့်ဖို့ အပြင်းအထန် ကြိုးစားကြတဲ့ လူတစ်စုအ​ကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

မင်းသား Kim Rae Won က မြို့လယ်​ခေါင်မှာ တပ်ဆင်ထားတဲ့ အသံဗုံးကို ​ဖောက်ခွဲပြီး တိုက်ခိုက်မယ့် လုပ်ရပ်ကို တားဆီးရမယ့် ရေတပ်က အရာရှိအဖြစ် သရုပ်​ဆောင်သွားမှာ ဖြစ်ပါတယ်။ မင်းသား Kim Rae Won ဟာ “Prison” နဲ့ “The Most Ordinary Love” တို့လို ဇာတ်ကား​တွေအပြင် မကြာ​သေးခင်က ပြီးသွားတဲ့ “L.U.C.A.: The Beginning” drama တို့မှာ ပါဝင်သရုပ်​ဆောင်ပြီး သူ့ရဲ့ သရုပ်​ဆောင်စွမ်းရည်ကို နယ်ပယ်ဖြန့်ကျက်ထားပါတယ်။

မင်းသား Lee Jong Suk ကို​တော့ သူ့ရဲ့ ​ရေတပ်အ​ပေါ်မှာ သစ္စာအလွန်ရှိတဲ့ ​ရေတပ်က တပ်ကြပ်ကြီးအဖြစ် မြင်​တွေ့ရမှာပါ။ Lee Jong Suk ဟာ မကြာ​သေးမီကမှ စစ်မှုထမ်းတာဝန် ပြီးဆုံးခဲ့တာဖြစ်ပြီး “The Witch” ဆိုတဲ့ ဇာတ်ကားမှာလည်း အထူးဧည့်သည်အ​နေနဲ့ ပါဝင်သရုပ်​ဆောင်ဖို့ ပြင်ဆင်​နေပါတယ်။ စစ်မှုထမ်းတာဝန်အပြီး ပထမဆုံးအ​နေနဲ့ သရုပ်​ဆောင်မယ့် drama အတွက်လည်း ​​ဆွေး​နွေးညိှနှိုင်း​နေဆဲလို့ သိရပါတယ်။

ASTRO အဖွဲ့ဝင် Cha Eun Woo က​​တော့ ဒီရုပ်ရှင်ကားကြီးမှာ ​ရေ​အောက်မှာရှိတဲ့ အရာဝတ္ထု​တွေရဲ့ တည်​နေရာနဲ့ အကွာအ​ဝေးကို ခန့်မှန်းကြည့်ရှု​ပေးရတဲ့ ငယ်ရွယ်​သော်လည်း ခံယူချက်ပြင်းထန်တဲ့ ​ရေတပ်သားအဖြစ် ပါဝင်သရုပ်​ဆောင်သွားမှာ ဖြစ်ပါတယ်။ Cha Eun Woo ဟာ “My ID Is Gangnam Beauty,” “Rookie Historian Goo Hae Ryung” နဲ့ “True Beauty” စတဲ့ ဇာတ်လမ်းတွဲ​တွေနဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သရုပ်​ဆောင်​လောကထဲ အ​ခြေကျလာသူဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို “Spellbound” နဲ့ “Monster” ဇာတ်ကား​တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Hwang In Ho က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ​​ရေတပ်က အရာရှိ​တွေ၊ ​ဓါတု​ဖောက်ခွဲ​ရေးပစ္စည်း​တွေနဲ့ ထိ​တွေ့လုပ်ကိုင်​နေရတဲ့သူ​တွေနဲ့ ​ရေတပ်သား​တွေရဲ့ အ​ကြောင်းကိုပါ ထည့်သွင်း​ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Source : Soompi
Photo : Pinterest
Written : ZL

Share